Europe
နေတိုးအစည်းအဝေးမတိုင်မီ ဂျာမနီနိုင်ငံက ယူကရိန်းနိုင်ငံအတွက် အကူအညီအသစ် ကြေညာ
ဘာလင်၊ ဒီဇင်ဘာ ၄ ရက် (ဆင်ဟွာ)
ဂျာမနီနိုင်ငံခြားရေးဝန်ကြီး Johann Wadephul သည် နေတိုး (NATO) နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး တက်ရောက်ရန် ဘရပ်ဆဲလ်မြို့သို့ မထွက်ခွာမီ ယူကရိန်းနိုင်ငံအတွက် အကူအညီပေးရေးအစီအစဥ်အသစ်တစ်ရပ်ကို ဒီဇင်ဘာ ၃ ရက်၌ ကြေညာခဲ့သည်။
ဂျာမနီနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည့် ကြေညာချက်တွင် ဂျာမနီနိုင်ငံက ယူကရိန်းနိုင်ငံအတွက် အမေရိကန်ဒေါ်လာ သန်း ၂၀၀ တန်ကြေးရှိကာကွယ်ရေးပစ္စည်းများ ဝယ်ယူပံ့ပိုးမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါပစ္စည်းများကို မဟာမိတ်နိုင်ငံများက ယူကရိန်းနိုင်ငံအတွက် အမေရိကန်လက်နက်များကို ငွေကြေးထောက်ပံ့နိုင်သည့် နေတိုးအဖွဲ့၏မူဘောင်တစ်ခုဖြစ်သည့် Prioritized Ukraine Requirements List (PURL) လုပ်ငန်းစဥ်အောက်မှ နှစ်သုတ်ခွဲပေးပို့ရန်စီစဥ်ထားကြောင်းသိရသည်။
စစ်ဘက်ဆိုင်ရာပစ္စည်းများအပြင် ယူကရိန်းစစ်မှုထမ်းများကို နေတိုး၏ ပြည့်စုံသောပံ့ပိုးကူညီမှုအတွက် ဆောင်းရာသီအသုံးအဆောင်ပစ္စည်းများနှင့်ဆေးဘက်ဆိုင်ရာအထောက်အပံ့များ ထောက်ပံ့နိုင်ရန် ဂျာမနီနိုင်ငံက ယူရို ၂၅ သန်း (အမေရိကန်ဒေါ်လာ ၂၉.၁ သန်း) ထပ်မံကတိပြုခဲ့ကြောင်းသိရသည်။
ကတိကဝတ်အသစ်များသည် နေတိုးမဟာမိတ်များ၏ ရုရှားအပေါ် ဖိအားတိုးမြှင့်ရန် ရည်ရွယ်ချက် တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း Wadephul က ပြောကြားခဲ့သည်။ (၁ ယူရို သည် ၁.၁၆ ဒေါ်လာနှင့် ညီမျှသည်) (Xinhua)
…………………..
(English Version)
Germany announces new aid for Ukraine ahead of NATO meeting
BERLIN, Dec. 3 (Xinhua) — German Foreign Minister Johann Wadephul on Wednesday announced a new aid plan for Ukraine before departing for Brussels to attend a meeting of NATO foreign ministers.
According to a statement issued by the Federal Foreign Office, Germany will procure 200 million U.S. dollars’ worth of defense equipment for Ukraine.
The equipment is scheduled to be delivered in two packages under the Prioritized Ukraine Requirements List (PURL) mechanism, a NATO framework that enables allied countries to finance U.S. weapons for Ukraine.
In addition to military hardware, Germany pledged a further 25 million euros (29.1 million U.S. dollars) to NATO’s Comprehensive Assistance Package to provide Ukrainian service personnel with winter equipment and medical support.
Wadephul said the new commitments are part of an intent by NATO allies to increase pressure on Russia. (1 euro = 1.16 U.S. dollar)
