International Organizations
ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ကိတ်ဗာဒီအသင်း ပထမဆုံးအကြိမ်ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိ

ပေကျင်း၊ အောက်တိုဘာ ၁၅ ရက် (ဆင်ဟွာ)
ကိတ်ဗာဒီအသင်းသည် ဇယားအောက်ဆုံးမှ ဆွာတီနီအသင်းနှင့် အောက်တိုဘာ ၁၃ ရက်က ယှဉ်ပြိုင် ကစားခဲ့သည့် အိမ်ကွင်းပွဲစဉ်၌ ၃-၀ ဂိုးဖြင့်အနိုင်ရရှိခဲ့ပြီးနောက် အာဖရိကဇုန်ခြေစစ်ပွဲ အုပ်စု (D) ၏ ထိပ်ဆုံးနေရာတွင်ရပ်တည်နိုင်ခဲ့ပြီး ၂၀၂၆ ဖီဖာကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ခြေစစ်ပွဲအောင်မြင်ခြင်းဖြင့် သမိုင်းသစ်ရေးထိုးနိုင်ခဲ့သည်။
ရမှတ် ၂၃ မှတ်ဖြင့်အုပ်စုအဆင့်ကိုအဆုံးသတ်နိုင်ခဲ့သော ကိတ်ဗာဒီအသင်းမှာ ကမ္ဘာ့ဘောလုံးလောက၏ အဆင့်မြင့်ဆုံးပြိုင်ပွဲတွင် ပထမဆုံးအကြိမ်အဖြစ် ပါဝင်ယှဉ်ပြိုင်ခွင့်ရတော့မည်ဖြစ်သည်။
လူဦးရေ ၅၀၀,၀၀၀ ကျော်ရုံလေးသာရှိသော ကိတ်ဗာဒီနိုင်ငံသည် အိုက်စလန်နိုင်ငံ အနောက်ပိုင်း ကမ္ဘာ့ဖလားနောက်ဆုံးအဆင့်ပြိုင်ပွဲအတွက် ခြေစစ်ပွဲအောင်ပြီးဝင်ရောက်ယှဉ်ပြိုင်ခွင့်ရသည့် ဒုတိယ အသေးငယ်ဆုံးနိုင်ငံအဖြစ် မှတ်တမ်းဝင်ခဲ့သည်။
ပွဲစဉ် ၈ တွင် ကိတ်ဗာဒီအသင်းက ကင်မရွန်းအသင်းကို အိမ်ကွင်း၌ ၁-၀ ဖြင့်အနိုင်ရခဲ့သောပွဲမှာ အရေးပါဆုံး အခိုက်အတန့်ဖြစ်ခဲ့သည်။ ကင်မရွန်းနှင့်ပွဲအပြီးကစားခဲ့သော လစ်ဗျားအသင်းနှင့်ပွဲတွင် ၃-၃ ဂိုးစီ သရေကျခဲ့သဖြင့် ကိတ်ဗာဒီအသင်း၏ ခြေစစ်ပွဲအောင်ခွင့်ကို နှောင့်နှေးစေခဲ့သော်လည်း အပြာရောင် ငါးမန်းများဟု တင်စားခေါ်ဝေါ်ခံရသော ကိတ်ဗာဒီအသင်းမှာ ဆွာတီနီအသင်းနှင့်ပွဲတွင် ၎င်းတို့၏ ခွန်အားသတ္တိကိုပြသနိုင်ခဲ့ပြီး ကမ္ဘာ့ဖလားဝင်ရောက်ယှဉ်ပြိုင်ခွင့်တစ်နေရာကို ရယူပိုင်ဆိုင်နိုင်ခဲ့သည်။
ပါဝင်ယှဉ်ပြိုင်ခွင့်ရ အသင်းအရေအတွက်ကို ၄၈ သင်းအထိတိုးချဲ့ထားသည့် ၂၀၂၆ ကမ္ဘာ့ဖလား ပြိုင်ပွဲတွင် ခြေစစ်ပွဲ အုပ်စုဗိုလ်အသင်း ၉ သင်းအတွက် အာဖရိကဇုန်မှ တိုက်ရိုက်ခြေစစ်ပွဲအောင်ခွင့် ၉ နေရာ ခွင့်ပြုပေးထားခြင်းဖြစ်သည်။ အကောင်းဆုံး အုပ်စုဒုတိယရသည့် အသင်း ၄ သင်းမှာမူ အင်တာ ကွန်ဖက်ဒရေးရှင်း ပလေးအော့ဖ်ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရမည့်အခွင့်အရေးအတွက် playoff ကစားရဦးမည်ဖြစ်သည်။
အခြားသော အာဖရိကဇုန်ခြေစစ်ပွဲအုပ်စုများတွင် အီဂျစ်၊ မော်ရိုကို၊ အယ်လ်ဂျီးရီးယား၊ တူနီးရှားနှင့် ဂါနာ အသင်းများကလည်း ကမ္ဘာ့ဖလားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခွင့်နေရာများကို ရယူပိုင်ဆိုင်ခဲ့ကြသည်။ (Xinhua)
…………………….
(English Version)
Cape Verde secures first-ever World Cup spot
BEIJING, Oct. 14 (Xinhua) — Cape Verde made history by qualifying for the 2026 FIFA World Cup, finishing top of Group D in the African qualifiers after a 3-0 home victory over bottom-placed Eswatini on Monday.
After finishing the group stage with 23 points, Cape Verde will appear on world football’s biggest stage for the first time. With a population of just over 500,000, Cape Verde is the second smallest country after Iceland to qualify for the World Cup finals.
The crucial moment came in the eighth matchday when Cape Verde upset Cameroon 1-0 at home. Despite a subsequent 3-3 draw with Libya delaying Cape Verde’s qualification, the Blue Sharks held their nerve against Eswatini to secure their place in the finals.
The 2026 World Cup, expanded to 48 teams for the first time, grants Africa nine direct qualifying spots, which go to the nine qualifying group winners. The four best group runners-up will enter a playoff for a chance of competing in the inter-confederation playoffs.
In other African qualifying groups, Egypt, Morocco, Algeria, Tunisia and Ghana have also secured spots at the World Cup. ■
Photo:
Mostafa Mohamed (C) of Egypt competes during the 2026 FIFA World Cup CAF Qualifiers football match between Egypt and Guinea-Bissau in Cairo, Egypt, on Oct. 12, 2025. (Xinhua/Ahmed Gomaa)