Connect with us

China

ရှီကျင့်ဖိန်က သီရိလင်္ကာနိုင်ငံ ရေကြီးရေလျှံမှုဖြစ်ပွားခြင်းအတွက် သီရိလင်္ကာနိုင်ငံ သမ္မတ Anura Kumara Dissanayake ထံ စာနာနှစ်သိမ့်ကြောင်း သဝဏ်လွှာပေးပို့

သီရိလင်္ကာနိုင်ငံ မြို့တော်ကိုလံဘို ဆင်ခြေဖုံးဒေသ၌ ဒေသခံပြည်သူများ ရေများအကြား ဖြတ်သန်းသွားလာနေသည်ကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဒီဇင်ဘာ ၄ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် သီရိလင်္ကာနိုင်ငံ ရေကြီးရေလျှံမှုဖြစ်ပွားခြင်းအတွက် သီရိလင်္ကာနိုင်ငံ သမ္မတ Anura Kumara Dissanayake ထံ စာနာနှစ်သိမ့်ကြောင်း သဝဏ်လွှာကို ဒီဇင်ဘာ ၃ ရက်တွင် ပေးပို့ခဲ့သည်။
သဝဏ်လွှာတွင် ရှီကျင့်ဖိန်က အဆွေတော်နိုင်ငံသည် လတ်တလောရက်ပိုင်းတွင် မိုးသည်းထန်စွာရွာသွန်းမှုနှင့် အစွန်းရောက်ရာသီဥတု ကျရောက်ခြင်းကြောင့် လူအများအပြား ထိခိုက်သေဆုံးမှုနှင့် ပိုင်ဆိုင်မှုပစ္စည်း ဆုံးရှုံးမှုများဖြစ်ခဲ့သည်ကို အံ့အားသင့်စွာ ကြားသိရကြောင်း၊ မိမိအနေဖြင့် တရုတ်အစိုးရနှင့် တရုတ်ပြည်သူများကိုယ်စား သေဆုံးခဲ့သူများအပေါ် နက်ရှိုင်းစွာ ဝမ်းနည်းကြောင်း၊ သေဆုံးသူ မိသားစုဝင်များနှင့် ကပ်ဘေးဒဏ်သင့်ပြည်သူများအပေါ် စိတ်ရင်းစေတနာအမှန်ဖြင့် စာနာနှစ်သိမ့်အားပေးကြောင်း ပြောကြားခဲ့သည်။
တရုတ်နိုင်ငံနှင့် သီရိလင်္ကာနိုင်ငံတို့သည် စေတနာအရင်းခံ အပြန်အလှန်ကူညီကာ ခေတ်အဆက်ဆက် ချစ်ကြည်ရင်းနှီးသော မဟာဗျူဟာမြောက် မိတ်ဖက်များဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် သီရိလင်္ကာနိုင်ငံ၏ ကပ်ဘေးရင်ဆိုင်ရမှုအတွက် ပံ့ပိုးမှုနှင့်ကူညီမှုများ ပေးအပ်သွားလိုကြောင်း၊ သီရိလင်္ကာနိုင်ငံ၏ ခိုင်မြဲသော ဦးဆောင်မှုအောက်တွင် သီရိလင်္ကာပြည်သူများအနေဖြင့် ကပ်ဘေးအား ဆောလျင်စွာ ကျော်ဖြတ်နိုင်ပြီး မိသားစုဥယျာဉ် ပြန်လည်တည်ဆောက်နိုင်မည်ဟု ယုံကြည်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)

သီရိလင်္ကာနိုင်ငံ မြို့တော်ကိုလံဘို ဆင်ခြေဖုံးဒေသ၌ ကယ်ဆယ်ရေးသမားများက ရေကြီးရေလျှံမှု ဒဏ်သင့်သည့်ပြည်သူများအား ဘေးကင်းလုံခြုံသည့်နေရာသို့ ရွှေ့ပြောင်းနေသည်ကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

——————–
(Chinese Version)
习近平就斯里兰卡遭受严重洪灾向斯里兰卡总统迪萨纳亚克致慰问电
新华社北京12月4日电 12月3日,国家主席习近平就斯里兰卡遭受严重洪灾向斯里兰卡总统迪萨纳亚克致慰问电。
习近平表示,惊悉贵国近日遭受连续强降雨和极端天气,造成重大人员伤亡和财产损失。我谨代表中国政府和中国人民,对遇难者表示深切哀悼,向遇难者家属和受灾民众致以诚挚慰问。中国和斯里兰卡是真诚互助、世代友好的战略合作伙伴。中方愿向斯方应对灾害提供支持和帮助。相信在斯里兰卡政府坚强领导下,斯里兰卡人民一定能够早日战胜灾害、重建家园。(完)
图说1:12月1日,在斯里兰卡首都科伦坡郊区,当地居民涉水出行。新华社发(加扬·萨米拉摄)
图说2:12月1日,在斯里兰卡首都科伦坡郊区,救援人员将受洪涝影响的民众转移至安全地点。新华社发(加扬·萨米拉摄)