Asia
ကမ္ဘောဒီးယားသည် လာမည့်နှစ်တွင် တရုတ်နိုင်ငံသားများအပေါ် ဗီဇာကင်းလွတ်ခွင့်မူဝါဒ စမ်းသပ်ကျင့်သုံးမည်
ဖနွမ်းပင်၊ ဒီဇင်ဘာ ၃ ရက် (ဆင်ဟွာ)
၂၀၂၆ ခုနှစ် ဇွန်လ ၁၅ ရက်မှ အောက်တိုဘာလ ၁၅ ရက် ကာလအတွင်း တရုတ်နိုင်ငံသားများအပေါ် ဗီဇာကင်းလွတ်ခွင့်မူဝါဒ စမ်းသပ်ကျင့်သုံးမည်ဖြစ်ကြောင်း ကမ္ဘောဒီးယားနိုင်ငံအစိုးရ၏ ဒီဇင်ဘာ ၂ ရက်တွင် ထုတ်ပြန်သည့် အစိုးရစာရွက်စာတမ်းတွင် ဖော်ပြထားသည်။ ကမ္ဘောဒီးယားနိုင်ငံအစိုးရသည် တရုတ်နိုင်ငံမှ ကမ္ဘောဒီးယားနိုင်ငံသို့ သွားရောက်သည့် တရုတ်နိုင်ငံသားများအပေါ် ဗီဇာကင်းလွတ်ခွင့်မူဝါဒ စမ်းသပ်ကျင့်သုံးရန် သဘောတူညီပြီး ၁၄ ရက်ကြာ နေထိုင်နိုင်မည်ဖြစ်ကြောင်း၊ စမ်းသပ်ကျင့်သုံးသည့် ၄ လကြာ ကာလအတွင်း တရုတ်နိုင်ငံသားများအနေဖြင့် ဗီဇာလျှောက်ထားရန် မလိုအပ်သလို မည်သည့်ကုန်ကျစရိတ်မျှလည်း ပေးချေရန်မလိုကြောင်း၊ အီလက်ထရောနစ် ပြည်ဝင်ခွင့်ကတ် ဖြည့်စွက်ရုံဖြင့် ပြည်ဝင်နိုင်ပြီး ကမ္ဘောဒီးယားနိုင်ငံသို့ အကြိမ်များစွာ ပြည်ဝင်နိုင်ကြောင်း အဆိုပါစာရွက်စာတမ်း၌ ဖော်ပြထားသည်။
ယခုနှစ် ဇန်နဝါရီလမှ အောက်တိုဘာလအတွင်း ကမ္ဘောဒီးယားနိုင်ငံသည် တရုတ်ခရီးသွားဧည့်သည်ပေါင်း အကြိမ်ရေ ၁ သန်းခန့်အား ဆွဲဆောင်နိုင်ခဲ့သည်ဟု ကမ္ဘောဒီးယားနိုင်ငံ ခရီးသွားလာရေးဝန်ကြီးဌာန၏ အချက်အလက်များအရ သိရသည်။ (Xinhua)
—————————–
(Chinese Version)
Cambodia to Pilot Visa-Free Policy for Chinese Citizens Next Year
(Xinhua News Agency, Phnom Penh, December 3) The Cambodian government released an official document on December 2 stating that it will pilot a visa-free policy for Chinese citizens from June 15 to October 15, 2026.
The document states that the Cambodian government has agreed to pilot a visa-free policy for Chinese citizens traveling from China, allowing a stay of up to 14 days. During the four-month trial period, Chinese citizens will not need to apply for a visa or pay any fees; they only need to fill out an electronic arrival card to enter Cambodia, and multiple entries are permitted.
Statistics from the Cambodian Ministry of Tourism show that Cambodia attracted approximately one million Chinese tourists from January to October this year. (End)
Caption: Tourists visit Angkor Wat in Siem Reap, Cambodia, on January 29. (Xinhua/Shokut)
