Connect with us

China

ဆင်ဟွာသတင်းဌာနနှင့် ရိုက်တာသတင်းဌာနတို့ အပြန်အလှန် အကျိုးဖြစ်ထွန်းသော ပူးပေါင်းဆောင်ရွက်မှု တိုးချဲ့ရန် ဆွေးနွေး

တရုတ်နိုင်ငံ ပေကျင်းမြို့၌ ဆင်ဟွာသတင်းဌာန ဥက္ကဋ္ဌ ဖုဟွာနှင့် ခရီးစဉ်ရောက်ရှိလာသော ရိုက်တာသတင်းဌာန အကြီးအကဲ Alphonse Hardel တို့ ၂၀၂၅ ခုနှစ် အောက်တိုဘာ ၂၈ ရက်က တွေ့ဆုံဆွေးနွေးစဉ် (ဆင်ဟွာ)

ပေကျင်း၊ အောက်တိုဘာ ၂၉ ရက် (ဆင်ဟွာ)

ဆင်ဟွာသတင်းဌာန ဥက္ကဋ္ဌ ဖုဟွာသည် ခရီးစဉ်ရောက်ရှိလာသော ရိုက်တာသတင်းဌာန အကြီးအကဲ Alphonse Hardel နှင့် တရုတ်နိုင်ငံ ပေကျင်းမြို့၌ အောက်တိုဘာ ၂၈ ရက်တွင် တွေ့ဆုံဆွေးနွေးခဲ့သည်။

ထိုသို့တွေ့ဆုံရာတွင် ဖုဟွာက ရိုက်တာသတင်းဌာနသည် ဆင်ဟွာသတင်းဌာနနှင့် ပူးပေါင်းဆောင်ရွက်မှု ဆက်ဆံရေး အစောဆုံးတည်ထောင်သည့် အနောက်တိုင်း သတင်းဌာနများအနက် တစ်ခုဖြစ်ကြောင်း၊ နှစ်ပေါင်းများစွာကာလအတွင်း သတင်းဌာနနှစ်ခုသည် သတင်းဖလှယ်ရေး စသည့် ကဏ္ဍများ၌ ကြွယ်ဝသော ပူးပေါင်းဆောင်ရွက်မှုရလဒ်များ ရရှိခဲ့ကြောင်း၊ နှစ်ဖက်က အပြန်အလှန် လေးစားမှု၊ အကျိုးစီးပွား အတူမျှဝေမှုအခြေခံပေါ်တွင် ကမ္ဘာ့မီဒီယာထိပ်သီးအစည်းအဝေး စသည့် ယန္တရားများအောက်၌ ဖလှယ်မှုကို မြှင့်တင်ရန်၊ အပြန်အလှန် အကျိုးဖြစ်ထွန်းသော ပူးပေါင်းဆောင်ရွက်မှုကို မြဲမြံအောင်လုပ်ဆောင်ရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

Alphonse Hardel က နှစ်ဖက်အနေဖြင့် ဉာဏ်ရည်တု (AI) အား တာဝန်ယူမှုရှိစွာ အသုံးပြု၍ သတင်းဖြန့်ချိရေးအား ပိုမိုကောင်းမွန်စွာ အားဖြည့်ခြင်း စသည့်ကဏ္ဍများ၌ တူညီသည့်ဂရုပြုမှုများ ရှိနေကြောင်း၊ ဆင်ဟွာသတင်းဌာနနှင့် ထိရောက်မှုမြင့်မားသော ပူးပေါင်းဆောင်ရွက်မှု အလားအလာကို ထိန်းသိမ်းထားရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။
Alphonse Hardel က ဆင်ဟွာသတင်းဌာန၏ ပြည်ပဖလှယ်ရေး သရုပ်ပြစင်တာ၊ Big Data စင်တာ၊ သတင်းအချက်အလက် ထုတ်ပြန်ရေးစင်တာ တို့ကိုလည်း သွားရောက်လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။ (Xinhua)

———————
(Chinese Version)
新华社、路透社探讨拓展互利合作
新华社北京10月28日电(记者孙奕)新华社社长傅华28日在北京会见来访的路透社总裁阿方斯·哈德尔。
傅华表示,路透社是最早与新华社建立合作关系的西方通讯社之一,多年来两社在新闻交换等领域合作成果丰硕。期待双方在彼此尊重、利益共享的基础上,加强在世界媒体峰会等机制下交流,巩固互利合作。
哈德尔表示,双方在负责任地利用人工智能更好赋能新闻传播等领域有着共同关切,希望与新华社保持卓有成效的合作势头。
哈德尔还参观了新华社对外交流展示中心、大数据中心、新闻信息发稿中心。(完)
图说:10月28日,新华社社长傅华在北京会见来访的路透社总裁阿方斯·哈德尔。 新华社记者 岳月伟 摄