Connect with us

မြန်မာ-中文

ဝမ်ရိနှင့် ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး Jean-Noel Barrot တွေ့ဆုံဆွေးနွေး

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိနှင့် ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး Jean-Noel Barrot တို့ တရုတ်နိုင်ငံ ပေကျင်းမြို့၌ ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၃ ရက်တွင် တွေ့ဆုံဆွေးနွေးစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဒီဇင်ဘာ ၄ ရက် (ဆင်ဟွာ)
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိနှင့် ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး Jean-Noel Barrot တို့သည် တရုတ်နိုင်ငံ ပေကျင်းမြို့၌ ဒီဇင်ဘာ ၃ ရက်တွင် တွေ့ဆုံဆွေးနွေးခဲ့သည်။
ထိုသို့တွေ့ဆုံရာတွင် ဝမ်ရိက သမ္မတ မက်ခရွန်သည် စတုတ္ထအကြိမ်မြောက် တရုတ်နိုင်ငံသို့ နိုင်ငံတော်ခရီးစဉ် လာရောက်လျက်ရှိကြောင်း၊ နှစ်ဖက်အတူတကွကြိုးပမ်းမှုဖြင့် ယခုအကြိမ်ခရီးစဉ်သည် မဟာဗျူဟာ အပြန်အလှန်ယုံကြည်မှုကို တစ်ဆင့်တိုးမြှင့်တင်ကာ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုအား နက်ရှိုင်းစေပြီး တရုတ်-ပြင်သစ် ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် အားအင်သစ်များ ဖြည့်တင်းပေးသွားမည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။
ဝမ်ရိက ထိုင်ဝမ်နှင့်စပ်လျဉ်းသော ဂျပန်လက်ရှိအကြီးအကဲ၏ မှားယွင်းသည့်ပြောဆိုချက်တွင် ပါဝင်သော အနက်အဓိပ္ပာယ်နှင့် ဆိုးရွားသောအန္တရာယ်အား မိတ်ဆက်ပြောကြားခဲ့ပြီး တရုတ်နိုင်ငံ၏ အခြေခံမူရပ်တည်ချက်အား ရှင်းလင်းပြောကြားကာ ဂျပန်က ထိုင်ဝမ်အရေးကိစ္စကို အကြောင်းပြု၍ ပြဿနာရှာခြင်း၊ သမိုင်းအမှား ထပ်မှားခြင်းကို လုံးဝခွင့်ပြုမည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။
Jean-Noel Barrot က သမ္မတ မက်ခရွန်အနေဖြင့် တရုတ်နိုင်ငံနှင့်ဆက်ဆံရေး အထူးသဖြင့် သမ္မတ ရှီကျင့်ဖိန်နှင့် ထူးကဲနက်ရှိုင်းသော ချစ်ကြည်ရေးအား များစွာအလေးထားကြောင်း၊ ပြင်သစ်နိုင်ငံအနေဖြင့် တရုတ်တစ်နိုင်ငံတည်းမူဝါဒအား အခိုင်အမာလက်ကိုင်ထားကြောင်း ပြောကြားခဲ့သည်။ (Xinhua)

———————-
(Chinese Version)
王毅会见法国外长巴罗
新华社北京12月3日电 中共中央政治局委员、外交部长王毅3日在北京会见法国外长巴罗。
王毅表示,马克龙总统正式开启第四次对华国事访问。相信在双方共同努力下,此访将进一步增进战略互信,深化战略合作,为中法全面战略伙伴关系发展注入新动力。
王毅介绍了日本现职领导人涉台错误言论的本质和严重危害,阐述了中方原则立场,表示绝不允许日本借台湾问题生事,重蹈历史覆辙。
巴罗表示,马克龙总统高度重视对华关系,特别是同习近平主席的特殊深厚友谊。法方坚定奉行一个中国政策。(完)
图说:12月3日,中共中央政治局委员、外交部长王毅在北京会见法国外长巴罗。 新华社记者 戴天放 摄