International Organizations
ပါလ်မီးရက်စ်ကြယ်ပွင့် ဗစ်တာ ရော့ကေးအား ခေါ်ယူလိုသည့် အသင်းများထဲတွင် ချဲလ်ဆီး ပါဝင်လာ

ရီယိုဒီဂျနေးရိုး၊ အောက်တိုဘာ ၂၃ ရက် (ဆင်ဟွာ)
ပရီးမီးယားလိဂ်ကလပ် ချဲလ်ဆီးအသင်းက ပါလ်မီးရက်စ်အသင်းတွင် ခြေစွမ်းပြနေသည့် တိုက်စစ်မှူး ဗစ်တာ ရော့ကေးကို ခေါ်ယူရန် စဉ်းစားနေသည်ဟု ဘရာဇီး မီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။
သို့သော် ချဲလ်ဆီးအနေဖြင့် အဆိုပါ အသက် ၂၀ အရွယ် ကစားသမားကို ခေါ်ယူနိုင်ရန် လန်ဒန်မြို့ခံ ပြိုင်ဘက်များဖြစ်သည့် တော့တင်ဟမ်၊ ဝက်စ်ဟမ်းတို့နှင့် ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း ဘရာဇီးသတင်းဌာန Lance က ဖော်ပြခဲ့သည်။
ချဲလ်ဆီးအသင်းက ရော့ကေးကို လာမည့် ဇန်နဝါရီ အပြောင်းအရွှေ့ဈေးကွက်တွင် ခေါ်ယူနိုင်ရန် ပစ်မှတ်ထားနေပြီး ကနဦး မေးမြန်းစုံစမ်းမှုများ ပြုလုပ်ထားသည်ဟုလည်း အဆိုပါသတင်းဌာနက ဖော်ပြခဲ့သည်။
ရော့ကေးမှာ ဆော်ပိုလိုအခြေစိုက် ကလပ်အသင်းအတွက် ယခုနှစ်အတွင်း လိဂ်ပြိုင်ပွဲ ၂၆ ပွဲတွင် ၁၃ ဂိုး သွင်းယူနိုင်ခဲ့သလို ကိုပါလစ်ဘာတာဒိုးရက်စ် ပြိုင်ပွဲတွင်လည်း ၈ ပွဲ ကစားပြီးချိန်တွင် ၄ ဂိုးသွင်းယူနိုင်ခဲ့သည်။
၎င်းအနေဖြင့် စပိန်ကလပ် ဘာစီလိုနာနှင့် ရီးရဲလ်ဘက်တစ်အသင်းတို့တွင် စိတ်ပျက်ဖွယ်ရာကာလများကို ဖြတ်သန်းခဲ့ပြီးနောက် ဖေဖော်ဝါရီလ၌ ပါလ်မီးရက်စ်အသင်းထံ ပြောင်းရွှေ့လာခဲ့ခြင်းဖြစ်သည်။ (Xinhua)

အမေရိကန်နိုင်ငံ ဖီလာဒဲလ်ဖီးယားမြို့တွင် ၂၀၂၅ ခုနှစ် ဇွန် ၂၈ ရက်က ဘရာဇီးကလပ်အသင်းများဖြစ်သည့် ပါလ်မီးရက်စ်အသင်းနှင့် ဘိုတာဖိုဂိုအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့သည့် ၂၀၂၅ ခုနှစ် ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ ၁၆ သင်းအဆင့်ပွဲစဉ်၌ ပါလ်မီးရက်စ် ကစားသမား ဗစ်တာ ရော့ကေး ဘိုင်စကယ်ကစ်ကန်ချက်ဖြင့် ဂိုးသွင်းရန် ကြိုးပမ်းနေပုံကို တွေ့ရစဉ် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ ဖီလာဒဲလ်ဖီးယားမြို့တွင် ၂၀၂၅ ခုနှစ် ဇွန် ၂၈ ရက်က ဘရာဇီးကလပ်အသင်းများဖြစ်သည့် ပါလ်မီးရက်စ်အသင်းနှင့် ဘိုတာဖိုဂိုအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့သည့် ၂၀၂၅ ခုနှစ် ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ ၁၆ သင်းအဆင့်ပွဲစဉ်၌ ပါလ်မီးရက်စ် ကစားသမား ဗစ်တာ ရော့ကေး (ဝဲ) ထိုးဖောက်ကစားနေပုံကို တွေ့ရစဉ် (ဆင်ဟွာ)
……………….
(English Version)
Chelsea joins race to sign Vitor Roque
RIO DE JANEIRO, Oct. 21 (Xinhua) — Chelsea is considering a move to sign in-form Palmeiras striker Vitor Roque, according to media reports in Brazil.
But the Premier League side faces competition for the 20-year-old’s signature from London rivals Tottenham and West Ham, news outlet Lance reported.
It added that Chelsea had made preliminary enquiries with a view to securing the forward in the January transfer window.
Roque has scored 13 goals in 26 league outings for Palmeiras this year in addition to four goals in eight Copa Libertadores matches for the Sao Paulo club.
He joined Palmeiras in February after disappointing spells with Spanish sides Barcelona and Real Betis.
English Caption 1
Palmeiras’ Vitor Roque (R) shoots during the round of 16 football match between Brazil’s Palmeiras and Brazil’s Botafogo at the FIFA Club World Cup 2025 in Philadelphia, the United States, June 28, 2025. (Xinhua/Li Rui)
English Caption 2
Palmeiras’ Vitor Roque takes a bicycle kick during the round of 16 football match between Brazil’s Palmeiras and Brazil’s Botafogo at the FIFA Club World Cup 2025 in Philadelphia, the United States, June 28, 2025. (Xinhua/Li Rui)
Palmeiras’ Victor Roque (L) breaks through during the round of 16 football match between Brazil’s Palmeiras and Brazil’s Botafogo at the FIFA Club World Cup 2025 in Philadelphia, the United States, June 28, 2025. (Xinhua/Li Rui)