North America
Netflix ၏ တတိယသုံးလပတ်ဝင်ငွေ အားကောင်း
နယူးယောက်၊ အောက်တိုဘာ ၂၂ ရက် (ဆင်ဟွာ)
Netflix ကုမ္ပဏီ၏ခန့်မှန်းချက်နှင့်အညီ တတိယသုံးလပတ်ဝင်ငွေသည် ၁၇ ရာခိုင်နှုန်းတိုးတက်ခဲ့ပြီး ဒေါ်လာ ၁၁.၅ ဘီလီယံ ရရှိခဲ့ကြောင်း နက်ဖလစ်က အောက်တိုဘာ ၂၁ ရက်၌ သတင်းထုတ်ပြန်ခဲ့သည်။
ကြော်ငြာရောင်းချမှုအတွက် ၎င်း၏ အကောင်းဆုံးသုံးလပတ်အဖြစ် စံချိန်တင်နိုင်ခဲ့ကြောင်း Netflix က ပြောကြားခဲ့သည်။
“ကျွန်တော်တို့ အရှိန်အဟုန်ကောင်းကောင်းနဲ့ ယခုနှစ်ကို အဆုံးသတ်နေပါတယ်၊ စိတ်ဝင်စားဖွယ်ရာ စတုတ္ထသုံးလပတ်အစီအစဥ်တစ်ခုရှိတယ် ”ဟု ကုမ္ပဏီက ပြောကြားခဲ့သည်။
၎င်း၏အသားတင်ဝင်ငွေသည် ၈ ရာခိုင်နှုန်းဝန်းကျင် ဒေါ်လာ ၂.၅ ဘီလီယံ မြင့်တက်ခဲ့သော်လည်း ခန့်မှန်းချက်အောက်တွင်သာ ရှိခဲ့ခြင်းဖြစ်သည်။
Netflix က ၎င်း၏ထုတ်ပြန်ချက်တွင် စာရင်းသွင်းသူ ကိန်းဂဏန်းကို တိတိကျကျ ဖော်ထုတ်ပြသခြင်း မရှိခဲ့ပေ။ Netflix ၏ထုတ်ပြန်ချက်ထွက်ပေါ်ပြီးနောက် စျေးကွက်ပိတ်ချိန်အပြီးတွင် ၎င်း၏ရှယ်ယာတန်ဖိုး ၆ ရာခိုင်နှုန်းကျော် ကျဆင်းခဲ့ကြောင်းသိရသည်။ (Xinhua)
………………….
(English Version)
Netflix reports strong Q3 revenue
NEW YORK, Oct. 21 (Xinhua) — Netflix on Tuesday reported a 17 percent increase in third-quarter revenue to 11.5 billion U.S. dollars, in line with the company’s own forecast.
Netflix said it recorded its best-ever quarter for advertisement sales.
“We’re finishing the year with good momentum and have an exciting Q4 slate,” said the company.
However, its net income rose around 8 percent to 2.5 billion dollars, below its projection.
Netflix did not disclose specific subscriber figures in its report. Shares of Netflix were down more than 6 percent in after-hours trading following the report.
Photo : Illustration picture taken on April 21, 2018 in Paris shows the logo of the Netflix entertainment company, displayed on a tablet screen with a remote control in front of it. (Xinhua/AFP)
