Connect with us

China

တရုတ်နိုင်ငံခရီးစဉ်များအတွက် ရုရှားနိုင်ငံသားများ၏ ကြိုတင်စာရင်းပေးမှု စက်တင်ဘာ၌ ၃.၅ ဆ မြင့်တက်

တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း ကျီလျင်ပြည်နယ် ဟွန်ချွမ်းမြို့ရှိ စတိုးဆိုင်တစ်ဆိုင်၌ ဈေးဝယ်နေသည့် ရုရှားခရီးသွားဧည့်သည်များကို ၂၀၂၅ ခုနှစ် စက်တင်ဘာ ၂၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

မော်စကို၊ အောက်တိုဘာ ၄ ရက် (ဆင်ဟွာ)
ရုရှားနိုင်ငံသားများအတွက် ဗီဇာကင်းလွတ်ခွင့်မူဝါဒကို စတင်ကျင့်သုံးပြီးနောက် စက်တင်ဘာလတွင် တရုတ်နိုင်ငံသို့ သွားရောက်လည်ပတ်ရန်အတွက် ရုရှားနိုင်ငံသားများ၏ ကြိုတင်စာရင်းပေးမှုအရေအတွက်သည် ယမန်နှစ် ကာလတူထက် ၃.၅ ဆ တိုးလာကြောင်း ရုရှားမီဒီယာများက အောက်တိုဘာ ၃ ရက်၌ ဖော်ပြခဲ့သည်။
ရုရှားနိုင်ငံ၏ အွန်လိုင်း ခရီးသွားဝန်ဆောင်မှု Travelata ကို ကိုးကား၍ ရုရှားနိုင်ငံပိုင်သတင်းအေဂျင်စီ RIA Novosti က တရုတ်နိုင်ငံတောင်ပိုင်း အပူပိုင်းကျွန်းပြည်နယ် ဟိုင်နန်မှာ ရုရှားခရီးသွားဧည့်သည်များအတွက် ထိပ်တန်းနေရာအဖြစ် ဆက်လက်တည်ရှိနေပြီး လွန်ခဲ့သည့်လ၌ တရုတ်နိုင်ငံသို့ခရီးများအတွက် ကြိုတင်စာရင်းပေးမှုအားလုံး၏ ၈၈ ရာခိုင်နှုန်းရှိကြောင်း၊ ယင်းအရေအတွက်မှာ ၂၀၂၄ ခုနှစ် စက်တင်ဘာလတွင် ၉၈ ရာခိုင်နှုန်းမှ ကျဆင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ဟိုင်နန်ကျွန်းခရီးစဉ်များအတွက် ပျမ်းမျှအသုံးစရိတ်မှာလည်း ၂၀၂၅ ခုနှစ် စက်တင်ဘာလတွင် ၂၀၉,၀၀၀ ရူဘယ် (အမေရိကန်ဒေါ်လာ ၂,၅၃၂ ခန့်) ရှိခဲ့ပြီး ယမန်နှစ် ကာလတူ ၂၃၇,၀၀၀ ရူဘယ် (အမေရိကန်ဒေါ်လာ ၂,၈၇၁ ခန့်) မှ ကျဆင်းသွားခဲ့သည်။
ထိုစဉ် ပေကျင်း သို့မဟုတ် ရှန်ဟိုင်းသို့ ခရီးစဉ်များအတွက် ဝယ်လိုအားမှာမူ သိသိသာသာ မြင့်တက်လာခဲ့သည်။ စက်တင်ဘာလ၌ ယင်းမြို့တစ်မြို့စီက အဆိုပါကြိုတင်စာရင်းပေးမှုအားလုံး၏ ၅ ရာခိုင်နှုန်းကို ရှိခဲ့ပြီး အခြားတရုတ်ခရီးစဉ်များက ၂ ရာခိုင်နှုန်းဖြစ်သည်။ ယမန်နှစ် အလားတူကာလက ပေကျင်းသို့ ကြိုတင်စာရင်းပေးမှုမှာမူ ၂ ရာခိုင်နှုန်းသာ ရှိခဲ့သည်။
ဇိမ်ခံနေရာထိုင်ခင်းများက တရုတ်နိုင်ငံသို့ ရုရှားခရီးသွားဧည့်သည်များအကြားတွင် ရေပန်းအစားဆုံး ရွေးချယ်မှုအဖြစ် ဆက်လက်တည်ရှိနေပြီး ကြယ်ငါးပွင့်အဆင့်ရှိ ဟိုတယ်များမှာ ကြိုတင်စာရင်းပေးမှု ၅၀ ရာခိုင်နှုန်းနှင့် ကြယ်လေးပွင့်ဟိုတယ်များက ၄၄ ရာခိုင်နှုန်းအထိ ရှိလာခဲ့သည်။
Travelata ၏ စျေးကွက်ရှာဖွေရေးအရာရှိချုပ် Oleg Kozyrev ၏ ပြောကြားချက်အရ ဗီဇာကင်းလွတ်ခွင့် စမ်းသပ်မူဝါဒသစ်သည် ရုရှားခရီးသွားဧည့်သည်များ၏ နှစ်သက်မှုများကို သိသိသာသာ ပြောင်းလဲစေခဲ့ကြောင်း သိရသည်။
“တရုတ်နိုင်ငံက ဧည့်သည်တွေကို အပိုစစ်ဆေးမှုတွေမလုပ်ဘဲ လက်ခံတော့မယ်လို့ ကြေညာလိုက်တာနဲ့ ခရီးသည်တွေက ခရီးစဉ်တွေကို အားတက်သရော ကြိုတင်စာရင်းပေးကြပါတော့တယ်။ တော်တော်များများက နိုဝင်ဘာလအားလပ်ရက်တွေကို တရုတ်နိုင်ငံမှာ ကုန်ဆုံးဖို့ စီစဉ်ထားကြပါပြီ။ အခုဆို တရုတ်နိုင်ငံက လူကြိုက်များရေပန်းစားမှုမှာ ရုရှားအပန်းဖြေစခန်းတွေကို ကျော်သွားပါပြီ” ဟု Kozyrev က ပြောကြားခဲ့သည်။
တရုတ်နိုင်ငံသည် သာမန်နိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားသော ရုရှားနိုင်ငံသားများအတွက် ရက်ပေါင်း ၃၀ ဗီဇာကင်းလွတ်ခွင့်မူဝါဒကို တစ်နှစ်စမ်းသပ်ကာလအဖြစ် စက်တင်ဘာ ၂ ရက်၌ ကြေညာခဲ့ပြီး ယင်းမူဝါဒမှာ စက်တင်ဘာ ၁၅ ရက်၌ စတင်အသက်ဝင်ခဲ့ကြောင်း သိရသည်။ (Xinhua)
…………………
(English Version)
Russian bookings for China tours surge 3.5 times in September
MOSCOW, Oct. 3 (Xinhua) — The number of Russian bookings for tours to China grew 3.5 times year-on-year in September following the introduction of a visa-free regime for Russian citizens, Russian media reported on Friday.
Quoted by RIA Novosti, Russia’s online travel service Travelata said south China’s tropical island province of Hainan remains the top destination for Russian tourists, accounting for 88 percent of all bookings to China last month, although its share fell from 98 percent in September 2024. Average spending on Hainan trips in September 2025 was 209,000 rubles (about 2,532 U.S. dollars), down from 237,000 rubles (about 2,871 U.S. dollars) a year earlier.
At the same time, demand for trips to Beijing or Shanghai has grown notably. Each city captured 5 percent of bookings in September, while other Chinese destinations accounted for 2 percent. A year earlier, only 2 percent of bookings went to Beijing.
Luxury accommodations remain the most popular option among Russian travelers to China, with five-star hotels making up 50 percent of bookings, followed by four-star hotels at 44 percent.
According to Travelata’s Chief Marketing Officer Oleg Kozyrev, the new visa-free trial policy has significantly reshaped Russian tourists’ preferences.
“As soon as China announced it would admit visitors without additional checks, tourists began actively booking trips. Many are already planning to spend the November holidays in China. This destination has now overtaken Russian resorts in popularity,” Kozyrev said.
China announced on Sept. 2 a one-year trial of a 30-day visa-free policy for Russian nationals holding ordinary passports, which took effect on Sept. 15. ■
English Caption
Russian tourists make purchases at a store in Hunchun, northeast China’s Jilin Province, Sept. 29, 2025. (Xinhua/Xu Chang)