Connect with us

North America

ချီကာဂိုမြို့တော်ဝန်နှင့် အီလီနွိုက်ပြည်နယ် အုပ်ချုပ်ရေးမှူးတို့ ထောင်ထဲဝင်သင့်သည်ဟု ထရမ့် ပို့စ်တင်

အမေရိကန်နိုင်ငံ မြို့တော်ဝါရှင်တန်တွင် အမေရိကန် သမ္မတ ထရမ့်က သတင်းထောက်များ မေးမြန်းမှုအား ဖြေကြားနေသည်ကို ၂၀၂၅ ခုနှစ် အောက်တိုဘာ ၅ ရက် တွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ အောက်တိုဘာ ၉ ရက် (ဆင်ဟွာ)
အမေရိကန် ဖက်ဒရယ်အစိုးရက အီလီနွိုက်ပြည်နယ် ချီကာဂိုမြို့သို့ အမျိုးသားအစောင့်တပ် စေလွှတ်တော့မည့်အချိန်တွင် အမေရိကန် သမ္မတ ထရမ့်က အောက်တိုဘာ ၈ ရက်တွင် လူမှုမီဒီယာ၌ ပို့စ်တင်၍ ဒီမိုကရက်တစ်ပါတီဝင် ချီကာဂို မြို့တော်ဝန် Brandon Johnson နှင့် အီလီနွိုက်ပြည်နယ် အုပ်ချုပ်ရေးမှူး JB Pritzker တို့ကို ထောင်ထဲထည့်ထားသင့်သည်ဟု ပြောကြားခဲ့သည်။
“ချီကာဂိုမြို့တော်ဝန်က အမေရိကန် လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန် တရားဥပဒေစိုးမိုးရေးဌာန (ICE) အရာရှိများကို ကာကွယ်ပေးနိုင်ခြင်းမရှိတာကြောင့် ထောင်ထဲထည့်ထားသင့်တယ်။ အီလီနွိုက်ပြည်နယ် အုပ်ချုပ်ရေးမှူးရောပဲ” ဟု ထရမ့်က အောက်တိုဘာ ၈ ရက် အစောပိုင်းတွင် လူမှုမီဒီယာ၌ ပို့စ်တင်ခဲ့သည်။
ထရမ့်အစိုးရသည် အီလီနွိုက်ပြည်နယ်သို့ အမျိုးသားအစောင့်တပ် စေလွှတ်ခဲ့ပြီးဖြစ်ရာ ပထမဆုံးအသုတ်အဖြစ် တက္ကဆက်ပြည်နယ် အမျိုးသားအစောင့်တပ် အဖွဲ့ဝင် ၂၀၀ ဦးသည် အောက်တိုဘာ ၇ ရက်တွင် ချီကာဂိုဒေသသို့ ရောက်ရှိခဲ့ကြောင်း အမေရိကန်မီဒီယာများက ထိုနေ့တွင် သတင်းဖော်ပြခဲ့သည်။
အီလီနွိုက်ပြည်နယ်နှင့် ချီကာဂိုမြို့သည် ထရမ့်အစိုးရက ချီကာဂိုမြို့သို့ အမျိုးသားအစောင့်တပ် ဖြန့်ကြက်နေရာချထားခြင်းကို တားဆီးရန်အလို့ငှာ အောက်တိုဘာ ၆ ရက်တွင် ထရမ့်အစိုးရက တရားစွဲဆိုခဲ့သည်။
Brandon Johnson က ချီကာဂိုမြို့၌ အမျိုးသားအစောင့်တပ်အဖွဲ့ဝင်များ ဖြန့်ကြက်နေရာချထားခြင်းသည် “တရားဥပဒေချိုးဖောက်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေချိုးဖောက်ကာ အန္တရာယ်များတဲ့အပြင် မှားယွင်းတယ်” ဟု အောက်တိုဘာ ၇ ရက်တွင် ထပ်မံအလေးထားပြောကြားခဲ့သည်။ JB Pritzker ကမူ လူမှုမီဒီယာ၌ ပို့စ်အားပြန်ရှဲ၍ ချီကာဂိုမြို့သည် ၉ နှစ်ဆက်တိုက် “အမေရိကန်နိုင်ငံတစ်ဝန်း အကောင်းဆုံးမြို့” ဖြစ်လာခဲ့ပြီးဖြစ်ကြောင်း ပြောကြားခဲ့သည်။
ချီကာဂိုမြို့သည် အီလီနွိုက်ပြည်နယ်၏ အကြီးဆုံးမြို့ဖြစ်သလို အမေရိကန်၏ တတိယအကြီးဆုံးမြို့လည်းဖြစ်သည်။ ထရမ့်သည် စက်တင်ဘာ လဆန်းပိုင်းတွင် ချီကာဂိုမြို့အား အမည်တပ်၍ ၎င်းသည် ကမ္ဘာပေါ်တွင် “အဆိုးရွားဆုံး၊ အန္တရာယ်အများဆုံး” မြို့ဖြစ်သည်ဟု ဆိုကာ ၎င်းအနေဖြင့် “ပြစ်မှုကျူးလွန်မှုအား တိုက်ဖျက်ရန်” အဆိုပါမြို့သို့ အမျိုးသားအစောင့်တပ် ဖြန့်ကြက်နေရာချထားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)

——————–
(Chinese Version)
特朗普发帖:芝加哥市长和伊利诺伊州州长都该入狱
新华社华盛顿10月8日电 在美国联邦政府向伊利诺伊州芝加哥市派出国民警卫队之际,美国总统特朗普8日在社交媒体上称,民主党籍的芝加哥市长约翰逊和伊利诺伊州州长普里茨克都应被投入监狱。
特朗普8日一早在社交媒体上发帖:“芝加哥市长因未能保护美国移民与海关执法局官员应被投入监狱!州长普里茨克也是!”
据美国媒体7日报道,特朗普政府已向伊利诺伊州派出国民警卫队,首批200名得克萨斯州国民警卫队员当天抵达芝加哥地区。
伊利诺伊州和芝加哥市已于6日对特朗普政府提起诉讼,试图阻止其向芝加哥市部署国民警卫队。约翰逊7日重申,向芝加哥部署国民警卫队员“违法、违宪、危险且错误”。普里茨克则在社交媒体上转帖称,芝加哥已连续9年蝉联“全美最佳大城市”。
芝加哥是伊利诺伊州最大城市,也是美国第三大城市。特朗普9月初点名批评芝加哥,称其为世界上“最糟糕、最危险”的城市,并说他将向该市部署国民警卫队“打击犯罪”。(完)
图说:10月5日,在美国首都华盛顿,美国总统特朗普回答记者提问。新华社记者 胡友松 摄