Asia
ကမ္ဘောဒီးယား-ထိုင်း ပဋိပက္ခကြောင့် ကမ္ဘောဒီးယားနယ်စပ်ဒေသခံပြည်သူပေါင်း ၁၀၀,၀၀၀ ကျော် နေရပ်စွန့်ခွာရကြောင်း ကမ္ဘောဒီးယား ကာကွယ်ရေးဝန်ကြီးဌာန ဆို
ဖနွမ်းပင်၊ ဒီဇင်ဘာ ၁၀ ရက် (ဆင်ဟွာ)
ကမ္ဘောဒီးယား-ထိုင်း ပဋိပက္ခသည် စတုတ္ထမြောက်နေ့သို့ ရောက်ရှိနေပြီဖြစ်ရာ ကမ္ဘောဒီးယားနယ်စပ်ဒေသခံပြည်သူပေါင်း ၁၀၀,၀၀၀ ကျော် နေရပ်စွန့်ခွာ၍ လုံခြုံရာဒေသသို့ ထွက်ခွာနေရကြောင်း ကမ္ဘောဒီးယားနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၁၀ ရက်တွင် ပြောကြားခဲ့သည်။
“နေရာစွန့်ခွာသူ စုစုပေါင်းအနေနဲ့ မိသားစု ၂၀,၁၀၅ စု၊ လူဦးရေ ၁၀၁,၁၂၉ ဦးခန့်ရှိပြီး အဲဒီထဲမှာ မွေးကင်းစကလေးငယ်၊ ကိုယ်ဝန်ဆောင်သည်၊ သက်ကြီးသူ အမျိုးသမီးနှင့် မသန်စွမ်းသူများ ပါဝင်ပါတယ်” ဟု ကမ္ဘောဒီးယား ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Maly Socheata က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
ဒီဇင်ဘာ ၇ ရက် ညနေပိုင်းမှ ဒီဇင်ဘာ ၁၀ ရက် နံနက်ပိုင်းအထိ ထိုင်းစစ်တပ်သည် လက်နက်ကြီးနှင့် F-16 တိုက်လေယာဉ်များဖြင့် ကမ္ဘောဒီးယား စစ်ဘက်ရေးရာစခန်းနှင့် အရပ်သားပြည်သူ လူနေဇုန်များစွာအား အဆက်မပြတ် တိုက်ခိုက်ခဲ့ကြောင်း၊ ပဋိပက္ခကြောင့် ကမ္ဘောဒီးယား အရပ်သားပြည်သူ ၇ ဦးထက်မနည်း သေဆုံး၍ အခြား ၂၀ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ထိုင်းနိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံ နယ်စပ်ဒေသတွင် ဒီဇင်ဘာ ၇ ရက်မှစ၍ ပဋိပက္ခအပြင်းအထန် ဖြစ်ပွားခဲ့ရာ ဒေသများစွာ၌ လက်နက်ကျည်သံများ ခပ်စိတ်စိတ်ပေါ်ထွက်လာခဲ့သည်။ နှစ်ဖက်လုံးက တစ်ဖက်မှ “စတင်ပစ်ခတ်သည်” ဟု အပြန်အလှန် ပြစ်တင်ကြကြောင်း သိရသည်။ (Xinhua)
——————-
(Chinese Version)
柬国防部:柬泰冲突致超10万柬边境居民逃离家园
新华社金边12月10日电(记者吴长伟)柬埔寨国防部10日表示,柬泰边境冲突进入第四天,已有超过10万名柬埔寨边境居民逃离家园,前往安全区。
柬国防部发言人马莉淑洁达在新闻发布会上说:“流离失所者共计20105个家庭,大约101129人,其中包括婴幼儿、孕妇、老年妇女和残疾人。”
她表示,自7日下午至10日上午,泰国军队持续使用重型武器和F-16战斗机袭击柬埔寨多个军事阵地和平民区。冲突已造成至少7名柬埔寨平民死亡,另有20人受伤。
泰国和柬埔寨边境地区7日爆发激烈冲突,多地响起密集炮火。双方均指责对方“先开火”。 (完)
图说:这是12月9日在柬埔寨暹粒省拍摄的逃离边境的居民。新华社/柬新社
