Connect with us

Asia

ဘင်္ဂလားဒေ့ရှ်နိုင်ငံ အရှေ့တောင်ဘက် Chattogram မြို့တွင် မြေပြိုမှုကြောင့် လူ ၄ ဦးသေဆုံး

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် မြေပြိုမှုကြောင့် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ဒါကာ၊ အောက်တိုဘာ ၁၅ ရက် (ဆင်ဟွာ)

ဘင်္ဂလားဒေ့ရှ်နိုင်ငံ အရှေ့တောင်ပိုင်း Chattogram မြို့တွင် အောက်တိုဘာလ ၁၄ ရက် အစောပိုင်းက မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေပြိုကျမှုဖြစ်ပွားခဲ့ပြီး မိသားစုတစ်စုအတွင်းမှ ၃ ဦးအပါအဝင် အနည်းဆုံး လူ ၄ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

သေဆုံးသူများမှာ အမျိုးသမီး ၂ ဦး၊ အမျိုးသား ၁ ဦးနှင့် ကလေးငယ် ၁ ဦးဖြစ်ကြောင်း မြို့တော် ဒါကာ အရှေ့တောင်ဘက် ၂၄၂ ကီလိုမီတာအကွာရှိ Chattogram မြို့ရှိ မီးသတ်ဌာန ဒုတိယ လက်ထောက်ညွှန်ကြားရေးမှူး Jashim Uddin က ပြောကြားခဲ့သည်။

Chattogram မြို့ရှိ Firoz Shah တောင်ကုန်းဒေသတွင် ညသန်းခေါင်ယံ မိုးအဆက်မပြတ်ရွာသွန်းပြီးနောက် မြေပြိုကျခဲ့ရာ အမျိုးသား ၂ ဦးနှင့် ကလေးတစ်ဦး ပါဝင်သော မိသားစုဝင်များသေဆုံးခဲ့ကြောင်း၊ Panchlaish ဒေသတွင် မြေပြိုမှုကြောင့် အခြားသူ တစ်ဦးသေဆုံးခဲ့ကြောင်း သိရသည်။

သေဆုံးသူအားလုံးမှာ အပျက်အစီးများအောက်တွင် ပိတ်မိနေခဲ့ခြင်း ဖြစ်ကြောင်း ကယ်ဆယ်ရေးလုပ်ငန်း ဆောင်ရွက်ပြီးနောက် ၎င်းတို့အား ဆွဲထုတ်ခဲ့ရသည်ဟု ဆိုသည်။

ကျွမ်းကျင်သူများ၏ အဆိုအရ မကြာသေးမီနှစ်များအတွင်း မြို့ပြအစီအစဉ်၌ မပါဝင်သော အထူးသဖြင့် အစွန်အဖျားဒေသများတွင် တရားမဝင် ဆောက်လုပ်မှုများရှိလာခဲ့ခြင်းကြောင့် Chattogram ရှိ ခရိုင် ၅ ခုတွင် မြေပြိုမှုနှင့် အခြားသော သဘာဝဘေးဒဏ်များ ဖြစ်ပွားမှုတိုးလာခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.