Connect with us

Politics, Law & Military

လီချန်နှင့် ဆားဘီးယားနိုင်ငံ ဝန်ကြီးချုပ် Djuro Macut တွေ့ဆုံဆွေးနွေး

တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့တွင် တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် လီချန်နှင့် ၈ ကြိမ်မြောက် တရုတ်နိုင်ငံတကာသွင်းကုန်ပြပွဲ (CIIE) တက်ရောက်ရန် တရုတ်နိုင်ငံသို့ ရောက်ရှိနေသော ဆားဘီးယားနိုင်ငံ ဝန်ကြီးချုပ် Djuro Macut တို့ အောက်တိုဘာ ၄ ရက် ညနေပိုင်းက တွေ့ဆုံဆွေးနွေးစဉ် (ဆင်ဟွာ)

ရှန်ဟိုင်း၊ နိုဝင်ဘာ ၅ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် လီချန်သည် ၈ ကြိမ်မြောက် တရုတ်နိုင်ငံတကာသွင်းကုန်ပြပွဲ (CIIE) တက်ရောက်ရန် တရုတ်နိုင်ငံသို့ ရောက်ရှိနေသော ဆားဘီးယားနိုင်ငံ ဝန်ကြီးချုပ် Djuro Macut နှင့် ရှန်ဟိုင်းမြို့တွင် အောက်တိုဘာ ၄ ရက် ညနေပိုင်းက တွေ့ဆုံဆွေးနွေးခဲ့သည်။ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် လီချန်က နှစ်နိုင်ငံ ခေါင်းဆောင်များ၏ မဟာဗျူဟာဦးဆောင်မှုအောက်တွင် တရုတ်-ဆားဘီးယားနိုင်ငံ ဆက်ဆံရေးသည် တည်ငြိမ်ကောင်းမွန်စွာ ဖွံ့ဖြိုးတိုးတက်သည့်အရှိန်အဟုန်ကို ထိန်းသိမ်းထားနိုင်ခဲ့ပြီး ကဏ္ဍအသီးသီး အပြန်အလှန် အကျိုးပြုသော ပူးပေါင်းဆောင်ရွက်မှုများ အရှိန်မြှင့် တွန်းအားပေးဆောင်ရွက်လျက်ရှိကြောင်း၊ ယခုနှစ်မှစ၍ သမ္မတ ရှီကျင့်ဖိန်သည် သမ္မတ Aleksandar Vučić နှင့် နှစ်ကြိမ် တွေ့ဆုံဆွေးနွေးခဲ့ပြီး အရေးကြီး ကိစ္စရပ်များစွာတွင် ကျယ်ပြန့်သော သဘောတူညီချက်များ ရရှိခဲ့ရာ ခေတ်သစ် တရုတ်- ဆားဘီးယား အေးအတူပူအမျှ အသိုက်အဝန်း တည်ဆောက်ရေးအတွက် ဦးတည်ချက်ကို တစ်ဆင့်တိုး လမ်းညွှန်ခဲ့ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ဆားဘီးယားနိုင်ငံနှင့်အတူ အပြန်အလှန် လေးစားမှု၊ အပြန်အလှန် ယုံကြည်မှုရှိသော စိတ်ဓာတ်ကို လက်ကိုင်ထားပြီး အပြန်အလှန်၏ အဓိကကျသော အကျိုးစီးပွားနှင့် အရေးကြီး စိုးရိမ်မှုများတွင် အခိုင်အမာ ထောက်ခံအားပေးရန်၊ နှစ်ဖက် ဆက်ဆံရေး အနှစ်သာရကို စဉ်ဆက်မပြတ် ကြွယ်ဝစေကာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်း ခိုင်မာရေး တွန်းအားပေးပြီး တရုတ်- ဆားဘီးယား ပြည်သူများအတွက် ပိုမိုများပြားသော အကျိုးများ ဆောင်ကြဉ်းပေးရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့သည်။

၂၀ ကြိမ်မြောက် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ စတုတ္ထအကြိမ်မြောက် မျက်နှာစုံညီအစည်းအဝေးသည် “၁၅ ကြိမ်မြောက် ၅ နှစ်စီမံကိန်း” အကြံပြုချက်များကို စိစစ်အတည်ပြုခဲ့ရာ နောင် ၅ နှစ်မှ ပိုမိုရှည်ကြာသော ကာလတစ်ခုအထိ တရုတ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မဟာဗျူဟာမြောက် စီမံကိန်းရေးဆွဲပေးခဲ့ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် “၂၀၃၅ ခုနှစ် ဆားဘီးယား” ဖွံ့ဖြိုးရေးအစီအစဉ်များနှင့်အတူ ချိတ်ဆက်လျက် ဆားဘီးယားနိုင်ငံနှင့်အတူ နှစ်ဖက် လွတ်လပ်သောကုန်သွယ်ရေး သဘောတူညီချက်ကို အပြည့်အဝအသုံးပြုကာ နှစ်နိုင်ငံ အစိုးရကြား ကုန်သွယ်စီးပွားနှီးနှောဖလှယ်ရေးကော်မတီ ယန္တရား အခန်းကဏ္ဍကို ပိုမိုကောင်းမွန်စွာ ပါဝင်ဆောင်ရွက်စေပြီး အဆင့်မြင့် “ရပ်ဝန်းနှင့် ပိုးလမ်းမ” အတူတကွ တည်ဆောက်ရေး မူဘောင်အတွင်း ဟန်ဂေရီ- ဆားဘီးယား မီးရထားလမ်း စသည့် အဓိကစီမံကိန်းကို မြှင့်တင်ကာ သိပ္ပံနည်းပညာဆန်းသစ်တီထွင်ရေး၊ အစိမ်းရောင် စီးပွားရေး၊ ဇီဝဆေးဝါး၊ ဉာဏ်ရည်တု (AI) စသည့် ကဏ္ဍများ ပူးပေါင်းဆောင်ရွက်မှုအလားအလာကို နက်ရှိုင်းစွာ ရှာဖွေပြီး ကုန်သွယ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု အဆက်မပြတ် ကျယ်ပြန့် ထိရောက်စွာ တိုးတက်စေရေးကို တွန်းအားပေးဆောင်ရွက်သွားလိုကြောင်း လီချန်က ပြောကြားခဲ့သည်။

နှစ်ဖက်အနေဖြင့် ယဉ်ကျေးမှု၊ ခရီးသွားလုပ်ငန်း၊ ပညာရေး၊ အားကစား စသည့် လူမှုယဉ်ကျေးမှု ကူးလူးဖလှယ်မှုများကို တစ်ဆင့်တိုး အားကောင်းစေပြီး နိုင်ငံအသီးသီးနှင့်အတူ တရုတ်-ဆားဘီးယား ချစ်ကြည်ရေး ပြည်သူတို့၏ စိတ်နှလုံးတွင် ပို၍နက်ရှိုင်းစေရန် မြှင့်တင်သွားရမည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ဆားဘီးယားနိုင်ငံနှင့်အတူ ကုလသမဂ္ဂစသည့် ပလက်ဖောင်းများတွင် နီးကပ်စွာ ညှိနှိုင်းဆောင်ရွက်ရန်၊ နိုင်ငံအသီးသီးနှင့်အတူ ကမ္ဘာလုံးဆိုင်ရာ အစီအမံကြီး ၄ ရပ်ကို တက်ကြွစွာ လက်တွေ့ဖော်ဆောင်မှုကို မြှင့်တင်ကာ စစ်မှန်သော နိုင်ငံစုံ ပူးပေါင်းဆောင်ရွက်မှုဝါဒကို လက်တွေ့ကျင့်သုံးရန်၊ ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှု အားကောင်း၍ ကောင်းမွန်ပြည့်စုံစေရန်၊ လူသားမျိုးနွယ် အေးအတူပူအမျှအသိုက်အဝန်း ပိုမိုကောင်းမွန်စွာ ဖွဲ့စည်းတည်ဆောက်သွားရန် ဆန္ဒရှိကြောင်း လီချန်က ထောက်ပြပြောကြားခဲ့သည်။

Macut က ဆားဘီးယား-တရုတ် အစဉ်အလာ ချစ်ကြည်ရင်းနှီးမှုသည် နက်ရှိုင်းခိုင်မာကာ နှစ်နိုင်ငံဆက်ဆံရေးသည် မကြာသေးမီနှစ်များတွင် ရေရှည် ဖွံ့ဖြိုးတိုးတက်မှုများ ရရှိခဲ့ကြောင်း၊ သမ္မတ ရှီကျင့်ဖိန်နှင့် သမ္မတ Aleksandar Vučić တို့ အောင်မြင်စွာ အပြန်အလှန် ခရီးစဉ်သွားရောက်ခဲ့ကြပြီး ဆားဘီးယား-တရုတ် ဆက်ဆံရေး သမိုင်းဝင် အဆင့်အသစ်သို့ ရောက်ရှိခဲ့ကြောင်း၊ ဆားဘီးယားအစိုးရသည် တရုတ်တစ်နိုင်ငံတည်းမူဝါဒကို အခိုင်အမာ လက်ကိုင်ထားပြီး တရုတ်နိုင်ငံက အဓိကကျသော အကျိုးစီးပွားကိစ္စရပ်များတွင် တရားဝင် ရပ်တည်ချက်များကို ကာကွယ်ထိန်းသိမ်းခြင်းကို အခိုင်အမာ ထောက်ခံကြောင်း ပြောကြားခဲ့သည်။

ဆားဘီးယားနိုင်ငံသည် ဆားဘီးယားနိုင်ငံစီးပွားရေး၊ လူမှုရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် တရုတ်နိုင်ငံ၏ အဖိုးတန် ပံ့ပိုးမှုများ ပေးအပ်မှုအပေါ် အထူးပင် ကျေးဇူးတင်ရှိကြောင်း၊ တရုတ်နိုင်ငံနှင့်အတူ အဆင့်မြင့်အလွှာ ကူးလူးဆက်ဆံမှုများ နီးကပ်စေပြီး ကုန်သွယ်စီးပွားရေး၊ ရင်းနှီးမြှုပ်နှံမှု၊ ကုန်ချောထုတ်လုပ်ရေးလုပ်ငန်း၊ သိပ္ပံနည်းပညာ၊ ဉာဏ်ရည်တု (AI)၊ ခရီးသွားလုပ်ငန်း စသည့် ကဏ္ဍများ ပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းစေကာ နှစ်နိုင်ငံ ပြည်သူများကြား ချစ်ကြည်ရင်းနှီးမှုကို တိုးတက်စေရန် မျှော်လင့်ကြောင်း၊ တရုတ်နိုင်ငံစီးပွားရေး တိုးတက်မှုသည် ကမ္ဘာလုံးဆိုင်ရာ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုအတွက် ခိုင်မာအားကောင်းသော စွမ်းအင်များ ဖြည့်တင်းပေးကြောင်း၊ တရုတ်နိုင်ငံ၏ “၁၅ ကြိမ်မြောက် ၅ နှစ်စီမံကိန်း” အစီအစဉ်က ဆားဘီးယား စသည့် နိုင်ငံများအား တရုတ်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှုတွင် အခွင့်အလမ်းအသစ်များ ဆောင်ကြဉ်းပေးနိုင်မည်ဟု ယုံကြည်ကြောင်း၊ ဆားဘီးယားနိုင်ငံသည် သမ္မတ ရှီကျင့်ဖိန် အဆိုပြုသော လူသားမျိုးနွယ် အေးအတူပူအမျှ အသိုက်အဝန်းဖွဲ့စည်းတည်ဆောက်ရေးအတွေးအခေါ်နှင့် ကမ္ဘာလုံးဆိုင်ရာ အစီအမံကြီး ၄ ရပ်ကို အခိုင်အမာ ထောက်ခံအားပေးကြောင်း၊ တရုတ်နိုင်ငံနှင့်အတူ နိုင်ငံစုံ အခင်းအကျင်းများတွင် ညှိနှိုင်းဆောင်ရွက်မှု အားဖြည့်ကာ ဘုံဖွံ့ဖြိုးတိုးတက်၍ သာယာဝပြောမှုကို မြှင့်တင်သွားလိုကြောင်း ပြောကြားခဲ့သည်။ချန်ကျီနင်၊ ဝူကျိန့်လုန် တို့သည်လည်း ယင်းတွေ့ဆုံဆွေးနွေးပွဲကို ပါဝင်တက်ရောက်ခဲ့သည်။ (Xinhua)
……………………………
(Chinese Version)
第八届进博会|李强会见塞尔维亚总理马楚特
新华社上海11月4日电(记者周蕊、邵艺博)11月4日下午,国务院总理李强在上海会见来华出席第八届中国国际进口博览会的塞尔维亚总理马楚特。
李强表示,在两国元首战略引领下,中塞关系保持稳健发展势头,各领域互利合作加速推进。今年以来,习近平主席同武契奇总统两度会晤,就一系列重大问题达成广泛共识,为新时代中塞命运共同体建设进一步指明了方向。中方愿同塞方秉持互尊互信的精神,坚定支持彼此核心利益和重大关切,持续丰富双边关系内涵,推动两国合作走深走实,为中塞人民带来更多福祉。
李强指出,中共二十届四中全会审议通过了“十五五”规划建议,为今后5年乃至更长一段时期的中国发展作出战略擘画。中方愿加强同“塞尔维亚2035”发展规划的对接,同塞方充分用好双边自贸协定,更好发挥两国政府间经贸混委会机制作用,在高质量共建“一带一路”框架内,推进匈塞铁路等重点项目,深挖科技创新、绿色经济、生物医药、人工智能等领域合作潜力,推动经贸合作不断扩面增效。双方要进一步加强文化、旅游、教育、体育等人文交流,推动中塞友好更加深入人心。中方愿同塞方在联合国等平台密切协调配合,推动各方一道积极落实四大全球倡议,践行真正的多边主义,加强和完善全球治理,更好构建人类命运共同体。
马楚特表示,塞中传统友谊深厚,两国关系近年来取得长足发展。习近平主席和武契奇总统成功互访,引领塞中关系迈上历史新高度。塞政府恪守一个中国原则,坚定支持中国在维护核心利益问题上的正当立场。塞方由衷感谢中方为塞经济社会发展给予的宝贵支持,期待同中方密切高层往来,深化经贸、投资、加工业、科技、人工智能、旅游等领域合作,增进两国人民间的友谊。中国经济增长为世界可持续发展注入强劲动力,相信中国“十五五”规划将为塞尔维亚等各国对华合作带来新机遇。塞方坚定支持习近平主席提出的构建人类命运共同体理念和四大全球倡议,愿同中方在多边场合加强协作,促进共同发展繁荣。