Connect with us

Politics

ထိုင်ဝမ်အရေးနှင့်စပ်လျဉ်းသည့် တာကာအိချိ၏ မှားယွင်းသောပြောဆိုချက်များအပေါ် မြန်မာနိုင်ငံက ရှုတ်ချ

ရန်ကုန်၊ နိုဝင်ဘာ ၂၂ ရက် (ဆင်ဟွာ)

ထိုင်ဝမ်အရေးနှင့်စပ်လျဉ်းသည့် ဂျပန်ဝန်ကြီးချုပ် ဆာနာအဲ တာကာအိချိ၏ မှားယွင်းသော ပြောဆိုချက်များအပေါ် ရှုတ်ချကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် တရုတ်တစ်နိုင်ငံတည်း မူဝါဒကို အစဉ်အမြဲ ခိုင်မာစွာ ထောက်ခံကြောင်း မြန်မာနိုင်ငံ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက နိုဝင်ဘာ ၂၂ ရက် ဆင်ဟွာသတင်းထောက်၏ မေးမြန်းမှုကို လက်ခံဖြေကြားစဉ်တွင် ပြောကြားခဲ့သည်။

တာကာအိချိ၏ ပြောဆိုချက်များမှာ သမိုင်းအပေါ် သင်ခန်းစာမယူသည့် ပြောကြားချက်ဖြစ်ကြောင်း၊ ဂျပန်တို့၏ အတိတ်သမိုင်းက အာရှတိုက်အပေါ် ကျူးလွန်ခဲ့သည့် ရာဇဝတ်မှုများအပေါ်မှာ နောင်တမရသည့် တာဝန်မယူသော ပြောကြားချက်ဖြစ်ကြောင်း၊ ဂျပန်ဖက်ဆစ်ဝါဒ၏ ဆိုးကျိုးများကို မြန်မာနိုင်ငံ အပါအဝင် အရှေ့တောင်အာရှနိုင်ငံတိုင်းက ခါးသီးစွာ ခံစားခဲ့ဖူးကြောင်း၊ ဂျပန်၌ ပြန်လည်ဖြစ်ပေါ်လာနိုင်သော ဖက်ဆစ်ဝါဒအပေါ် မြန်မာနိုင်ငံအနေဖြင့် ရှုတ်ချကြောင်း ဇော်မင်းထွန်းက ထောက်ပြပြောကြားခဲ့သည်။

တာကာအိချိ၏ ပြောဆိုချက်မှာ တရုတ်နိုင်ငံ တစ်နိုင်ငံတည်းမူဝါဒကို ချိုးဖောက်ခြင်းဖြစ်ပြီး ပုန်ကန်သူများကို အားပေးခြင်းဖြစ်ကြောင်း ဇော်မင်းထွန်းက ထောက်ပြပြောကြားခဲ့သည်။ တရုတ်နိုင်ငံ၏ တရုတ်တစ်နိုင်ငံတည်းမူဝါဒအပေါ် မြန်မာနိုင်ငံက အမြဲထောက်ခံ ရပ်တည်သွားမည်ဖြစ်ကြောင်း၊ ထိုင်ဝမ်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ ခွဲခြားမရသော အစိတ်အပိုင်းဖြစ်ကြောင်း၊ ထိုင်ဝမ်အရေးသည် တရုတ်ပြည်၏ ပြည်တွင်းရေးသာဖြစ်ပြီး မည်သည့် နိုင်ငံခြားတိုင်းပြည်၏ ဝင်ရောက်စွက်ဖက်မှုကိုမဆို မြန်မာနိုင်ငံအနေဖြင့် ရှုတ်ချကြောင်း ၎င်းက အလေးထားပြောကြားခဲ့သည်။ (Xinhua)

——————–
(Chinese Version)
缅甸谴责高市涉台错误言论
新华社仰光11月22日电(记者张东强 黎广滔)缅甸国防与安全委员会新闻发布组组长佐敏吞22日在接受新华社记者采访时,谴责日本首相高市早苗涉台错误言论,重申缅甸始终坚定奉行一个中国政策。
佐敏吞指出,高市言论不汲取历史教训,对日本在亚洲犯下的罪行毫无悔意、不负责任。包括缅甸在内的东南亚国家都曾深受日本法西斯主义之害,缅甸坚决谴责日本可能死灰复燃的法西斯主义。
佐敏吞指出,高市言论违反一个中国政策,鼓动“台独”分裂势力。他强调,缅甸始终坚定奉行一个中国政策。台湾是中华人民共和国不可分割的一部分。台湾问题纯属中国内政,缅甸谴责任何外部势力干涉。(完)