Connect with us

Asia

ဂျပန်နိုင်ငံ၌ Trami တိုင်ဖွန်းမုန်တိုင်းကြောင့် လူ ၂ ဦးသေဆုံး ၊ အများအပြား ဒဏ်ရာရ

ဂျပန်နိုင်ငံ၌ တိုင်ဖွန်းမုန်တိုင်း ဝင်ရောက်တိုက်ခတ်နေစဉ်(ဆင်ဟွာ)

တိုကျို ၊ အောက်တိုဘာ ၁ ရက် (ဆင်ဟွာ)

အင်အားအလွန်ပြင်းထန်သော တိုင်ဖွန်းမုန်တိုင်းတစ်လုံးသည် စက်တင်ဘာ ၃ဝ ရက် နှင့် အောက်တိုဘာ ၁ ရက် နံနက် အစောပိုင်းက ဂျပန်နိုင်ငံအတွင်း ဝင်ရောက်တိုက်ခတ်ခဲ့ရာ အနည်းဆုံး လူ ၂ ဦးသေဆုံးပြီး ၁၂ဝ ကျော် ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။

ဂျပန်နိုင်ငံမိုးလေဝသအေဂျင်စီ၏ ထုတ်ပြန်ချက်အရ တိုင်ဖွန်းမုန်တိုင်း Trami သည် ဂျပန်နိုင်ငံ အနောက်ပိုင်း နှင့် အရှေ့ပိုင်း ၊ တိုကျိုမြို့အနှံ့အပြား အပါအဝင် ဟွန်ဆူးကျွန်းမြောက်ပိုင်းကို ဝင်ရောက်တိုက်ခတ်ခဲ့ကြောင်း ဖော်ပြထားသည်။

ဒေသတွင်းမီဒီယာ၏ ဖော်ပြချက်အရ မုန်တိုင်းကြောင့် ဂျပန်နိုင်ငံ အနောက်ပိုင်း Tottori စီရင်စု၌ မြေပြိုမှုဖြစ်ပွားခဲ့ပြီး ထရပ်ကားယာဉ်မောင်းတစ်ဦး သေဆုံးခဲ့ရကြောင်း ဆိုသည်။ အခြားသေဆုံးသူတစ်ဦးမှာ Yamanashi စီရင်စုမှ ဖြစ်ကြောင်း ၎င်း၏ ရုပ်အလောင်းကို မြစ်တစ်ခုအတွင်း တွေ့ရှိခဲ့ရကြောင်း ဖော်ပြထားသည်။

အရှေ့ဂျပန်ရထားပို့ဆောင်ရေးကုမ္ပဏီက တိုကျိုမြို့ရှိ မြေအောက်ရထားများအားလုံးကို စက်တင်ဘာ ၃ဝ ရက် ဒေသစံတော်ချိန် နံနက် ၈ နာရီတွင် ရပ်ဆိုင်းခဲ့ကြောင်း ပြောကြားခဲ့သည်။

တစ်ချိန်တည်းမှာပင် အလယ်ပိုင်းဂျပန်ရထားပို့ဆောင်ရေးကုမ္ပဏီက တိုကျိုမြို့နှင့် ရှင်အိုဆာကာမြို့ကို ခုတ်မောင်းပေးနေသည့် Shinkansen ကျည်ဆံရထားများအားလုံးကို ခရီးစဉ်ဖျက်သိမ်းခဲ့သည်။သို့သော် အောက်တိုဘာ ၁ ရက် နံနက် ၇ နာရီ ၃ဝ မိနစ်တွင် ရထားအားလုံးကို ပြန်လည် ထွက်ခွာခွင့်ပြုခဲ့ကြောင်း တာဝန်ရှိသူများကဆိုသည်။

အောက်တိုဘာ ၁ ရက် တွင် ဂျပန်လေကြောင်းလိုင်း(JAL) နှင့် နီပွန်လေကြောင်းလိုင်း(ANA) အပါအဝင် အဓိကလေကြောင်းလိုင်းများမှ လေယာဉ်ခရီးစဉ် ၁၈ဝ ကျော်ကို ခရီးစဉ်ဖျက်သိမ်းခဲ့ကြောင်း သိရသည်။

အောက်တိုဘာ ၁ ရက် နံနက်ပိုင်းတွင် တိုက်ခတ်ခဲ့သော အင်အားပြင်းတိုင်ဖွန်းမုန်တိုင်းသည် တိုကျိုမြို့ပေါ်နှင့်အနီးပတ်ဝန်းကျင်ရှိ လူနေအိမ်ပေါင်း ၄၅ဝ,ဝဝဝကို ဖျက်ဆီးခဲ့ကြောင်း သိရသည်။

၎င်းတိုင်ဖွန်းမုန်တိုင်းသည် လေတိုက်နှုန်း တစ်နာရီ ၁၈ဝ ကီလိုမီတာ နှုန်းဖြင့် အမြင့်ဆုံး တိုက်ခတ်လျက် ရှိကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.