Connect with us

North America

စပိန်အား NATO အဖွဲ့မှ “ထုတ်ပယ်” ရန် ထရမ့် အဆိုပြု

အမေရိကန်နိုင်ငံ ဝါရှင်တန်မြို့ရှိ အိမ်ဖြူတော်၌ အမေရိကန် သမ္မတ ထရမ့်က ဖင်လန် သမ္မတ Alexander Stubb အား ကြိုဆိုနေသည်ကို ၂၀၂၅ ခုနှစ် အောက်တိုဘာ ၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ အောက်တိုဘာ ၁၀ ရက် (ဆင်ဟွာ)
စပိန်နိုင်ငံက ကာကွယ်ရေးအသုံးစရိတ်အား ပမာဏအများအပြားတိုးမြှင့်ရန် ငြင်းပယ်မှုကြောင့် စပိန်အား NATO အဖွဲ့မှ “ထုတ်ပယ်” ရန် စဉ်းစားသင့်သည်ဟု အမေရိကန် သမ္မတ ထရမ့်က အောက်တိုဘာ ၉ ရက်တွင် ပြောကြားခဲ့သည်။ အမေရိကန်၏ဖိအားပေးမှုကြောင့် NATO အဖွဲ့သည် အဖွဲ့ဝင်နိုင်ငံများ၏ နှစ်စဉ် ကာကွယ်ရေးအသုံးစရိတ် အချိုးအဆကို လက်ရှိ စုစုပေါင်း ပြည်တွင်းထုတ်လုပ်မှုတန်ဖိုး (GDP) ၏ ၂ ရာခိုင်နှုန်းမှ ၅ ရာခိုင်နှုန်းထိ မြှင့်တင်ရန် ကတိပြုခဲ့သည်။
စပိန်အနေဖြင့် “ဒီလိုမလုပ်စရာ အကြောင်းမရှိဘူး” ၊ ၎င်းအား “NATO အဖွဲ့က ထုတ်ပယ်” သင့်ကြောင်း ထရမ့်သည် အိမ်ဖြူတော်၌ ခရီးစဉ်လာရောက်သည့် ဖင်လန် သမ္မတ Alexander Stubb အား တွေ့ဆုံစဉ် ပြောကြားခဲ့သည်။ ၎င်းအနေဖြင့် ဥရောပအကြီးအကဲများက စပိန်ကို ဖိအားပေးရန်လည်း တောင်းဆိုခဲ့ပြီး “သူတို့ကို ဖုန်းဆက်ပြီး မေးလိုက်ပါ။ ဘာဖြစ်လို့ အမြဲတမ်း နောက်ကျအောင်လုပ်နေလဲလို့ မေးလိုက်ပါ” ဟု ပြောကြားခဲ့သည်။
ယခုနှစ် ဇွန်လ၌ ကျင်းပသည့် NATO အဖွဲ့ ထိပ်သီးအစည်းအဝေးတွင် NATO အဖွဲ့ဝင်နိုင်ငံများက ၂၀၃၅ ခုနှစ်မတိုင်မီ ကာကွယ်ရေးအသုံးစရိတ်၏ အချိုးအဆအား မိမိနိုင်ငံ GDP ၏ ၅ ရာခိုင်နှုန်းအထိ တဖြည်းဖြည်း မြှင့်တင်သွားရန် ကတိပြုခဲ့ကြသည်။ စပိန်နိုင်ငံ ဝန်ကြီးချုပ် Pedro Sánchez က ထိပ်သီးအစည်းအဝေး ကြေညာချက်၌ လက်မှတ်ရေးထိုးခဲ့သော်လည်း မိမိနိုင်ငံ၏ ကာကွယ်ရေး အသုံးစရိတ်အား လက်ရှိအဆင့်အတန်း GDP ၏ ၂.၁ ရာခိုင်နှုန်း၌ ဆက်လက်ထိန်းသိမ်းထားမည်ဟု အခိုင်အမာ ပြောဆိုခဲ့သည်။
ယင်းအပေါ် ကုန်သွယ်ရေး ဆွေးနွေးညှိနှိုင်းမှုအတွင်း စပိန်က ကာကွယ်ရေးအသုံးစရိတ်ကို တစ်ဆင့်တိုးမြှင့်တင်ရန် ငြင်းပယ်မှုအတွက် ပေးဆပ်စေရမည်ဟု ထရမ့်က ခြိမ်းခြောက်ခဲ့ဖူးသည်။ စပိန်စစ်တပ်အနေဖြင့် အမေရိကန်မှ F-35 ကိုယ်ပျောက် ဂျက်တိုက်လေယာဉ်ဝယ်ယူမည့် အစီအစဉ်အား “လုံးဝရပ်ဆိုင်းထား” ပြီးဖြစ်သည်ဟု စပိန်မီဒီယာများက ဩဂုတ်လတွင် သတင်းဖော်ပြခဲ့သည်။
ထရမ့်အစိုးရအနေဖြင့် NATO အဖွဲ့ အခြားသောအဖွဲ့ဝင်နိုင်ငံများကို ကာကွယ်ရေးအသုံးစရိတ် အချိုးအဆအား GDP ၏ ၅ ရာခိုင်နှုန်းအထိ တိုးမြှင့်ရန် အစဉ်တစိုက် တောင်းဆိုခဲ့ပြီး ဥရောပက ကာကွယ်ရေးအရေးကိစ္စတွင် “အမေရိကန်နှင့် ကပ်လိုက်၍” မရစေရဟု ဆိုခဲ့ရာ ယင်းကြောင့် မိတ်ဖက်များက ပြင်းပြင်းထန်ထန် မကျေနပ်မှုများ ဖြစ်ခဲ့သည်။
သို့သော် NATO အချက်အလက်များအရ အမေရိကန်၏ ၂၀၂၄ ခုနှစ် ကာကွယ်ရေးအသုံးစရိတ် အချိုးအဆသည် GDP ၏ ၃.၄ ရာခိုင်နှုန်းဖြစ်ကြောင်း သိရသည်။ ထရမ့်က အမေရိကန်အနေဖြင့် ၅ ရာခိုင်နှုန်း ရည်မှန်းချက်ကို လိုက်နာရန် မလိုအပ်ကြောင်း ဆိုခဲ့သော်လည်း တစ်ချိန်တည်းတွင် အခြားမိတ်ဖက်နိုင်ငံများအနေဖြင့် တာဝန်ကို မဖြစ်မနေ ထမ်းဆောင်ရန် တောင်းဆိုခဲ့သည်။ (Xinhua)

——————-
(Chinese Version)
特朗普提议将西班牙“踢出”北约
新华社华盛顿10月9日电(记者颜亮)美国总统特朗普9日称,由于西班牙拒绝大幅增加军费,应考虑将西班牙“踢出”北约。此前,在美国压力下,北约承诺将成员国年度国防支出在国内生产总值(GDP)中的占比从目前的2%提高至5%。
特朗普在白宫会见到访的芬兰总统斯图布时说,西班牙“没有任何理由不这么做”,或许应该将其“踢出北约”。他还要求欧洲领导人向西班牙施压,“打电话问问他们为什么总是拖后腿”。
在今年6月的北约峰会上,成员国承诺在2035年前逐渐将本国年度国防支出在GDP中的占比提高至5%。西班牙首相桑切斯虽然在峰会宣言上签了字,但仍坚持将本国国防支出维持在当前水平,即占GDP的2.1%。
对此,特朗普曾威胁说,要在贸易谈判中让西班牙为拒绝进一步提升军费支出而付出代价。据西班牙媒体8月报道,西班牙军方已“彻底搁置”从美国购买F-35隐形战斗机的计划。
特朗普政府一直要求北约其他成员国将国防支出在GDP中的占比提高至5%,声称不能让欧洲在防务问题上“搭美国的车”,这引发诸多盟友强烈不满。但北约数据显示,美国2024年军费支出占比为3.4%。特朗普声称,美国无须遵守5%的目标,但同时要求其他盟国必须履行义务。(完)
图说:10月9日,在美国首都华盛顿白宫,美国总统特朗普(中左)欢迎到访的芬兰总统斯图布。新华社记者 胡友松 摄