Connect with us

International Organizations

၂၀၂၅ ခုနှစ် ရှီးအန်းဂရင်းပရီ ကမ္ဘာ့စနူကာပြိုင်ပွဲတွင် ကျောက်ရှင်းထုန်နှင့် ဂျက်ဒ်ထရမ့် ဒုတိယအဆင့်သို့ တက်ရောက်

ဗြိတိန်နိုင်ငံ၊ ရှက်ဖီးလ်မြို့၌ ကျင်းပခဲ့သည့် ၂၀၂၅ ခုနှစ် ကမ္ဘာ့စနူကာချန်ပီယံရှစ်ပြိုင်ပွဲ၌ ဝေးလ်စနူကာကစားသမား မာ့ခ်ဝီလီယံနှင့် တရုတ်နိုင်ငံမှ ကျောက်ရှင်းထုန်တို့၏ ဗိုလ်လုပွဲအပြီး ဆုပေးပွဲအခမ်းအနားတွင် ဆုဖလားနှင့်အတူ အောင်ပွဲခံနေသော ကျောက်ရှင်းထုန်အား ၂၀၂၅ ခုနှစ် မေ ၅ ရက်က တွေ့ရစဥ် (ဆင်ဟွာ)
ရှီးအန်း၊ အောက်တိုဘာ ၈ ရက် (ဆင်ဟွာ)
အောက်တိုဘာ ၇ ရက်က ကျင်းပခဲ့သော ၂၀၂၅ ခုနှစ် ရှီးအန်းဂရင်းပရီ ကမ္ဘာ့စနူကာပြိုင်ပွဲ၏ ပထမအဆင့် လက်ရည်စစ်ပွဲစဉ်တွင် ကမ္ဘာ့ချန်ပီယံ တရုတ်စနူကာကစားသမား ကျောက်ရှင်းထုန်က တစ်နိုင်ငံတည်းသား ဝမ်ရှင့်ပေါ် ကို ၅-၂ ပွဲဖြင့်အနိုင်ရပြီး တာထွက်ကောင်းမွန်ခဲ့ကြောင်း သိရသည်။ကျောက်က ပထမပွဲငယ်ကိုအလွယ်တကူအနိုင်ရပြီး Wang အား လက်ဦးမှုရယူနိုင်ခဲ့သည်။ ဒုတိယပွဲငယ်တွင် ဝမ် က တဖန်ပြန်လည် အနိုင်ရခဲ့ခြင်းကြောင့် ၁-၁ သရေဖြစ်သွားသေးသော်လည်း အားလပ်ချိန်မပေးမီ ကျောက်က ပွဲငယ် နှစ်ပွဲဆက်အနိုင်ရခဲ့သဖြင့် ၃-၁ ပွဲဖြင့် ဦးဆောင်နိုင်ခဲ့သည်။

အနားပေးချိန်ပြီးနောက် ပြန်လည်ကစားခဲ့ရာတွင် ဝမ် က ပွဲငယ်တစ်ပွဲ ထပ်မံအနိုင်ရခဲ့သော်လည်း ကျောက်က ခြောက်ပွဲမြောက်နှင့် ခုနစ်ပွဲမြောက် ပွဲငယ်များကို ဆက်တိုက်အနိုင်ရခဲ့ခြင်းကြောင့် အသက် ၁၇ နှစ်အရွယ်သာရှိသေးသော ဝမ် မှာ ပြိုင်ပွဲမှ ရှုံးနိမ့်ထွက်ခွာသွားခဲ့ရသည်။
ပွဲအပြီးတွင် ကျောက်ရှင်းထုန်က “ဒီရက်တွေမှာ ကျွန်တော် နေထိုင်မကောင်းဖြစ်လို့ ဆေးတွေသောက်ခဲ့ ရပါသေးတယ်။ ခက်ခဲတဲ့ပွဲတစ်ပွဲဖြစ်ပြီး နောက်တစ်ဆင့်တက်နိုင်ဖို့အတွက် ၂၀၀ ရာခိုင်နှုန်းလောက် အကောင်းဆုံး ကြိုးစားအားထုတ်ခဲ့ရပါတယ်” ဟု ဆင်ဟွာသို့ ပြောကြားခဲ့သည်။
“ကျွန်တော့်အနေနဲ့ ရှီးအန်းမှာကျင်းပတဲ့ပြိုင်ပွဲကြီးမှာ ပထမဆုံးအကြိမ်ဝင်ပြိုင်ဖူးတာပါ။ ပရိသတ်တွေ ကလည်း စိတ်အားထက်သန်မှုအပြည့်နဲ့ အားပေးခဲ့ကြပါတယ်။ လာမယ့်ရက်အနည်းငယ်အတွင်း သူတို့အတွက် ကောင်းမွန်တဲ့စွမ်းဆောင်မှုတွေကို ကျွန်တော် ယူဆောင်လာပေးမှာပါ” ဟု ကျောက်က ဆက်လက်ပြောကြားခဲ့သည်။
အင်္ဂလန်စနူကာကစားသမား ဂျက်ဒ်ထရမ့်ကလည်း ၎င်း၏ ဆုကြေးစားကစားသမားဘ၀တစ်လျှောက် ကိုးကြိမ်မြောက် Maximum Break (တစ်ကျူတည်းထိုးခြင်းဖြင့် ရနိုင်သော အများဆုံးရမှတ် ၁၄၇ မှတ်) ရယူနိုင်ခဲ့သည့်ပွဲတွင် တရုတ်နိုင်ငံ၊ ဟောင်ကောင်ကိုယ်စားပြု စနူကာကစားသမား Ng Onyee ကို ၅-၂ ပွဲဖြင့်အနိုင်ရကာ ဒုတိယအဆင့်သို့တက်ရောက်နိုင်ခဲ့သည်။
အားလပ်ချိန်မပေးမီ ၃-၁ ပွဲဖြင့် ဦးဆောင်နိုင်ခဲ့သော ထရမ့်မှာ ပဉ္စမမြောက်ပွဲငယ်တွင် ၎င်း၏ သမိုင်းဝင် အခိုက်အတန့်ကို ရယူပိုင်ဆိုင်နိုင်ခဲ့ခြင်းဖြစ်ပြီး ပရိသတ်များကိုလည်း ရုတ်ရုတ်သဲသဲဖြစ်သွားစေခဲ့သည်။ ခြောက်ပွဲမြောက် ပွဲငယ်တွင် Ng Onyee က ပြန်လည်အနိုင်ရခဲ့သော်လည်း ခုနှစ်ပွဲမြောက်ပွဲငယ်တွင် ၉၉-၅ မှတ်ဖြင့် အနိုင်ရခဲ့ခြင်းဖြင့် ဗြိတိန် စနူကာအကျော်အမော် ထရမ့်အတွက် ဒုတိယအဆင့်သို့ တက်ရောက်ရန် လုံလောက်မှုရှိသွားစေခဲ့သည်။ ” ဒီပွဲက ခက်ခဲတဲ့ပွဲတစ်ပွဲဖြစ်ခဲ့ပါတယ်။ ပထမပွဲငယ်မှာ ဆိုရင် သူမရဲ့ကစားပုံက အရမ်းကောင်းခဲ့ပါတယ်။ ပြီးတော့မှပဲ ကျွန်တော် တကယ့်ကို အကောင်းဆုံး ကစားနိုင်ခဲ့တာပါ” ဟု ထရမ့်က ပြောကြားခဲ့သည်။
“မကြာသေးခင်ကမှ စနူကာကစားသမားတိုင်းလိုလို ၁၄၇ မှတ်ထိုးနိုင်မှုအမြောက်အမြား လုပ်နိုင်ခဲ့ ကြတာပါ။ ပရိသတ်တွေရဲ့ရှေ့မှောက်မှာ ဒီလို အမှတ်အများဆုံးတစ်ကြိမ်ထိုးနိုင်တိုင်း ခံစားရမှုက အရမ်းအရသာရှိသလို တကယ့်ကို ထူးရှယ်စွမ်းဆောင်မှုပါပဲ” ဟုလည်း ကမ္ဘာ့အဆင့် ၁ စနူကာ ကစားသမားထရမ့်က မှတ်ချက်ချပြောကြားခဲ့သည်။
အိုင်ယာလန်စနူကာကစားသမား အလန်ဟေးလ်ကလည်း အိမ်ရှင်စနူကာကစားသမား ဟွမ်ကျားဟောက် ကို ၅-၂ ပွဲဖြင့် အနိုင်ရခဲ့သည့်ပွဲစဉ်၏ ဒုတိယမြောက်ပွဲငယ်တွင် အမှတ်အများဆုံး ၁၄၇ မှတ်ထိုးနိုင်ခဲ့ပြီး နောက်တစ်ဆင့်တက်ရောက်နိုင်ခဲ့သည်။
အောက်တိုဘာ ၇ ရက်ပွဲစဉ်များအပြီးတွင် လက်ရှိချန်ပီယံ ကိုင်ရင်ဝီလ်ဆင် အပါအဝင် တင်းကျွင့်ဟွေး နှင့် ရွန်နီအိုဆူလီဗန်တို့ကလည်း ပထမအဆင့်ပွဲစဉ်များတွင် နိုင်ပွဲကိုယ်စီရခဲ့ကြသလို တရုတ်စနူကာ ကစားသမားနှစ်ဦးဖြစ်သည့် ဟဲ့ကော်ချန်နှင့် လွီဟောက်ထျန်း မှာမူ တတိယအဆင့် (၃၂ ဦးအဆင့်) သို့ တက်ရောက်သွားပြီဖြစ်သည်။ ရှီးအန်းဂရင်းပရီ ကမ္ဘာ့စနူကာပြိုင်ပွဲမှာ အောက်တိုဘာ ၁၃ ရက်တွင် ကျင်းပပြီးစီးမည်ဖြစ်သည်။ (Xinhua)
—————————-
(English Version)
Zhao Xintong, Judd Trump advance at 2025 World Snooker Xi’an Grand Prix
XI’AN, China, Oct. 7 (Xinhua) — Newly-crowned world champion Zhao Xintong of China got his 2025 World Snooker Xi’an Grand Prix campaign off to a good start as he saw off Wang Xinbo 5-2 on Tuesday.
When facing Wang, Zhao bagged an easy win in the first frame. Although Wang Xinbo drew level in the second frame, Zhao took a 3-1 lead after bagging two frames consecutively before heading into the intermission.
Although Wang pulled another frame back, Zhao held his nerve to win the sixth and seventh frames, seeing the 17-year-old Wang eliminated from the tournament.
“I was sick and I am taking pills in these days. It is a tough game, I have to try my 200% best to qualify for the next round,” Zhao told Xinhua after the game.
“It is my first time to play the big event in Xi’an. The audience is very enthusiastic, I will bring them good performances in the next few days.” Zhao added.
Judd Trump, who notched the ninth perfect 147 in his professional career, beat Ng Onyee of Hong Kong, China 5-2 and secured his place in the second round.
Trump took a 3-1 lead before the intermission. In the fifth frame, his milestone moment sent the attendance into frenzy. Although Ng pulled one back in the sixth frame, a 99-5 win was enough for the British legend to qualify for the second round.
“It was a tough game, she had a very good first frame. After that, I had played quite well,” said Trump.
“Everybody else has made a lot of 147 recently. It’s always very nice to make one very special in front of the fans.” The World No.1 noted.
When facing the host player Huang Jiahao, Allen Hill fired 147 in the second frame, securing his position in the next round after pocketing a 5-2 win.
After Tuesday’s games, defending champion Kyren Wilson, Ding Junhui and Ronnie O’Sullivan won in the first round, while Chinese players He Guoqiang and Lyu Haotian secured the positions in the third round, making into last 32.
The event will conclude on October 13. ■
Photo:
Zhao Xintong celebrates with the trophy during the awarding ceremony after the final between Zhao Xintong of China and Mark Williams of Wales at World Snooker Championship 2025 in Sheffield, Britain, May 5, 2025. (Photo by Zhai Zheng/Xinhua)
Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.