Connect with us

Environment, Disasters & Accidents

ရေချို၊ ရေငန် ဆက်စပ်နေသော ကုန်းပြင်မြင့်ပေါ်က “ညီအစ်မရေကန်” ဖြစ်သည့် တာ့ဆူးကန်းရေကန်နှင့် ရှောင်ဆူးကန်းရေကန်

အားခဲ့စိုက် (ကန်းစု)၊ နိုဝင်ဘာ ၁၇ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ကန်းစုပြည်နယ် ကျိုချွမ်မြို့ အားခဲ့စိုက် ကာဇက်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရခရိုင်အတွင်းရှိ “ညီအစ်မရေကန်” ဖြစ်သော တာ့ဆူးကန်းရေကန်၊ ရှောင်ဆူးကန်းရေကန်တို့သည် ဆက်တိုက် ရေခဲလာကြသည်။ကြည်လင်လှသော ရေပြင်သည် နေရောင်အောက်တွင် ထွန်းလင်းတောက်ပနေပြီး အနောက်မြောက်ကုန်းပြင်မြင့်ပေါ်တွင် ထည့်သွင်းထားသည့် တောက်ပြောင်သော ပုလဲလုံးကဲ့သို့ ဖြစ်နေသည်။ တာ့ဆူးကန်းရေကန်၊ ရှောင်ဆူးကန်းရေကန်တို့သည် ချီလျန်တောင် ရေခဲဆီးနှင်းများ အရည်ပျော်ရာမှ စုစည်းဖြစ်ပေါ်လာပြီး ရေကန်တစ်ဆက်တည်းဖြစ်သော်လည်း “အထက်ပိုင်းရှိ ရှောင်ဆူးကန်းရေကန်သည် ရေချိုကန်ဖြစ်၍ အောက်ပိုင်းရှိ တာ့ဆူးကန်းရေကန်မှာ “ရေငန်ကန်” ဖြစ်ကာ ထူးခြားသည့်အသွင်အပြင်များ ဖြစ်ပေါ်လျက်ရှိပေသည်။

တရုတ်နိုင်ငံ ကန်းစုပြည်နယ် ကျိုချွမ်မြို့ အားခဲ့စိုက် ကာဇက်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရခရိုင် အားရီးနာ့ကျေးရွာတွင် တာ့ဆူးကန်းရေကန် မျက်နှာပြင် ရေခဲနေသည့်မြင်ကွင်းကို နိုဝင်ဘာ ၁၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

၎င်းတို့သည် ကျယ်ပြန့်လှသော ဂိုဘီကန္တာရအတွင်း စိမ်းလန်းစိုပြည်သော ဂေဟစိမ့်မြေအရပ်ကို ဖန်တီးပေးကာ တရုတ်နိုင်ငံ၏ ရွှေ့ပြောင်းငှက်များ ပြောင်းရွှေ့ရာလမ်းကြောင်းပေါ်ရှိ အရေးပါသော တစ်ထောက်နားခိုရာ၊ မျိုးပွား ခိုနားရာဒေသများအနက် တစ်ခု ဖြစ်လာခဲ့သည်။ကန်းစုပြည်နယ် အကြီးဆုံး ကုန်းတွင်းရေကန်စနစ်အဖြစ် တာ့ဆူးကန်းရေကန်၊ ရှောင်ဆူးကန်းရေကန်တို့ကို ၁၉၈၂ ခုနှစ်တွင် ပြည်နယ်အဆင့် ရွှေ့ပြောင်းငှက်များ၏ သဘာဝထိန်းသိမ်းရေးနယ်မြေအဖြစ် သတ်မှတ်ခဲ့သည်။ (Xinhua)
#တရုတ်နိုင်ငံ #ရေချို_ရေငန်ကန် #ကန်းစုပြည်နယ် #ရွှေ့ပြောင်းငှက်များ #Lake
…………………………..
(Chinese Version)
大、小苏干湖:咸淡相连的高原“姊妹湖”
新华社照片,阿克塞(甘肃),2025年11月16日
入冬以来,位于甘肃省酒泉市阿克塞哈萨克族自治县境内的“姊妹湖”——大、小苏干湖陆续封冻。澄澈的湖面在阳光下熠熠生辉,犹如镶嵌在西北高原上的璀璨明珠。大、小苏干湖由祁连山冰雪融水汇聚而成,虽一水相连,却呈现“上游小苏干湖为淡水湖、下游大苏干湖为咸水湖”的独特现象。它们共同在广袤戈壁中滋养出一片生机盎然的生态湿地,成为我国候鸟迁徙路线上重要的中转站和繁殖栖息地之一。
作为甘肃省最大的内陆湖泊系统,大、小苏干湖于1982年被划定为省级候鸟自然保护区。
图说:这是11月16日在甘肃省酒泉市阿克塞县阿伊纳乡拍摄的连接大、小苏干湖的水道(无人机照片)。 新华社记者 郎兵兵 摄
图说2:这是11月16日在甘肃省酒泉市阿克塞县阿伊纳乡拍摄的大苏干湖结冰湖面(无人机照片)。新华社记者 郎兵兵 摄