Connect with us

International Organizations

ချန်ပီယံလိဂ်တွင် မန်ချက်စတာစီးတီးက ဒေ့ါမွန်ကို ဂိုးပြတ်အနိုင်ယူ

စပိန်နိုင်ငံ ဗီလာရီးရဲလ်မြို့ရှိ လာဆယ်ရာမီကာ အားကစားကွင်း၌ ၂၀၂၅ ခုနှစ် အောက်တိုဘာ ၂၁ ရက်က မန်ချက်စတာစီးတီးအသင်းနှင့် ဗီလာရီးရဲလ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့သည့် ချန်ပီယံလိဂ် ဘောလုံးပွဲစဉ်တွင် မန်ချက်စတာစီးတီး ကစားသမားများ ဂိုးသွင်းပြီးနောက် အောင်ပွဲခံနေစဉ် (ဆင်ဟွာ)

ဘာလင်၊ နိုဝင်ဘာ ၆ ရက် (ဆင်ဟွာ)

နိုဝင်ဘာ ၅ ရက် ညပိုင်းက ယှဉ်ပြိုင်ကစားခဲ့သည့် ချန်ပီယံလိဂ် ပွဲစဉ်များတွင် မန်ချက်စတာစီးတီးက ‌ဒေ့ါမွန်ကို ၄-၁ ဂိုးဖြင့် ဂိုးပြတ်အနိုင်ရရှိကာ အဆင့်-၄ သို့ တက်လှမ်းနိုင်ခဲ့ပြီး အဆင့်ရပ်တည်မှုအရ ထိပ်ဆုံးသုံးသင်းဖြစ်သော ဘိုင်ယန်မြူးနစ်၊ အာဆင်နယ်၊ အင်တာမီလန်တို့နှင့် နှစ်မှတ်အကွာသို့ ရောက်ရှိလာခဲ့သည်။

ဒေ့ါမွန်က ပွဲကိုအကောင်းဆုံး စတင်နိုင်ခဲ့ပြီး အပြင်းအထန် ဖိအားပေးကစားကာ စီးတီးအား ပွဲချိန်အစောပိုင်းတွင် ကစားကွက်တည်မရအောင် လုပ်နိုင်ခဲ့သည်။ သို့သော် ပွဲချိန် ၂၂ မိနစ်တွင် ဖီးလ်ဖိုဒန်က ဂိုးဧရိယာအစပ်မှ တိကျသေသပ်သော အနိမ့်ကန်ချက်ဖြင့် ဦးဆောင်ဂိုးသွင်းယူခဲ့ပြီးနောက် ပွဲ၏အရှိန်အဟုန်မှာ ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။ ခုနစ်မိနစ်အကြာတွင် ဒိုကူ ဖြတ်တင်ဘောပေးပို့ရာတွင် အာလင် ဟာလန်းက အပြင်းကန်သွင်း၍ ဒုတိယဂိုးသွင်းယူခဲ့သလို အိမ်ရှင်အသင်းက ဘောလုံးပိုင်ဆိုင်မှု အသာရအောင် ပြန်လည်ထိန်းချုပ်နိုင်ခဲ့သည်။

ဧည့်သည်အသင်းမှာ ပွဲကိုစတင်ပုံ ကောင်းမွန်ခဲ့သော်လည်း စီးတီး၏ အမြန်နှုန်းနှင့် ရွေ့လျားပုံကို ထိန်းချုပ်နိုင်ရန် ရုန်းကန်ခဲ့ရပြီး ဒေ့ါမွန်ဂိုးသမား ဂရီဂေါ် ကိုဘယ်လ်မှာ ပထမပိုင်းမပြီးမီတွင် ဂိုးပေါက်ကာကွယ်မှုများ အကြိမ်ကြိမ်ပြုလုပ်ခဲ့ရသည်။ ပွဲချိန် ၅၇ မိနစ်တွင် ဖိုဒန်က ထောင့်ကန်ဘောမှတစ်ဆင့် သေသေသပ်သပ် ပိတ်သွင်းကာ ထပ်မံဂိုးသွင်းယူနိုင်ခဲ့သည်။ ထို့နောက် ဒေ့ါမွန်အသင်းမှ ဝေါ်လ်ဒီမာ အန်တန်က မြေမကျကန်ချက်ဖြင့် အိမ်ရှင်အသင်းဘက်ကို ချေပဂိုးသွင်းယူခဲ့သဖြင့် ပုံမှန်ပွဲကစားချိန်ပြီးဆုံးရန် မိနစ် ၂၀ နီးပါးအလိုတွင် ၃-၁ ဂိုးရလဒ် ဖြစ်နေခဲ့သည်။

ဘွန်ဒက်စ်လီဂါကလပ် ဒေါ့မွန်က ပြန်လည်ဖိအားပေး တိုက်စစ်ဆင်ခဲ့ရာ ကာရင်မ် အဒီယီမီ ဂိုးရရှိရန် နှစ်ကြိမ်တိုင်တိုင် နီးစပ်ခဲ့သော်လည်း နာကျင်အချိန်ပိုတွင် လူစားဝင်ကစားသမား ရာယန် ချာကီက စီးတီးအတွက် အနိုင်ဂိုးထပ်မံသွင်းယူခဲ့သည်။
ယခုနိုင်ပွဲကြောင့် စီးတီးအနေဖြင့် ဥရောပပြိုင်ပွဲတွင် အိမ်ကွင်း၌ ခြောက်ပွဲဆက်တိုက် ရှုံးပွဲမရှိအောင် ကစားနိုင်ခဲ့သလို လီဗာပူးလ်၊ လေဗာကူဆင်တို့နှင့် ယှဉ်ပြိုင်ကစားရမည့် ပွဲစဉ်များမတိုင်မီ ခြေစွမ်းပိုင်း သိသိသာသာ တိုးတက်လာခဲ့ပြီး နောက်တစ်ဆင့်တက်နိုင်ရေးအတွက် အလားအလာများကို မြှင့်တင်နိုင်ခဲ့သည်။
ဒေ့ါမွန်အသင်းမှာမူ ယခုလနှောင်းပိုင်းတွင် ဗီလာရီးရဲလ်အား အိမ်ကွင်း၌ လက်ခံကစားရမည့် ပွဲစဉ်မတိုင်မီ ယခုရာသီ ချန်ပီယံလိဂ် ပထမဆုံးရှုံးပွဲမှ ပြန်လည်ရုန်းထနိုင်ရန် ကြိုးပမ်းရမည်ဖြစ်သည်။

“စီးတီးက ပိုကောင်းတဲ့အသင်းဖြစ်ခဲ့တာကို ကျွန်တော်တို့ တွေ့ခဲ့ရပါတယ်။ ကျွန်တော်တို့ ပွဲကိုစတင်ပုံ ကောင်းမွန်ခဲ့ပေမဲ့ အခွင့်အရေးတွေကို လုံလုံလောက်လောက် ဖန်တီးနိုင်ခြင်းမရှိသလို အဘက်ဘက်မှာ စွမ်းဆောင်ရည် နိမ့်ကျလွန်းနေပါတယ်။ ကျွန်တော်တို့အတွက် ထိုက်တန်တဲ့ရှုံးပွဲတစ်ပွဲပါ။ စီးတီးနဲ့ ရင်ဆိုင်ခဲ့ရတယ်ဆိုပေမဲ့ လေးဂိုးအထိ ခွင့်ပြုခဲ့ရတာကတော့ တော်တော့်ကို ဆိုးရွားလွန်းပါတယ်။ နောက်ဆုံးကျရင် ဂိုးကွာခြားချက်ကလည်း အရေးပါလာနိုင်တယ်လေ” ဟု ဒေ့ါမွန်နည်းပြ နီကို ကိုဗက်က ဆိုသည်။

မန်စီးတီးနည်းပြ ပက်ပ် ဂွါဒီယိုလာကမူ အသင်း၏အနိုင်ရလဒ်အတွက် ကျေနပ်အားရကြောင်း ပြောကြားခဲ့သည်။ “ပထမပိုင်း ၁၅ မိနစ်မှာ ဘယ်လိုဖြစ်တာလဲလို့ ကျွန်တော် ရေရွတ်မိခဲ့တယ်။ သူတို့ကစားပုံ ကောင်းမွန်ခဲ့ပြီး ကျွန်တော်တို့ကို ဖိအားတွေ အများကြီးပေးနိုင်ခဲ့တယ်။ ကျွန်တော်တို့အတွက် ပွဲကောင်းတစ်ပွဲ ဖြစ်ခဲ့သလို ဒေ့ါမွန်အသင်းကိုလည်း သိပ်ကိုလေးစားမိပါတယ်။ ဒီရလဒ်နဲ့ စွမ်းဆောင်ရည်အတွက် ကျွန်တော်တို့ ကျေနပ်ပါတယ်။ ကျွန်တော်တို့အသင်းက ဘိုင်ယန်မဟုတ်သလို အာဆင်နယ်လည်း မဟုတ်ဘူးလေ။ ဒါပေမဲ့ သူတို့နီးပါးလောက်တော့ ဖြစ်နေပါပြီ” ဟု ၎င်းက ပြောသည်။

နိုဝင်ဘာ ၅ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် အခြားသော ချန်ပီယံလိဂ်ပွဲစဉ်များတွင် အင်တာမီလန်က အက်ဖ်စီ ကိုင်ရတ်ကို ၂-၁ ဂိုးဖြင့် အနိုင်ရခဲ့ပြီး ရလဒ်ကောင်းများကို ဆက်လက်ရယူနိုင်ခဲ့သည်။ ချဲလ်ဆီးအသင်းနှင့် ကာရာဘတ်အသင်း၏ ပွဲစဉ်၌ ၂ ဂိုးစီ သရေကျခဲ့ကာ ပါဖော့စ်က ဗီလာရီးရဲလ်ကို ၁-၀ ဂိုးဖြင့်လည်းကောင်း၊ ဂါလာတာစာရေးက အေဂျက်စ်ကို ၃-၀ ဂိုးဖြင့်လည်းကောင်း၊ လေဗာကူဆင်က ဘင်ဖီကာကို ၁-၀ ဂိုးဖြင့်လည်းကောင်း အသီးသီးအနိုင်ရခဲ့ပြီး ဘာစီလိုနာနှင့် ကလပ်ဘရုဂေးအသင်း၏ ပွဲစဉ်မှာမူ ၃ ဂိုးစီ သရေကျခဲ့သည်။ အတ္တလန်တာက မာဆေးကို ၁-၀ ဂိုးဖြင့်လည်းကောင်း၊ နယူးကာဆယ်က အက်သလက်တစ် ဘီဘာအိုကို ၂-၀ ဂိုးဖြင့်လည်းကောင်း အနိုင်ရရှိခဲ့သည်။ (Xinhua)

စပိန်နိုင်ငံ ဗီလာရီးရဲလ်မြို့ရှိ လာဆယ်ရာမီကာ အားကစားကွင်း၌ ၂၀၂၅ ခုနှစ် အောက်တိုဘာ ၂၁ ရက်က မန်ချက်စတာစီးတီးအသင်းနှင့် ဗီလာရီးရဲလ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့သည့် ချန်ပီယံလိဂ် ဘောလုံးပွဲစဉ်တွင် မန်ချက်စတာစီးတီးအသင်းမှ အာလင် ဟာလန်းအား တွေ့ရစဉ် (ဆင်ဟွာ)

အီတလီနိုင်ငံ မီလန်မြို့တွင် ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၅ ရက်က အီတလီကလပ် အင်တာမီလန်အသင်းနှင့် ကာဇက်စတန်ကလပ် ကိုင်ရတ် အယ်လ်မာတီအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့သည့် ယူအီးအက်ဖ်အေ ချန်ပီယံလိဂ်ပွဲစဉ်၌ အင်တာမီလန်အသင်းမှ မားကပ်စ် သူရမ် (ယာ-ဒုတိယ) ၏ ယှဉ်ပြိုင်ကစားဟန်ကို တွေ့ရစဉ် (ဆင်ဟွာ)

…………………
(English Version)
Manchester City thrashes Dortmund in Champions League
BERLIN, Nov. 5 (Xinhua) — Manchester City climbed to fourth in the Champions League standings after a commanding 4-1 win over Borussia Dortmund, moving within two points of leading trio Bayern Munich, Arsenal and Inter on Wednesday.
Dortmund began brightly, pressing high and keeping City pinned back in the opening spell. Yet once Phil Foden broke the deadlock with a precise low finish from the edge of the box in the 22nd minute, momentum quickly shifted. Seven minutes later, Erling Haaland doubled the lead with a powerful strike from Doku’s cross, and the hosts began to dominate possession.
Despite a promising start, the visitors struggled to handle City’s pace and movement, with goalkeeper Gregor Kobel repeatedly called into action before halftime. Foden struck again in the 57th minute, finishing neatly into the same corner to make it 3-0. Dortmund briefly responded when Waldemar Anton volleyed home after a short free kick to reduce the deficit to 3-1 with just under 20 minutes remaining.
The Bundesliga side pressed forward, and Karim Adeyemi went close twice, but substitute Rayan Cherki sealed the result with a stoppage-time finish.
The victory extends City’s unbeaten home run in European competition to six matches and lifts it into strong contention of progression from the league phase ahead of upcoming clashes with Liverpool and Bayer Leverkusen. Dortmund, meanwhile, will look to recover from its first Champions League defeat before hosting Villarreal later this month.
“We have seen that City are simply the better team. We started well but did not create enough chances and were too passive overall. It is a deserved defeat for us. Of course, it is City, but conceding four goals is still a bit too much, in the end, goal difference might also matter,” rued Dortmund coach Niko Kovac.
City manager Pep Guardiola expressed satisfaction with his team’s win. “The first 15 minutes I said, wow, what is this? They were good and put us under a lot of pressure. It was a good game for us, and I have great respect for Dortmund. We are pleased with the result and the performance. We are not Bayern, not Arsenal, but we are close,” he said.
Elsewhere in the Champions League on Wednesday, Inter Milan stayed perfect with a 2-1 win at FC Kairat, Qarabag drew 2-2 with Chelsea, Pafos beat Villarreal 1-0, Galatasaray downed Ajax 3-0, Bayer Leverkusen edged Benfica 1-0, Barcelona drew 3-3 with Club Brugge, Atalanta beat Marseille 1-0, and Newcastle topped Athletic Club 2-0.
English Caption 1
Players of Manchester City celebrate a goal during the Champions League football match between Manchester City and Villarreal CF in La Ceramica stadium, Villarreal, Spain, on October 21, 2025. (Xinhua/Stinger)
English Caption 2
Erling Haaland of Manchester City reacts during the Champions League football match between Manchester City and Villarreal CF in La Ceramica stadium, Villarreal, Spain, on October 21, 2025. (Xinhua/Stinger)
English Caption 3
Inter Milan’s Marcus Thuram (2nd R) competes during the league phase match between Inter Milan of Italy and Kairat Almaty of Kazakhstan at the UEFA Champions League in Milan, Italy, Nov. 5, 2025. (Xinhua/Li Jing)