Connect with us

China

ရှီကျင့်ဖိန်က ၇ ကြိမ်မြောက် တရုတ်-ရုရှားစွမ်းအင်စီးပွားရေးဖိုရမ်သို့ ဂုဏ်ပြုသဝဏ်လွှာပေးပို့

ပေကျင်း၊ နိုဝင်ဘာ ၂၅ ရက် (ဆင်ဟွာ)

၇ ကြိမ်မြောက် တရုတ်-ရုရှားစွမ်းအင်စီးပွားရေးဖိုရမ်ကို နိုဝင်ဘာ ၂၅ ရက်တွင် တရုတ်နိုင်ငံ ပေကျင်းမြို့၌ ကျင်းပခဲ့သည်။ အဆိုပါဖိုရမ်သို့ တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ခဲ့သည်။
သဝဏ်လွှာတွင် ရှီကျင့်ဖိန်က တရုတ်-ရုရှားစွမ်းအင် ပူးပေါင်းဆောင်ရွက်မှု ခြေလှမ်းစတင်ခြင်း ဆောလျင်၍ အခြေခံကောင်းမွန်ရာ အပြန်အလှန်အကျိုးဖြစ်ထွန်းသော ပူးပေါင်းဆောင်ရွက်မှု၏ စံနမူနာဖြစ်ကြောင်း၊ နှစ်နိုင်ငံ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှု မြှင့်တင်ရေးနှင့် နှစ်နိုင်ငံပြည်သူများ အကျိုးစီးပွား တိုးမြှင့်ရေးအတွက် အပြုသဘောဆောင်သည့် အခန်းကဏ္ဍမှ ပါဝင်ခဲ့ကြောင်း ထောက်ပြပြောကြားခဲ့သည်။
တရုတ်နိုင်ငံအနေဖြင့် ရုရှားနိုင်ငံနှင့်အတူ ဘက်စုံစွမ်းအင်ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေးအား စဉ်ဆက်မပြတ် ခိုင်မြဲစေရန်၊ ကမ္ဘာ့စွမ်းအင်လုပ်ငန်း ကုန်ထုတ်လုပ်ငန်းကွင်းဆက်နှင့် ထောက်ပံ့ရေးကွင်းဆက် တည်ငြိမ်အဆင်ပြေချောမွေ့မှုအား အတူတကွ ကာကွယ်ထိန်းသိမ်းရန်၊ ပိုမိုတရားမျှတ၍ သမာသမတ်ကျသော၊ ဟန်ချက်ညီ၍ ကျယ်ကျယ်ပြန့်ပြန့် အကျိုး‌ပြုသော ကမ္ဘာလုံးဆိုင်ရာစွမ်းအင် စီမံခန့်ခွဲမှုစနစ် တည်ဆောက်မှုအား တွန်းအားပေးရန်၊ ကမ္ဘာ့စွမ်းအင်ဖူလုံရေးနှင့် အစိမ်းရောင်ကာဗွန်နည်း အသွင်ကူးပြောင်းမှုအတွက် ပိုမိုများပြားသော တည်ငြိမ်မှုများ ဖြည့်တင်းပေးရန် ကြိုးပမ်းသွားလိုကြောင်း ရှီကျင့်ဖိန်က အလေးထား ပြောကြားခဲ့သည်။
ထိုနေ့တွင် ရုရှားဖက်ဒရေးရှင်း သမ္မတ ပူတင်လည်း ၇ ကြိမ်မြောက် တရုတ်-ရုရှားစွမ်းအင်စီးပွားရေးဖိုရမ်သို့ ဂုဏ်ပြုသဝဏ်လွှာပေးပို့ခဲ့ကြောင်း သိရသည်။ (Xinhua)

——————
(Chinese Version)
习近平向第七届中俄能源商务论坛致贺信
新华社北京11月25日电 11月25日,第七届中俄能源商务论坛在北京举办。国家主席习近平向论坛致贺信。
习近平指出,中俄能源合作起步早、基础好,是双方互利合作的典范,为促进两国经济社会发展、增进两国人民福祉发挥了积极作用。
习近平强调,中方愿同俄方一道努力,持续巩固全面能源合作伙伴关系,共同维护全球能源产业链供应链稳定畅通,推动建设更加公平公正、均衡普惠的全球能源治理体系,为世界能源安全与绿色低碳转型注入更多稳定性。
同日,俄罗斯联邦总统普京也向第七届中俄能源商务论坛致贺信。(完)