Media
မကြာမီသေးမီက ဖွင့်လှစ်ခဲ့သည့် မြန်မာနိုင်ငံ ရန်ကုန်မြို့ရှိ အာကာသပြတိုက် (ရန်ကုန်) တွင် အများပြည်သူများလာရောက်လည်ပတ်
ရန်ကုန်၊ ဒီဇင်ဘာ ၅ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံ ရန်ကုန်မြို့ရှိ ပြည်သူ့ရင်ပြင်တွင် နိုဝင်ဘာ ၃၀ ရက်က တရားဝင်ဖွင့်လှစ်ခဲ့သည့် အာကာသပြတိုက် (ရန်ကုန်) တွင် အများပြည်သူများ လာရောက်လည်ပတ်ကြည့်ရှုလျက်ရှိကြောင်း သိရသည်။
အဆိုပါအာကာသပြတိုက် (ရန်ကုန်) သည် ရန်ကုန်မြို့၊ ပြည်သူ့ရင်ပြင်တွင် တည်ရှိပြီး ယခင်နက္ခတ်တာရာပြခန်းအား ခေတ်နှင့်အညီဖြစ်စေရေးအတွက် အဆင့်မြှင့်တင်ပြန်လည်မွမ်းမံခြင်း လုပ်ငန်းများကို ဆောင်ရွက်၍ အာကာသပြတိုက် (ရန်ကုန်) အဖြစ် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း၊ ပြတိုက်အတွင်း Deep Space Exploration ပြခန်း၊ Space Station ပြခန်းနှင့် အာကာသတွင်း စေလွှတ်ခဲ့သည့် ဒုံးပျံများ၊ အာကာသတွင် လှည့်ပတ်သွားလာလျက်ရှိသည့် ဂြိုဟ်တုများ၊ အာကာသတွင်း စူးစမ်းလေ့လာသည့် အာကာသယာဉ်နှင့် ယာဉ်မှူးများ၊ ဂြိုဟ်များ၊ နက္ခတ်တာရာများ အစရှိသည့် အာကာသဆိုင်ရာများအား ကြည့်ရှုလေ့လာနိုင်မည်ဖြစ်ကြောင်း သိရသည်။ (Xinhua)
