Connect with us

China

ဓားရေးအားကစားကလပ်မှ “နိုင်ငံခြားသား နည်းပြဆရာမ” က ကလေးငယ်များ၏ ဓားရေးယှဉ်ပြိုင်မှု အိပ်မက်အတွက် သင်ကြားပေး

တရုတ်နိုင်ငံ ဟူပေပြည်နယ် ဝူဟန့်မြို့အတွင်းရှိ ဓားရေးအားကစား (Fencing) ကလပ်တစ်ခု၌ ကလေးငယ်များကို ဓားရေးကစားနည်း သရုပ်ပြနေသည့် Zaparivannaia Mariia အား ၂၀၂၅ ခုနှစ် အောက်တိုဘာ ၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဝူဟန့်၊ အောက်တိုဘာ ၁၃ ရက် (ဆင်ဟွာ)
ငွေရောင် ဓားရေးကစားမှုလမ်းကြောင်းထက်တွင် ကလေးငယ်များက နှစ်ဦးချင်း ယှဉ်ပြိုင်နေကြသည်။
“ခြေ ခိုင်ခိုင်ထား” ၊ “လက် မြန်မြန်ထုတ်”
Zaparivannaia Mariia သည် အဖြူရောင် ဓားရေးအားကစား (Fencing) ဝတ်စုံကို ဝတ်ဆင်ထားကာ သင်တန်းသား၊ သင်တန်းသူများကို အာရုံစိုက်ပြီး ၎င်းတို့ကို ကာကွယ်မှုနှင့် တိုက်ခိုက်မှုဘက်ပြောင်းလဲရာ၌ မည်ကဲ့သို့လျင်မြန်စွာ အမှတ်ရအောင် ကစားရမည်နည်းကို သင်ကြားပေးနေသည်။
ယခုနှစ်တွင် အသက် ၂၇ နှစ်အရွယ်ရှိသည် ရုရှားနိုင်ငံသူ Zaparivannaia Mariia သည် တရုတ်နိုင်ငံ ဟူပေပြည်နယ် ဝူဟန့်မြို့ရှိ ဓားရေးအားကစားကလပ်တစ်ခု၏ ဓားရေးအားကစား နည်းပြဆရာမဖြစ်သည်။ ၎င်းသည် အသက် ၉ နှစ်အရွယ်ကတည်းက ဓားရေးအားကစားကို စတင်ထိတွေ့ခဲ့ပြီး ရုရှားနိုင်ငံ၌ ပါဝင်ယှဉ်ပြိုင်သည့် ပြိုင်ပွဲအမျိုးမျိုးတွင် ထူးချွန်သောရလဒ်များ ဆွတ်ခူးရရှိခဲ့သည်။
“ဓားရေးကစားတာက ခန္ဓာကိုယ်နဲ့ စစ်တုရင်ထိုးရသလိုပဲ။ ပြိုင်ဘက်ရဲ့ အတွေးကို ခန့်မှန်းပြီး တုံ့ပြန်မှု လုပ်ဆောင်ရတယ်” ဟု Zaparivannaia Mariia က ဆိုသည်။
တရုတ်ယဉ်ကျေးမှုအပေါ် များစွာစိတ်ဝင်စားမှုကြောင့် ၂၀၂၂ ခုနှစ်တွင် Zaparivannaia Mariia သည် ရုရှားနိုင်ငံမှ တရုတ်နိုင်ငံ ဟေးလုံကျန်းပြည်နယ် ဟားအယ်ပင်းမြို့သို့ လာရောက်၍ တရုတ်ဘာသာစကား လေ့လာသင်ယူခဲ့သည်။ ၂၀၂၅ ခုနှစ် မတ်လတွင် ၎င်းသည် ဝူဟန့်မြို့သို့ လာရောက် အလုပ်လုပ်ကိုင်ခဲ့ရာ ဓားရေးအားကစားကလပ်နှင့် အချို့သော အလယ်တန်းနှင့် မူလတန်းကျောင်းများတွင် ကလေးငယ်များအား ဓားရေးကစားနည်း သင်ကြားပေးခဲ့သည်။
Zaparivannaia Mariia က နည်းပညာနှင့် ဗျူဟာများ သင်ကြားပေးသည့်အပြင် ကလေးငယ်များကို အဆိုပါ အားကစားမှတစ်ဆင့် ကိုယ်ပိုင်ရပ်တည်မှုနှင့် ပြိုင်ဘက်အား လေးစားသည့် အကျင့်စာရိတ္တကိုလည်း ပျိုးထောင်ပေးရန် မျှော်လင့်ထားသည်။
“ဒါက ဓားရေးအားကစားရဲ့ အရေးကြီးစိတ်ဓာတ်ပါပဲ” ဟု ၎င်းက အလေးထားပြောကြားခဲ့သည်။
အဆိုပါ “နိုင်ငံခြားသား နည်းပြဆရာမ” ၏ လမ်းညွှန်သင်ကြားမှုနှင့် အဖော်ပြုမှုဖြင့် ကလေးငယ်များသည် ဓားရေးအားကစား၏ ပျော်ရွှင်မှုများ၊ အဆိုပါအားကစား၏ တစ်မူထူးခြားသော ဆွဲဆောင်မှုအားကို ခံစားကြလျက်ရှိပေသည်။ (Xinhua)

တရုတ်နိုင်ငံ ဟူပေပြည်နယ် ဝူဟန့်မြို့အတွင်းရှိ ဓားရေးအားကစား (Fencing) ကလပ်တစ်ခု၌ ကလေးငယ်များအား ဓားရေးကစားနည်း သင်ခန်းစာ သင်ကြားပေးနေသည့် Zaparivannaia Mariia အား ၂၀၂၅ ခုနှစ် အောက်တိုဘာ ၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

——————–
(Chinese Version)
“她”力量丨击剑馆里的“洋教练”:点亮萌娃的击剑梦
新华社照片,武汉,2025年10月11日
银色剑道上,孩子们两两对阵。“重心压低!”“出手快一点!”玛丽亚身着白色击剑服,注视着学员,指导他们如何在攻防转换中快速得分。
今年27岁的俄罗斯姑娘玛丽亚是湖北武汉一家击剑馆的击剑教练。她九岁开始接触击剑并在俄罗斯参加的各类比赛中取得不俗成绩。“击剑就像用身体下棋,你要揣测对手的想法并给出反应。”玛丽亚说。
因对中国文化有着浓厚的兴趣,2022年,玛丽亚从俄罗斯来到哈尔滨学习中文。2025年3月,她来到武汉工作,在击剑馆和一些中小学为孩子们上击剑教学课。除了传授技术和策略,玛丽亚还希望孩子们能在这项运动中培养独立和尊重对手的品格。“这些是击剑的重要精神。”她强调。
在这名“洋教练”的指导与陪伴下,孩子们享受着击剑的快乐,感受着这项运动特有的魅力。
1、10月8日,在湖北武汉一家击剑馆内,玛丽亚给一名小朋友示范击剑动作。 新华社记者 杜子璇 摄
2、10月8日,在湖北武汉一家击剑馆内,玛丽亚给孩子们上击剑课。新华社记者 杜子璇 摄