Connect with us

North America

အမေရိကန်အစိုးရယန္တရား “ရပ်ဆိုင်းမှု” မည်မျှကြာမြင့်ဦးမည်နည်း

အမေရိကန်နိုင်ငံ ဝါရှင်တန်မြို့ရှိ Thomas Jefferson အထိမ်းအမှတ်ပြတိုက်နှင့် လမ်းပန်းဆက်သွယ်ရေးဆိုင်းဘုတ်တစ်ခုအား ၂၀၂၅ ခုနှစ် အောက်တိုဘာ ၁၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ အောက်တိုဘာ ၁၈ ရက် (ဆင်ဟွာ)

အမေရိကန် ဆီးနိတ်လွှတ်တော်က အောက်တိုဘာ ၁၆ ရက်တွင် ယာယီအသုံးစရိတ်ဥပဒေမူကြမ်းကို ဒသမအကြိမ်မြောက် မဲခွဲဆုံးဖြတ်ခဲ့ရာ ဥပဒေမူကြမ်း အတည်မပြုနိုင်ဆဲ ဖြစ်ခဲ့သည်။ အမေရိကန် ဖက်ဒရယ်အစိုးရယန္တရား “ရပ်ဆိုင်းမှု” သည် တတိယမြောက် သီတင်းပတ်သို့ ဝင်ရောက်လာပြီဖြစ်ရာ အများပြည်သူဝန်ဆောင်မှုလုပ်ငန်းများစွာ ရပ်ဆိုင်းမှုသို့ ကျရောက်ခဲ့ရပြီး အမေရိကန် စီးပွားရေးလည်ပတ်မှုနှင့် လူမှုအသိုက်အဝန်းလည်ပတ်မှုအပေါ်လည်း ရိုက်ခတ်မှုဒဏ်ခံစားရလျက်ရှိသည်။

မီဒီယာနှင့် သုံးသပ်သူများက လက်ရှိ အမေရိကန် ရီပက်ဘလစ်ကန်နှင့် ဒီမိုကရက်တစ်ပါတီ နှစ်ရပ်အနေဖြင့် အချက်အချာကျသည့်အရေးကိစ္စများတွင် အပြန်အလှန် အလျှော့ပေးလိုက်လျောခြင်း မရှိသည့်အပြင် ဝန်ဆောင်မှု “ရပ်ဆိုင်းခြင်း”ကို အသုံးချ၍ ကိုယ်စီနိုင်ငံရေးရည်မှန်းချက်များ ဖြစ်မြောက်ရန် ပါတီနှစ်ရပ်လုံးက ကြိုးစားနေကြရာ အစိုးရယန္တရား “ရပ်ဆိုင်းမှု” ဆက်လက်ဖြစ်ပွားနိုင်ပြီး ၎င်း၏ အနုတ်လက္ခဏာသက်ရောက်မှုများမှာလည်း ပို၍ ဆိုးရွားလာနိုင်သည်ဟု ယူဆကြသည်။

ကဏ္ဍစုံတွင် ရိုက်ခတ်မှုဒဏ်ခံစားနေရ
ရက်သတ္တပတ် နှစ်ပတ်ကြာကာလအတွင်း အမေရိကန်အစိုးရယန္တရား “ရပ်ဆိုင်းမှု” သည် လေကြောင်းသယ်ယူပို့ဆောင်မှု၊ အများပြည်သူဝန်ဆောင်မှု၊ ဒေတာအချက်အလက်ထုတ်ပြန်မှု စသည့်ကဏ္ဍများစွာကို ရိုက်ခတ်ခဲ့ပြီး ပြည်သူလူထု၏နေ့စဉ်ဘဝကို သက်ရောက်သည့်တစ်ချိန်တည်းတွင်ပင် အမေရိကန်စီးပွားရေးအလားအလာအတွက် မရေရာမှုများ သယ်ဆောင်လာခဲ့သည်။

အစိုးရယန္တရား “ရပ်ဆိုင်းမှု” ကာလအတွင်း “မဖြစ်မနေ လိုအပ်သော အလုပ်အကိုင်နေရာမဟုတ်” ဟု ဆိုသည့် ဖက်ဒရယ်ဝန်ထမ်း ၇၅၀,၀၀၀ ခန့်သည် အတင်းအဓမ္မ လစာမဲ့ခွင့်ပေးခံခဲ့သလို “မဖြစ်မနေလိုအပ်သည့် အလုပ်အကိုင်နေရာ” အစိုးရဝန်ထမ်း သိန်းနှင့်ချီသည်လည်း လစာမဲ့ရုံးတက်ရကြောင်း၊ ယခုလ ၁၀ ရက်အထိ ဖက်ဒရယ်ဝန်ထမ်း ၄,၀၀၀ ကျော်မှာ အလုပ်မှထုတ်ပယ်သည့်အကြောင်းကြားစာ လက်ခံရရှိခဲ့သည်ဟု အခြားကိန်းဂဏန်အချက်အလက်များတွင် ဖော်ပြထားကြောင်း မီဒီယာများ၏ သတင်းများအရ သိရသည်။

အစိုးရယန္တရား “ရပ်ဆိုင်းမှု” ၏ လူမှုစီးပွားအပေါ် သက်ရောက်မှုများက ဆက်လက်ဖြစ်ပွားလျက်ရှိသည်။ လေကြောင်းထိန်းချုပ်ရေးဝန်းထမ်းများ၊ လေဆိပ်လုံခြုံရေးဝန်ထမ်းများ စသည့် “မဖြစ်မနေလိုအပ်သည့် အလုပ်အကိုင်နေရာ” မှ ဖက်ဒရယ်ဝန်ထမ်းများ၏ ရုံးတက်တာဝန်ထမ်းဆောင်မှုပျက်ကွက်ခြင်းနှင့် ခွင့်တိုင်ခြင်းအချိုးအဆသည် သာမန်အချိန်ထက်ပို၍ မြင့်မားလာရာ ခရီးသွားဧည့်သည်များ၏ လုံခြုံရေးစစ်ဆေးမှုအချိန်ကြာမြင့်ခြင်း၊ လေကြောင်းခရီးစဉ် ကြန့်ကြာခြင်း သို့မဟုတ် ဖျက်သိမ်းလိုက်ရခြင်းများ ဖြစ်စေခဲ့သည်။ အမေရိကန် သယ်ယူပို့ဆောင်ရေးဝန်ကြီး Sean Duffy က လေကြောင်းထိန်းချုပ်ရေးဝန်ထမ်းလုံလောက်မှုမရှိခြင်းကြောင့် လေကြောင်းခရီးစဉ် ၅၃ ရာခိုင်နှုန်း ကြန့်ကြာမှုဖြစ်ပွားခဲ့ရာ သာမန်အချိန်တွင် ဖြစ်ပွားသည့် ၅ ရာခိုင်နှုန်းထက် များစွာကျော်လွန်ခဲ့ကြောင်း ယခုလဆန်းပိုင်းတွင် ပြောကြားခဲ့သည်။

အမေရိကန် ပြတိုက်အချို့ စသည့် အများပြည်သူအဆောက်အဦများနှင့် အမျိုးသားဥယျာဉ်ရှိ ခရီးသွားဧည့်သည်စင်တာ၊ အများသုံးသန့်စင်ခန်းများကိုလည်း အစိုးရယန္တရား “ရပ်ဆိုင်းမှု” ကြောင့် ပိတ်ထားခဲ့သည်။
စီမံအုပ်ချုပ်ရေး စိစစ်ခွင့်ပြုမှု၊ ဗီဇာလုပ်ဆောင်မှုနှင့် လူမှုဖူလုံရေးပေးဝေမှု စသည်တို့လည်း ကြန့်ကြာနိုင်ပေသည်။

အမေရိကန်နိုင်ငံ၏ အချက်အချာကျသည့် ငွေကြေးဖောင်းပွမှု ဒေတာအချက်အလက်များသည်လည်း အစိုးရယန္တရား “ရပ်ဆိုင်းမှု” ကြောင့် ထုတ်ပြန်ရန် ရွှေ့ဆိုင်းခဲ့သည်။ အမေရိကန်အလုပ်သမားရေးရာဝန်ကြီးဌာန၏ မူလက အောက်တိုဘာ ၁၅ ရက်တွင် ထုတ်ပြန်ရန် သတ်မှတ်ထားသည့် စက်တင်ဘာလ စားသုံးသူဈေးနှုန်းအညွှန်းကိန်း (CPI) ကို အောက်တိုဘာ ၂၄ ရက်တွင် ထုတ်ပြန်ရန် ရွှေ့ဆိုင်းခဲ့သည်။
JPMorgan Chase ဓနစီမံခန့်ခွဲမှုဌာန၏ သုံးသပ်ချက်အစီရင်ခံစာတွင် မူဝါဒရေးဆွဲသတ်မှတ်သူနှင့် ရင်းနှီးမြှုပ်နှံသူများက ဆုံးဖြတ်ချက်ချရာတွင် CPI နှင့် အခြားသောဖက်ဒရယ်ဒေတာအချက်အလက်များကို အထူးမှီငြမ်းအားထားရကြောင်း၊ လစဉ်အစီရင်ခံကြန့်ကြာမှုမှာ သက်ဆိုင်ရာမူဝါဒများ၏ မရေရာမှုကို ပို၍တိုးပွားစေနိုင်ကြောင်း ထောက်ပြထားသည်။
ယခုအကြိမ် အစိုးရယန္တရား “ရပ်ဆိုင်းမှု” မှာ အမေရိကန်လက်တွေ့စီးပွားရေးအပေါ် စတင်သက်ရောက်နေပြီ ဖြစ်ကြောင်း၊ အခြေအနေများ ပို၍ဆိုးရွားလာကြောင်းအမေရိကန် ဘဏ္ဍာရေးဝန်ကြီး Scott Bessent က အောက်တိုဘာ ၁၃ ရက်တွင် ပြောကြားခဲ့သည်။

ပါတီနှစ်ရပ်က ကိုယ်စီ ကိုယ်ကျိုးစီးပွားရည်ရွယ်ချက်များ ရှိကြ

အမေရိကန်အစိုးရယန္တရား “ရပ်ဆိုင်းမှု” ဆက်လက်ဖြစ်ပွားသည့် အဓိကအကြောင်းရင်းမှာ ကျန်းမာရေးအာမခံအသုံးစရိတ်ကိစ္စရပ်နှင့်စပ်လျဉ်း၍ ပါတီနှစ်ရပ်အကြား တင်းမာမှုများ မလျှော့ကြခြင်းကြောင့် ယာယီအသုံးစရိတ်ဥပဒေမူကြမ်း အတည်မပြုနိုင်ခြင်းဖြစ်ရကြောင်း၊ တစ်ဖက်တွင်လည်း ပါတီနှစ်ရပ်က အစိုးရယန္တရား “ရပ်ဆိုင်းမှု” ကို အသုံးချပြီး ကိုယ်စီနိုင်ငံရေးအစီအစဉ်များကို တွန်းအားပေးဆောင်ရွက်နေရာ ယန္တရား “ရပ်ဆိုင်းမှု” ကို အဆုံးသတ်ရန် အလောတကြီးဆန္ဒမရှိကြကြောင်း သုံးသပ်သူနှင့် မီဒီယာများက ယူဆကြသည်။

ထရမ့်အစိုးရက ယန္တရား “ရပ်ဆိုင်းမှု” ကို အသုံးချပြီး “အစိုးရ ကျစ်လစ်ရန်” လုပ်ဆောင်ပေသည်။ တရုတ်နိုင်ငံ မျက်မှောက်ခေတ်နိုင်ငံတကာဆက်ဆံရေးသုတေသနဌာန အမေရိကန်သုတေသနဌာနခွဲ သုတေသီ ကျန်းဖန်းက ယခုအကြိမ် အစိုးရယန္တရား “ရပ်ဆိုင်းမှု” က ထရမ့်အတွက် ”မဖြစ်မနေ လိုအပ်သည့် ဝန်ထမ်းမဟုတ်သူများ” ကို လျှော့ချရေးအတွက် အခွင့်အလမ်းကောင်း ပံ့ပိုးပေးသည်ဟု ယူဆသည်။ ထိုမတိုင်မီ ဝန်ထမ်းလျှော့ချ၍ အသုံးစရိတ်လျှော့ချရေး မူဝါဒများစွာ တွန်းအားပေးဆောင်ရွက်ခဲ့သည် အိမ်ဖြူတော်စီမံခန့်ခွဲရေးနှင့်ဘတ်ဂျက်ရုံးက အစိုးရယန္တရားရပ်ဆိုင်းပြီးနောက် ပို၍တက်ကြွမှုများ ပြသလာကြောင်း၊ အစိုးရယန္တရား “ရပ်ဆိုင်းမှု” သည် ဖက်ဒရယ်ဝန်ထမ်းရာထူး ၁၀,၀၀၀ ကျော် လျှော့ချနိုင်မည်ဟု ယင်းရုံးတာဝန်ခံ Russell Vought က ခန့်မှန်းထားကြောင်း သတင်းများအရ သိရသည်။

ဒီမိုကရက်တစ်ပါတီဘက်ကမူ အစိုးရယန္တရားရပ်ဆိုင်းမှုကို အားပြုပြီး ပါတီတွင်းစည်းလုံးညီညွတ်ရေးကို အားဖြည့်ခဲ့သည်။

ဒီမိုကရက်တစ်ပါတီက ရီပက်ဘလစ်ကန်ပါတီအပေါ် သဘောထားတင်းမာခြင်းသည် အင်အားနည်းပါတီအနေဖြင့် ၎င်း၏ ပါတီတွင်းစည်းလုံးညီညွတ်ရေးကို လုပ်ဆောင်သည့်နည်းလမ်းဖြစ်သည်ဟု သုံးသပ်သူများက ယူဆကြသည်။
ဒီမိုကရက်တစ်ပါတီသည် ယခုနှစ် မတ်လတွင် ဘတ်ဂျက်ချထားရေးဥပဒေမူကြမ်း၌ ရီပက်ဘလစ်ကန်ပါတီကို လိုက်လျောခဲ့ခြင်းကြောင့် ပါတီအတွင်းထောက်ခံမှုနှုန်း များစွာကျဆင်းခဲ့သည်။

လာမည့်နှစ် ကြားဖြတ်ရွေးကောက်ပွဲအတွက် ဒီမိုကရက်တစ်ပါတီသည် “ခါးခါးသီးသီး ဆန့်ကျင်မှု” မှတစ်ဆင့် ပါတီအတွင်း စည်းလုံးညီညွတ်မှုအားကို မြှင့်တင်ရန်၊ မဲဆန္ဒရှင်များ၏ ယုံကြည်ချက်ကို ခိုင်မာစေရန် လိုအပ်ကြောင်း အမေရိကန် Newsweek ဂျာနယ် ဝက်ဘ်ဆိုက်၏ သုံးသပ်ချက်ဆောင်းပါးက ယူဆသည်။
ဒီမိုကရက်တစ်ပါတီဝင်များက “၎င်း၏ အစွန်းရောက်အခြေခံမှုကို ကျေနပ်နှစ်သိမ့်စေရန်အတွက် အစိုးရယန္တရားရပ်ဆိုင်းမှုကို ရည်ရွယ်ချက်ရှိရှိ ဆက်လက်ဖြစ်ပွားစေသည်”ဟု ရီပက်ဘလစ်ကန်ပါတီဝင် အောက်လွှတ်တော်ဥက္ကဋ္ဌ Michael Johnson က လွန်ခဲ့သည်ရက်များတွင် ပြောကြားခဲ့သည်။

ထို့အပြင် ယာယီအရေးပေါ်အစီအမံအချို့က ထရမ့်အစိုးရကို အစိုးရယန္တရားရပ်ဆိုင်းမှု ဆက်လက်ဖြစ်ပွားမှုရှိစေရန် အလားအလာရှိသေးသည်ဟု ထင်မှတ်စေသည်။ ထရမ့်အစိုးရက ယခုရက်ပိုင်းများတွင် ရန်ပုံငွေခွဲဝေမှုဖြင့် အမေရိကန်စစ်သားများကို လစာပေးခြင်းနှင့် အဓိကကျသည့်စားသောက်ကုန်စီမံကိန်းအချို့ လည်ပတ်မှုကို ထိန်းသိမ်းခြင်းတို့ဖြင့် ပါတီနှစ်ရပ်အကြား မူလက ဆွေးနွေးမှုဖြစ်မြောက်စေရန်မျှော်လင့်ရသည့် အချို့သောဖိအားများ ပျောက်ဆုံးသွားစေကာ ရေတိုအတွင်း ပါတီနှစ်ရပ်အကြား ကွဲလွဲမှုများ ဖြေရှင်းရေး မျှော်လင့်ချက် မှေးမှိန်သွားစေခဲ့သည်ဟု BBC သတင်းက ယူဆသည်။

“ရေရှည် တိုက်ပွဲ” က ရေရှည်အထိနာမှုကို သယ်ဆောင်လာ

၂၀၁၈ ခုနှစ် နှစ်ကုန်ပိုင်းမှ ၂၀၁၉ ခုနှစ် နှစ်ဆန်းပိုင်းတွင် အမေရိကန်ဖက်ဒရယ်အစိုးရယန္တရား “ရပ်တန့်ပိတ်သိမ်းမှု” ၃၅ ရက်ကြာ ဖြစ်ပွားခဲ့ရာ အချိန်ကာလအားဖြင့် သမိုင်းစံချိန်တင်ခဲ့သည်။
ပါတီနှစ်ရပ်က ကိုယ်စီ အကျိုးစီးပွားရည်ရွယ်ချက်များသော၊ အပြန်အလှန် ပြစ်တင်ရှုတ်ချသော နောက်ခံအခြေအနေမျိုးတွင် ယခုအကြိမ် အစိုးရယန္တရား “ရပ်ဆိုင်းမှု” သည် “ရေရှည်တိုက်ပွဲ” ဖြစ်လာနိုင်သည့်အပြင် စံချိန်တင်ခဲ့သည့် ၃၅ ရက်ကိုပင် ကျော်လွန်နိုင်သည်ဟု သုံးသပ်သူများက ယူဆကြသည်။

အစိုးရယန္တရား “ရပ်ဆိုင်းမှု” သည် နိုဝင်ဘာလအထိ ဆက်လက်ဖြစ်နိုင်ခြေ ပို၍များလာလျက်ရှိကြောင်း Yahoo Finance သတင်းတွင် ဖော်ပြထားသည်။
ဈေးကွက်ပလက်ဖောင်းများကလည်း လက်ရှိ ယခုအကြိမ် အစိုးရယန္တရား “ရပ်ဆိုင်းမှု” သည် ဆက်တိုက်အားဖြင့် ၃၅ ရက်ကျော်လွန်နိုင်သော၊ သမိုင်းစံချိန်သစ်တင်နိုင်ခြေ ၆၅ ရာခိုင်နှုန်းအထိရှိကြောင်း ကြိုတင်ခန့်မှန်းထားသည်။ အမေရိကန်အောက်လွှတ်တော် ဥက္ကဋ္ဌ Mike Johnson က အမေရိကန်အနေဖြင့် “သမိုင်းတွင် အရှည်ကြာဆုံးသော အစိုးရယန္တရားရပ်ဆိုင်းမှုတစ်ခု” ကို ရင်ဆိုင်ရနိုင်ခြေရှိကြောင်း မကြာမီရက်ပိုင်းက ပြောကြားခဲ့သည်။

အမေရိကန် အစိုးရယန္တရား “ရပ်ဆိုင်းမှု” ဆက်လက်ဖြစ်ပွားမှုနှင့်အတူ ၎င်း၏ အနုတ်လက္ခဏာသက်ရောက်မှုများကလည်း ပို၍ဆိုးရွားလာမည် ဖြစ်သည်။ ပထမဦးဆုံးအနေဖြင့် လုပ်ငန်းများစွာ ရိုက်ခတ်မှုဒဏ်ခံစားရခြင်း ဖြစ်သည်။
အမေရိကန် ThinkTank အဖွဲ့တစ်ခုဖြစ်သည့် မဟာဗျူဟာနှင့်နိုင်ငံတကာရေးရာသုတေသနစင်တာ (CSIS) က ယခုအကြိမ် အစိုးရယန္တရား “ရပ်ဆိုင်းမှု” သည် အမေရိကန် ကုန်ထုတ်လုပ်မှုလုပ်ငန်းများအပေါ် ကြီးမားသည့် သက်ရောက်မှုရှိမည်ဖြစ်သည့်အပြင့် အချိန်ကြာမြင့်လာသည်နှင့်အမျှ ပို၍ ဆိုးရွားလာမည်ဖြစ်ကြောင်း သုံးသပ်ပြောကြားခဲ့သည်။ သုတေသီ အမေရိကန်သိပ္ပံပညာမြှင့်တင်ရေးအသင်း သုတေသီ Travis York က အစိုးရယန္တရား “ရပ်ဆိုင်းမှု” အချိန်ကြာမြင့်လေ အမေရိကန် သိပ္ပံနည်းပညာနယ်ပယ်က လူရည်ချွန်ဆုံးရှုံးမှု၏ အန္တရာယ်က ပို၍ ကြီးမားလေ ဖြစ်ပြီး သုတေသနမိတ်ဖက်အနေဖြင့် အမေရိကန်၏ ယုံကြည်မှုသည်လည်း ပို၍ လျော့နည်းသွားလေ ဖြစ်သည်ဟု ပြောကြားခဲ့သည်။

ဒုတိယအနေဖြင့် အမေရိကန်စီးပွားရေးသည် သက်ရောက်မှုဒဏ်ကို ခံစားရမည် ဖြစ်သည်။ Wells Fargo ဘဏ်၏ သုံးသပ်သူပညာရှင်အများအပြားက အစိုးရယန္တရား “ရပ်ဆိုင်းမှု” သည် လာမည့်သီတင်းပတ်အထိ ဆက်လက်ဖြစ်ပွားမည်ဆိုလျှင်၊ “မိမိတို့အနေဖြင့် မျှော်မှန်းသိရှိ၍မရသည့် နယ်ပယ်တစ်ခုကို ရောက်ရှိသွားမည်” ဖြစ်သည်ဟု ယူဆကြသည်။
အမေရိကန်ကူးသန်းရောင်းဝယ်ရေးဘဏ်လုပ်ငန်းတွင် အလုပ်လုပ်ကိုင်နေသည့် Lee Stephens က အမေရိကန်အစိုးရသည် ယခုအကြိမ် အစိုးရယန္တရား “ရပ်ဆိုင်းမှု” ၏ နောက်ဆက်တွဲဆိုးကျိုးကို ထည့်သွင်းစဉ်စားမှုမပြုဟု ထင်မှတ်ရပြီး ယင်းမှာ အမေရိကန်ဒေါ်လာ၏ ဦးဆောင်မှုအနေအထားကို သက်ရောက်နိုင်စေကြောင်း သုံးသပ်ခဲ့သည်။

ထို့အပြင် အမေရိကန်၏ နိုင်ငံပုံရိပ်ကို ထိခိုက်စေသည်။ ဟားဗတ်တက္ကသိုလ် ပညာရှင် Linda J. Bilmes က အစိုးရယန္တရား “ရပ်ဆိုင်းမှု” သည် ဖျက်ဆီးနိုင်စွမ်း အလွန်ရှိကြောင်း၊ ယင်းမှာ အစိုးရ၏ ထိရောက်မှုရှိသောလည်ပတ်မှုအပေါ် အမေရိကန်လူထု၏ ယုံကြည်မှုကို တိုက်ရိုက် ပျက်သုဉ်းစေမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ အမေရိကန် Brookings Institution၏ အကြီးတန်း သုတေသီ Darrell West က အစိုးရယန္တရား “ရပ်ဆိုင်းမှု” သည် အမေရိကန်ခေါင်းဆောင်များ၏ စီမံခန့်ခွဲနိုင်စွမ်းလိုအပ်ချက်၊ နိုင်ငံကိုမည်သို့ စီမံခန့်ခွဲရမည်ကို မသိခြင်းအား ပေါ်လွင်စေပြီး အမေရိကန်နိုင်ငံ၏ ပုံရိပ်ကို တိုက်ရိုက် လျော့နည်းသွားစေကြောင်း ပြောကြားခဲ့သည်။ (Xinhua)

အမေရိကန်နိုင်ငံ ဝါရှင်တန်မြို့ရှိ လွှတ်တော်အဆောက်အဦနှင့် မီးပွိုင့်အား ၂၀၂၅ ခုနှစ် အောက်တိုဘာ ၁၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ ဝါရှင်တန်မြို့ရှိ ဝါရှင်တန်အထိမ်းအမှတ်ကျောက်တိုင်အရှေ့ပုံရိပ်က ခရီးသွားဧည့်သည်ဝန်ဆောင်မှုစင်တာမှန်ပေါ်တွင် ထင်ဟပ်နေသည်ကို ၂၀၂၅ ခုနှစ် အောက်တိုဘာ ၁၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

——————–
(Chinese Version)
国际观察|美国政府“停摆”还要多久
新华社华盛顿10月16日电 题:美国政府“停摆”还要多久   新华社记者熊茂伶 杨伶   美国国会参议院16日对临时拨款法案进行第十次表决,法案依旧未能通过。美国联邦政府“停摆”已进入第三周,多项公共服务陷入停滞,美国经济运行和社会运转正承受冲击。   媒体和分析人士认为,目前美国共和、民主两党在关键问题上互不妥协,加上两党都试图利用“停摆”服务各自政治目的,政府“停摆”恐仍将持续,其多重负面影响也将加剧。
多领域遭波及
两周以来,美国政府“停摆”已波及航空运输、公共服务、数据发布等多个领域,在影响民众日常生活的同时给美国经济前景带来不确定性。
据媒体报道,政府“停摆”期间,已有约75万所谓“非必要岗位”的联邦雇员被迫无薪休假,数十万“必要岗位”政府雇员无薪上班;另有数据显示,截至本月10日,有超过4000名联邦雇员收到解雇通知。
政府“停摆”对经济社会的影响正在蔓延。空中交通管制员、机场安检员等“必要岗位”联邦雇员的缺勤现象和请假比例高于平时,导致旅客安检时间延长、航班延误或取消。美国交通部长肖恩·达菲月初表示,由于空中交通管制员人手不足,53%的航班出现延误,远超平时的5%水平。
美国部分博物馆等公共设施以及国家公园的游客中心、公共厕所也因政府“停摆”而关闭。行政审批、签证办理以及福利发放等也可能延迟。
美国关键通胀数据也因政府“停摆”推迟发布。美国劳工部原定15日公布的9月消费者价格指数(CPI)目前被推迟至24日发布。摩根大通财富管理部门在分析报告中指出,政策制定者和投资者在决策时高度依赖CPI及其他联邦数据,月度报告的延迟可能导致相关政策的不确定性增加。美国财政部长贝森特13日表示,本轮“停摆”已“开始影响美国实体经济”,“情况愈发糟糕”。
两党各有私心
分析人士和媒体认为,美国政府“停摆”持续的核心原因在于两党就医保福利支出问题僵持不下,临时拨款法案无法通过。而另一方面,两党也在利用“停摆”推进各自政治议程,对于结束“停摆”并无迫切意愿。
特朗普政府利用“停摆”来“精简政府”。中国现代国际关系研究院美国研究所研究员张帆认为,这次政府“停摆”为特朗普解雇更多“非必要员工”提供机会。据报道,此前已推进一系列裁员减支政策的白宫管理和预算办公室在“停摆”后表现得更为积极,该机构负责人沃特预计,政府“停摆”将导致超过1万个联邦职位被削减。
民主党方面则借助“停摆”来强化党内团结。分析人士认为,民主党“硬刚”共和党是其作为弱势党加强内部团结的手段。民主党今年3月在拨款法案上向共和党妥协,导致党内支持率大幅下滑。美国《新闻周刊》网站评论文章认为,为了明年的中期选举,民主党需要通过“痛苦的反抗”来增强党内凝聚力、巩固选民信心。共和党籍众议院议长迈克·约翰逊日前称,民主党人“为取悦其‘激进的基本盘’而刻意让‘停摆’持续”。
此外,一些暂时性应急措施让特朗普政府认为“停摆”仍有延续的空间。英国广播公司报道认为,特朗普政府近日通过调拨资金给美军士兵发放薪水并维持一些关键食品项目运转,使得一些原本有望促成两党谈判的压力点消失,短期内两党解决分歧的希望变得渺茫。
“持久战”带来持久伤害
2018年底至2019年初美国联邦政府“关门”持续35天,时长创下历史纪录。有分析认为,在两党各有私心、相互“甩锅”的背景下,此次政府“停摆”可能成为“持久战”,甚至打破35天的纪录。   雅虎财经报道说,政府“停摆”持续到11月的可能性正在增加。有市场平台预测,眼下这场“停摆”持续超过35天、创历史纪录的概率已达65%。众议院议长约翰逊日前说,美国或将迎来“历史上最长的政府停摆之一”。
随着美国政府“停摆”持续,其负面影响也将加剧。首先,更多行业受到冲击。美国智库战略与国际问题研究中心分析说,此次“停摆”将对美国制造业产生重大影响,且随时间的延长而加剧;美国科学促进会研究员特拉维斯·约克表示,“停摆”越久,美国科技界永久性人才流失的风险就越大,美国作为研究伙伴的可信度也将越低。
其次,美国经济受到影响。多位富国银行的分析师认为,此次“停摆”造成的经济影响范围较广,如果“停摆”持续到下周,“我们将进入一个未知领域”。供职于美国商业银行领域的李·斯蒂芬斯分析,美国政府似乎在此次“停摆”中不计后果,这可能会影响美元的主导地位。
此外,美国国家形象受损。哈佛大学学者琳达·比尔姆斯表示,政府“停摆”极具破坏性,将直接导致美国民众对政府有效运行的信心丧失。美国布鲁金斯学会高级研究员达雷尔·韦斯特说,政府“停摆”还显得美国领导人缺乏治理能力,不知如何治理国家,直接削弱美国的国家形象。(完)
1. 这是10月14日在美国华盛顿拍摄的杰斐逊纪念堂与交通标志。新华社记者李睿摄
2. 这是10月12日在美国华盛顿拍摄的国会大厦和交通信号灯。新华社记者李睿摄
3. 10月12日,在美国华盛顿,人们在华盛顿纪念碑前的身影映在游客中心的玻璃上。新华社记者李睿摄