Connect with us

China

တရုတ်နိုင်ငံက ၂၀၃၀ ပြည့်နှစ်၌ လပေါ်သို့ လူလိုက်ပါဆင်းသက်နိုင်ရန် ရည်မှန်း၍ ရှေ့တွင်စမ်းသပ်မည့် လုပ်ငန်းများ ထုတ်ပြန်

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းရှိ ကျိုချွမ်ဂြိုဟ်တုလွှတ်တင်ရေးစင်တာတွင် ကျင်းပသည့် ရှန်ကျိုး-၂၁ လူလိုက်ပါ အာကာသပျံသန်းရေးမစ်ရှင်၏ သတင်းစာရှင်းလင်းပွဲကို ၂၀၂၅ ခုနှစ် အောက်တိုဘာ ၃၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကျိုချွမ်၊ အောက်တိုဘာ ၃၀ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသည် ၂၀၃၀ ပြည့်နှစ်မတိုင်မီ လပေါ်သို့ အာကာသယာဉ်မှူးများ ဆင်းသက်ရန် ၎င်း၏ ရည်မှန်းချက်အား ခိုင်မာစွာ စွဲကိုင်လျက်ရှိပြီး ၎င်း၏ ရည်မှန်းချက်ကြီးမားသော လူလိုက်ပါသည့် လကမ္ဘာစူးစမ်းလေ့လာရေးအစီအစဉ်အတွက် ဖွံ့ဖြိုးတိုးတက်မှုနှင့် စမ်းသပ်မှုများဖြင့် ပြည့်နေသည့် လုပ်ငန်းအစီအစဉ်တစ်ခုကို ထုတ်ပြန်ခဲ့သည်။
အရေးကြီးသော လာမည့်စမ်းသပ်မှုများစွာတွင် လကမ္ဘာဆင်းသက်ယာဉ် လန်ယွဲ့အတွက် ပေါင်းစပ်စမ်းသပ်မှု၊ လူလိုက်ပါသော အာကာသယာဉ် မုန့်ကျိုးအတွက် အပူစမ်းသပ်မှုများ၊ အမြင့်ဆုံးအတိုင်းအတာဖြင့် ဒိုင်းနမစ်ဖိအား လွတ်မြောက်မှု စမ်းသပ်မှုများနှင့် Long March-10 သယ်ဆောင်ရေးဒုံးပျံအတွက် ဝေဟင်နိမ့် ပျံသန်းမှုနှင့် နည်းပညာ အတည်ပြုချက် ပျံသန်းမှုများ ပါဝင်ကြောင်း တရုတ်နိုင်ငံ လူတင်အာကာသ အေဂျင်စီ (CMSA) က အောက်တိုဘာ ၃၀ ရက်၌ ထုတ်ပြန်ခဲ့သည်။

မုန့်ကျိုး-၁ အာကာသယာဉ်မစ်ရှင်ကို တရုတ်နိုင်ငံ၏ အာကာသစခန်းသို့ မစ်ရှင်များနှင့်အတူ အများပြည်သူဆိုင်ရာ လိုဂိုတောင်းခံရေးလှုပ်ရှားမှုတွင် ထည့်သွင်းမည်ဟု CMSA ပြောရေးဆိုခွင့်ရှိသူ ကျန်းကျင့်ပေါက သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ကြေညာခဲ့ခြင်းဖြစ်သည်။ ယင်းအာကာသယာဉ်ကို အဓိကအားဖြင့် လကမ္ဘာမစ်ရှင်များအတွက် ရည်ရွယ်တီထွင်ထားပြီး ကမ္ဘာပတ်လမ်းနိမ့်ရှိ အာကာသစခန်းမစ်ရှင်များကိုလည်း ပံ့ပိုးပေးသည်။

လူလိုက်ပါသော လကမ္ဘာမစ်ရှင်အတွက် ဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်ဆောက်ရေးလုပ်ငန်းအားလုံးကို စီစဉ်ထားသည့်အတိုင်း လုပ်ဆောင်လျက်ရှိကြောင်း ကျန်း က ပြောကြားခဲ့သည်။ Long March-10 ဒုံးပျံ၊ မုန့်ကျိုးအာကာသယာဉ်၊ လန်ယွဲ့လကမ္ဘာဆင်းသက်ယာဉ်၊ ဝမ့်ယွီအာကာသယာဉ်ပြင်ပလကမ္ဘာဝတ်စုံနှင့် ထန့်စော် လူလိုက်ပါသော လမျက်နှာပြင်သွားယာဉ်အပါအဝင် အဓိကပျံသန်းရေးဟာ့ဒ်ဝဲ၏ အခြေခံအကြိုရှေ့ပြေးပုံစံကို ဆောင်ရွက်ပြီးစီးခဲ့ပြီဖြစ်သည်။
ထို့အပြင် သိပ္ပံဆိုင်ရာသုတေသနနှင့် အသုံးချမှုများအတွက် payload (အာကာသ ဒုံးယာဉ်၊ ဂြိုဟ်တုတို့တွင်ပါရှိသော ပစ္စည်းကိရိယာ) ဒီဇိုင်းများကို အပြီးသတ်ဆောင်ရွက်ပြီးဖြစ်ပြီး လွှတ်တင်သည့်နေရာ၊ ခြေရာခံကွန်ရက်နှင့် ကမ္ဘာမြေပေါ်ရှိ ဆင်းသက်သည့်နေရာကဲ့သို့သော မြေပြင်အခြေခံအဆောက်အအုံများကို အရှိန်မြှင့်ဖော်ဆောင်လျက်ရှိကြောင်း ကျန်းက ပြောကြားခဲ့သည်။

လကမ္ဘာဆင်းသက်ရေးမစ်ရှင်သည် Long March-10 ဒုံးပျံအတွက် ဒုတိယအဆင့် တွန်းကန်အားစနစ်စမ်းသပ်မှုနှင့် ဖမ်းယူ ပစ်လွှတ်စမ်းသပ်မှု၊ မုန့်ကျိုးအာကာသယာဉ်အတွက် အမြင့်သုညမှ လွတ်မြောက်သည့် စမ်းသပ်မှုနှင့် လန်ယွဲ့ လကမ္ဘာဆင်းသက်ယာဉ်အတွက် ပြည့်စုံကျယ်ပြန့်သည့် ဆင်းသက်ခြင်းနှင့် ပျံတက်ခြင်းအား အတည်ပြုစမ်းသပ်မှုတို့ အပါအဝင် အောင်မြင်သော စမ်းသပ်မှုများစွာကို ယခုနှစ်တွင် မြင်တွေ့ခဲ့ရသည်။
ကျန်းက နည်းပညာအသစ်များစွာမှာ အတည်ပြုချက်လိုအပ်နေဆဲဖြစ်ပြီး ပျံသန်းရေးစမ်းသပ်မှုများအတွက် တင်းကျပ်သော အချိန်ဇယားနှင့် အရည်အသွေးမြင့်စံနှုန်းတို့ကြောင့် လာမည့်အလုပ်ဝန်မှာ ကြီးမားကြောင်း ပြောကြားခဲ့သည်။
စီမံကိန်းအဖွဲ့သည် ထိုအတားအဆီးများကို ကျော်လွှားရေးနှင့် နိုင်ငံ၏ လကမ္ဘာစူးစမ်းလေ့လာရေးရည်မှန်းချက်ကို အချိန်မီရောက်ရှိရေးအတွက် ခိုင်မာသောအုတ်မြစ်ချရန် ကတိပြုထားကြောင်း သိရသည်။(Xinhua)

……………….
(English Version)
China targets manned moon landing by 2030, outlines testing tasks ahead
JIUQUAN, Oct. 30 (Xinhua) — China is holding firm to its goal of landing astronauts on the moon before 2030, outlining a packed schedule of development and testing for its ambitious crewed lunar program.
A series of crucial upcoming tests include integrated testing for the Lanyue lunar lander, thermal tests and maximum dynamic pressure escape tests for the Mengzhou manned spacecraft, and low-altitude flight and technology verification flights for the Long March-10 carrier rocket, the China Manned Space Agency (CMSA) said on Thursday.
CMSA spokesperson Zhang Jingbo announced at a press conference that the Mengzhou-1 spacecraft mission will be included in the public logo solicitation campaign alongside missions to China’s space station. This spacecraft is primarily designed for lunar missions while also supporting the space station missions in low-Earth orbit.
All development and construction work for the crewed lunar mission is proceeding as planned, said Zhang. Primary preliminary prototyping of key flight hardware, including the Long March-10 rocket, the Mengzhou spacecraft, the Lanyue lander, the Wangyu lunar extravehicular suit and the Tansuo crewed lunar rover, has been completed.
Also, payload designs for scientific research and applications have been finalized, and ground-based infrastructure, such as the launch site, tracking network and landing site on Earth, is under accelerated development, according to Zhang.
The mission has seen a string of successful tests this year, including the second-stage propulsion system test and the captive firing test for the Long March-10 rocket, the zero-altitude escape test for the Mengzhou spacecraft, and the comprehensive landing and takeoff verification test for the Lanyue lander.
Zhang noted that numerous new technologies still require validation, and the upcoming workload is heavy, given the high-quality standards and a tight timeline for flight tests.
The project team has pledged to overcome these hurdles and lay a solid foundation for achieving the nation’s lunar exploration goal on schedule. ■
English Caption
A press conference on the Shenzhou-21 crewed spaceflight mission is held in Jiuquan Satellite Launch Center in northwest China on Oct. 30, 2025. (Xinhua/Li Zhipeng)