Connect with us

Latin America

ကမ္ဘာ့ အမျိုးသမီးထိပ်သီးအစည်းအဝေးတွင် တရုတ်နိုင်ငံ အတွေ့အကြုံများ လေ့လာသင်ယူရန် မျှော်လင့်ကြောင်း ဒိုမီနီကာ သမ္မတ Sylvanie Burton ဆို

ဒိုမီနီကာနိုင်ငံ မြို့တော် Roseau ၌ ဆင်ဟွာသတင်းဌာန၏ သီးသန့်မေးမြန်းမှုကို လက်ခံဖြေကြားနေသော ဒိုမီနီကာ သမ္မတ Sylvanie Burton အား အောက်တိုဘာ ၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

Roseau ၊ အောက်တိုဘာ ၁၁ ရက် (ဆင်ဟွာ)
“အမျိုးသမီးများ လုပ်ငန်းကဏ္ဍအတွက် သမ္မတ ရှီကျင့်ဖိန်ရဲ့ အမြဲ ထုတ်ဖော်ပြောဆိုပေးမှု၊ အမျိုးသမီးများ စွမ်းဆောင်ခွင့်မြှင့်တင်ရေးနဲ့ ကမ္ဘာလုံးဆိုင်ရာ အမျိုးသမီးများကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးမှာ အလေးထားလုပ်ဆောင်မှုကို ကျွန်မ ကျေးဇူးတင်လိုပါတယ်။ ‘ပေကျင်းကြေညာချက်’ နဲ့ ‘လှုပ်ရှားမှုအစီအစဉ်’ ထုတ်ပြန်တဲ့ နှစ် ၃၀ ပြည့် အခါသမယမှာ ဒီထိပ်သီးအစည်းအဝေး ကျင်းပတာက ကျွန်မတို့ကို အမျိုးသမီးများ လုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းစဉ်ကို ပြန်လည်သုံးသပ်နိုင်စေခဲ့ပါတယ်” ဟု ဒိုမီနီကာ သမ္မတ Sylvanie Burton က မကြာသေးမီရက်တွင် ဒိုမီနီကာနိုင်ငံ မြို့တော် Roseau ၌ ဆင်ဟွာသတင်းဌာန၏ သီးသန့်မေးမြန်းမှုကို လက်ခံဖြေကြားရာတွင် ပြောကြားခဲ့သည်။
Burton သည် ၂၀၂၃ ခုနှစ်တွင် ဒိုမီနီကာ သမ္မတအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ယင်းနိုင်ငံသမိုင်းတွင် ပထမဆုံး အမျိုးသမီး သမ္မတ ဖြစ်သည်။ တရုတ်နိုင်ငံသို့ သွားရောက်၍ ကမ္ဘာ့အမျိုးသမီးထိပ်သီးအစည်းအဝေး တက်ရောက်မည့် Burton က ၎င်းအနေဖြင့် ထိုထိပ်သီးအစည်းအဝေး တက်ရောက်ရန် အလွန်ပင် မျှော်လင့်ပြီး အစည်းအဝေး တက်ရောက်လာသော ဘက်အသီးသီးနှင့် ကမ္ဘာလုံးဆိုင်ရာ အမျိုးသမီးများကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအား မည်သို့ တစ်ဆင့်တိုးမြှင့်တင်မည်ကို ဆွေးနွေးနိုင်ရုံသာမက တစ်ချိန်တည်းမှာပင် ထိုထိပ်သီးအစည်းအဝေးမှတစ်ဆင့် အမျိုးသမီးများ၏ အဆင့်အတန်းနှင့် ၎င်းတို့၏ လူနေမှုအဆင့်အတန်းကို မြှင့်တင်ရာတွင် တရုတ်နိုင်ငံ၏ လက်တွေ့ကျသော အတွေ့အကြုံများကို လေ့လာနိုင်မည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။
၁၉၉၅ ခုနှစ် ပေကျင်း ကမ္ဘာ့အမျိုးသမီးညီလာခံတွင် အတည်ပြုခဲ့သော “ပေကျင်းကြေညာချက်” နှင့် “လှုပ်ရှားမှုအစီအစဉ်” သည် ကျား၊ မတန်းတူညီမျှရေးနှင့် အမျိုးသမီးများ၏ စွမ်းဆောင်ခွင့်မြှင့်တင်ရေး ကဏ္ဍတ္ငင် နိုင်ငံတကာအသိုင်းအဝိုင်း၏ အပြုသဘောဆောင်သော လုပ်ဆောင်ချက်ကို အခိုင်အမာ မြှင့်တင်ခဲ့ကြောင်း၊ ထိုအချိန်မှစ၍ ဒိုမီနီကာ အစိုးရက ဘတ်ဂျက်ခွဲဝေမှုတိုင်းတွင် အမျိုးသမီးများအား မည်ကဲ့သို့ စွမ်းဆောင်မြှင့်တင်ပေးမည် သို့မဟုတ် ကျား၊ မ တန်းတူညီမျှမှုကို မြှင့်တင်ပေးမည်ကို ရှင်းရှင်းလင်းလင်း ဖော်ပြရန် လိုအပ်လာကြောင်း Burton က ယူဆသည်။
“ယခုအကြိမ် ကမ္ဘာ့ အမျိုးသမီးထိပ်သီးအစည်းအဝေးက ကျွန်မတို့ကို ယခင်အောင်မြင်မှုရလဒ်တွေကို ပြန်လည်သုံးသပ်နိုင်စေပြီး အနာဂတ် ဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်းကို စဉ်းစားတွေးခေါ်နိုင်စေတယ်” ဟု Burton က ပြောကြားခဲ့သည်။ “အမျိုးသမီးများ စွမ်းဆောင်ခွင့်မြှင့်တင်ပေးခြင်းဆိုတာ မိသားစုများကို စွမ်းဆောင်ခွင့်ပေးခြင်း၊ ကလေးများကို စွမ်းဆောင်ခွင့်ပေးခြင်း၊ လူငယ်မျိုးဆက်များကို စွမ်းဆောင်ခွင့်ပေးခြင်း ဖြစ်တယ်။ ဒါကြောင့် သမ္မတ ရှီကျင့်ဖိန်က ဒီလုပ်ငန်းကို ဆက်လက်မြှင့်တင်နေခြင်းဟာ အရေးပါတဲ့ အနက်အဓိပ္ပာယ်ရှိတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။
ကာလရှည်ကြာစွာ တရုတ်နိုင်ငံသည် လူမှုရေးအရင်းအမြစ်များဖြင့် အမျိုးသမီးများအပေါ် အကျိုးဖြစ်ထွန်းစေရန် ပံ့ပိုးထောက်ခံကာ အာမခံပေးခဲ့ပြီး ၎င်းတို့က ကိုယ်ပိုင်ဖွံ့ဖြိုးတိုးတက်မှု၊ လူနေမှုအဆင့်အတန်း မြှင့်တင်မှုနှင့် စွန့်ဦးတီထွင်မှုစွမ်းရည်များ အားကောင်းစေမှုတို့ ဖော်ဆောင်ရာတွင် ကူညီပေးခဲ့ရာ အမျိုးသမီးများက ပညာရေး စသည့် ကဏ္ဍများတွင် လက်တွေ့ကျကျ အာမခံချက်များ ရရှိခဲ့ကြောင်း Burton က ပြောကြားခဲ့သည်။
“ကဏ္ဍနယ်ပယ် အများအပြားမှာ တရုတ်နိုင်ငံက ကြွယ်ဝတဲ့ အတွေ့အကြုံတွေကို စုဆောင်းထားခြင်းက ကျွန်မတို့အတွက် အမျိုးသမီးတွေကို ဘယ်လို စွမ်းဆောင်ရည်မြှင့်တင်ပေးမလဲ၊ လူနေမှုအဆင့်အတန်း ဘယ်လို ကောင်းမွန်လာအောင်လုပ်မလဲ ဆိုတာကို ပြသပေးနိုင်ပါတယ်။ ဒါက အမျိုးသမီးများအတွက် အလုပ်အကိုင် အခွင့်အလမ်းတွေ ဖန်တီးပေးမှုမှာ ထင်ထပ်နေရုံသာမက အမျိုးသမီးများ နိုင်ငံတကာ စင်မြင့်ပေါ်သို့ တက်လှမ်းပြီး အလွှာအဆင့်အသီးသီးမှာ ပါဝင် ဖလှယ်ခြင်းနဲ့ လုပ်ကိုင်ဆောင်ရွက်ခြင်းတို့မှာလည်း ပို၍ထင်ဟပ်နေပါတယ်” ဟု Burton က ဆိုကာ “တရုတ်နိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်မှုကတစ်ဆင့် ကျွန်မတို့အနေနဲ့ ဘယ်လိုတိုးတက်မှုမျိုး ရရှိနိုင်မယ်ဆိုတာ သိရှိနားလည်ဖို့ မျှော်လင့်ပါတယ်” ဟု ပြောကြားခဲ့သည်။
၂၀၀၄ ခုနှစ် နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး ထူထောင်ချိန်မှစ၍ ဒိုမီနီကာ-တရုတ် ဆက်ဆံရေးသည် ရေရှည်တည်ငြိမ်၍ အပြန်အလှန်အကျိုးဖြစ်ထွန်းအောင် ဘုံအကျိုးစီးပွား ဖော်ဆောင်နိုင်ခဲ့ကြောင်း၊ ဒိုမီနီကာနိုင်ငံသည် တရုတ်တစ်နိုင်ငံတည်း မူဝါဒကို အခိုင်အမာ ထောက်ခံကြောင်း၊ “ကျွန်မတို့ အပြန်အလှန် လေးစားမှုရှိတယ်၊ ကျွန်မတို့က အလွန့် အလွန် ရင်းနှီးတဲ့ မိတ်ဆွေတွေပါ၊ ဆက်ဆံရေး အလွန် ရင်းနှီးမှုရှိတယ်” ဟု Burton က ထောက်ပြခဲ့သည်။
ဒိုမီနီကာ၌ တရုတ်ဖော်ဆောင်သော ကူညီပံ့ပိုးရေးစီမံကိန်းများသည် ပြည်သူများ၏ လူနေမှုဘဝကို ကောင်းမွန်စေရုံသာမက ယင်းနိုင်ငံရှိ အမျိုးသမီးများအတွက် ပိုမိုများပြားသော ဖွံ့ဖြိုးတိုးတက်မှုအလားအလာများလည်း တိုးချဲ့ပေးခဲ့သည်။
ဒိုမီနီကာနိုင်ငံ၏ ပထမဆုံးနှလုံးခွဲစိတ်မှုသည် တရုတ်အကူအညီဖြင့် တည်ဆောက်ထားသော နှလုံးရောဂါဌာနမှ အကျိုးခံစားခဲ့ပြီး ဤအကျိုးခံစားခဲ့ရသူမှာ အမျိုးသမီးတစ်ဦးဖြစ်ကြောင်း၊ တရုတ်-ဒိုမီနီကာ ချစ်ကြည်ရေးဆေးရုံသည် ကိုယ်ဝန်ဆောင်အမျိုးသမီးများအတွက် ဆေးကုသမှုဆိုင်ရာ အခြေအနေများကို ကောင်းမွန်စေခဲ့ပြီး ကလေးမွေးဖွားရာတွင် ပိုမိုဘေးကင်းလုံခြုံမှုရှိစေခဲ့ကြောင်း၊ တရုတ်-ဒိုမီနီကာ ချစ်ကြည်ရေးတံတားနှင့် မြို့တော် Roseau မှ Portsmouth သို့ အမြန်လမ်းမတို့သည် ဒေသခံများ သွားလာရေး ထိရောက်မှုကို မြှင့်တင်ပေးခဲ့ပြီး အမျိုးသမီးများ ပညာသင်ယူရန်၊ တက်ကြွစွာ အလုပ်အကိုင်ရှာဖွေရန်နှင့် လူမှုရေးလှုပ်ရှားမှုများတွင် ပါဝင်ဆောင်ရွက်ရန် ပိုမိုလွယ်ကူစေခဲ့ကြောင်း၊ တရုတ်အကူအညီဖြင့် တည်ဆောက်ထားသော အိမ်ရာများက ဌာနေအမျိုးသမီးများ၏ နေထိုင်ရေးကိုလည်း ကောင်းမွန်စေခဲ့ကြောင်း Burton က ပြောကြားခဲ့သည်။
သမ္မတ ရှီကျင့်ဖိန် အဆိုပြုသော လူသားမျိုးနွယ် အေးအတူပူအမျှ အသိုက်အဝန်း အတွေးအခေါ်နှင့် ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှု အစီအမံ (GGI) သည် ကမ္ဘာလုံးဆိုင်ရာ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးကို တွန်းအားပေးရေးတွင် အရေးပါသော အနက်အဓိပ္ပာယ်ရှိကြောင်း၊ “ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုအား ကောင်းမွန်ပြည့်စုံရေးနဲ့ လူသားမျိုးနွယ် အေးအတူပူအမျှ အသိုက်အဝန်း ဖွဲ့စည်းတည်ဆောက်ရေး လုပ်ငန်းစဉ်မှာ ကမ္ဘာလုံးဆိုင်ရာ အမျိုးသမီးများ အပြည့်အဝ ပါဝင်ဆောင်ရွက်ဖို့ လိုအပ်ပါတယ်” ဟု Burton က ယူဆသည်။
ဤကမ္ဘာ့ အမျိုးသမီးထိပ်သီးအစည်းအဝေးတွင် ပိုမိုအဆင့်မြင့်သော အတွေ့အကြုံများကို လေ့လာသင်ယူရန်၊ ဒိုမီနီကာနိုင်ငံအတွက် ဖြစ်နိုင်ခြေရှိသော ဖြေရှင်းရေးနည်းလမ်းများကို ယူဆောင်လာရန်၊ အမျိုးသမီးများ၏ စွမ်းဆောင်ခွင့် မြှင့်တင်ရေးနှင့် ကျား၊ မ တန်းတူညီမျှရေးကို ဆက်လက်မြှင့်တင်ရန် မျှော်လင့်ကြောင်း၊ “ကမ္ဘာကြီးဟာ ပြောင်းလဲနေပြီး ကျွန်မတို့လည်း မပြတ် ကြည့်ရှုသုံးသပ်ပြီး တိုးတက်အောင်လုပ်ဖို့ လိုတယ်။ ထိပ်သီးအစည်းအဝေး အောင်မြင်မှုများရရှိပါစေလို့ ဆုမွန်ကောင်းတောင်းပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။ (Xinhua)

ဒိုမီနီကာနိုင်ငံ မြို့တော် Roseau တွင် တရုတ်- ဒိုမီနီကာ ချစ်ကြည်ရေး ဆေးရုံကို အောက်တိုဘာ ၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

………………………
(Chinese Version)
全球妇女峰会·高端访谈|期待在全球妇女峰会上学习中国经验——访多米尼克总统伯顿
新华社罗索10月9日电 高端访谈|期待在全球妇女峰会上学习中国经验——访多米尼克总统伯顿
新华社记者蒋彪 杜彦琴
“我想感谢习近平主席一直以来为妇女事业发声,致力于推动妇女赋权和全球妇女事业发展。在《北京宣言》和《行动纲领》发表30周年之际召开此次峰会,让我们得以再次审视妇女事业的发展进程。”多米尼克总统伯顿日前在位于首都罗索的总统府接受新华社记者专访时说。
伯顿2023年就任多米尼克总统,是该国历史上首位女性总统。赴华参加全球妇女峰会的伯顿表示,自己非常期待出席这场峰会,相信与会各方不仅能探讨如何进一步推进全球妇女事业发展,同时也能通过这场峰会了解中国在提高妇女地位及其生活水平方面的实践经验。
伯顿认为,1995年北京世妇会通过的《北京宣言》和《行动纲领》,有力推动了国际社会在性别平等与妇女赋权方面的积极行动。此后,多米尼克政府在每一笔预算分配中都需明确说明如何赋权妇女或促进性别平等。
“此次全球妇女峰会,让我们能够回顾过去成果,思考未来发展路径。”伯顿说,“赋权妇女就是赋权家庭、赋权孩子、赋权青年一代。因此,习近平主席持续推动这项工作,具有重要意义。”
伯顿说,长期以来,中国支持和确保社会资源惠及女性,帮助她们实现自我发展、提升生活水平、增强创业能力,使得女性在教育等方面获得实实在在的保障。
“中国在许多领域积累了丰富的发展经验,可为我们展示如何赋权妇女、改善生活水平。这不仅体现在为妇女创造就业机会,更体现在让女性走向国际舞台,参与各层级的交流与工作。”伯顿说,“我希望通过与中国的合作,了解我们能够取得怎样的进展。”
伯顿指出,自2004年两国建交以来,多中关系长期稳定、互利共赢。多米尼克坚定支持一个中国原则,“我们彼此尊重。我们是非常非常亲近的朋友,关系十分密切”。
中国在多米尼克实施的援助项目不仅改善了民生,也为该国女性开拓了更多发展空间。   伯顿说,多米尼克首例心脏手术得益于中国援建的心脏科室,受益者就是一名女性;中多友谊医院改善了孕产妇医疗条件,使得分娩更为安全;中多友谊桥和首都罗索至朴次茅斯公路提升了当地出行效率,方便女性接受教育、积极就业和参与社会活动;中方援建的住房还改善了原住民女性的居住条件。
伯顿认为,习近平主席提出的构建人类命运共同体理念及全球治理倡议,对于推动全球妇女发展具有重要意义。“完善全球治理和构建人类命运共同体的进程需要全球女性的充分参与。”
她表示,希望在这场全球妇女峰会上学习更多先进经验,为多米尼克带回具有可行性的解决方案,继续推动女性赋权和性别平等。“世界在变化,我们也需不断审视与改进。祝愿峰会取得圆满成功。”(完)
图说1:10月6日,多米尼克总统伯顿在首都罗索接受新华社记者专访。新华社发(道格拉斯·马丁内斯摄)
图说2:这是10月5日拍摄的位于多米尼克首都罗索的中多友谊医院。新华社记者 杜彦琴 摄

 

 

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.