Connect with us

North America

အမေရိကန်တွင် ပါဆယ်ဗုံး တရားခံအား သီးခြားပြစ်မှု ၅ခုဖြင့် စွဲချက်တင်

ပါဆယ်ဗုံးတရားခံအား ၎င်း၏ ကားပေါ်၌ တွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ အောက်တိုဘာ ၂၇ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ ရှေ့နေချုပ် Jeff Sessions က ဖလော်ရီဒါပြည်နယ်မှ ပါဆယ်ဗုံးတရားခံဖြစ်သူ Cesar Sayoc အား FBI တွင် ဖမ်းဆီးထိန်းသိမ်းထားပြီး သီးခြားပြစ်မှု ၅ခုဖြင့် စွဲချက်တင်ထားကြောင်း အောက်တိုဘာ ၂၆ ရက်ကပြောကြားခဲ့သည်။

Sessions က Sayoc အား နယ်ကျော်၍ ဖောက်ခွဲရေးပစ္စည်းတစ်ခုအား ပို့ဆောင်မှု၊ ဖောက်ခွဲရေးပစ္စည်းများအား ပါဆယ်ဖြင့် ပို့မှု၊ သမ္မတဟောင်းများ နှင့် အချို့သော ပုဂ္ဂိုလ်များအား ခြိမ်းခြောက်မှု တို့အပါအဝင် ပြစ်မှု ၅ခု ဖြင့် အောက်တိုဘာ ၂၆ ရက်တွင် တရားစွဲဆိုခဲ့ကြောင်း သတင်းစာရှင်းလင်းပွဲ၌ပြောကြားခဲ့သည်။တရားခံသည် ပြစ်မှုကျူးလွန်ကြောင်းတွေ့ရှိပါက ထောင်ဒဏ် ၅၃နှစ် အထိ ချမှတ်ခံရမည်ဖြစ်ကြောင်း Sessions ကပြောကြားခဲ့သည်။

၎င်းက ယင်းကဲ့သို့ ဥပဒေမဲ့လုပ်ဆောင်မှု အထူးသဖြင့် နိုင်ငံရေးအကြမ်းဖက်မှုမျိုးကို လုံးဝသည်းခံသွားမည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။အသက် ၅၆နှစ်အရွယ် Sayoc သည် ပိုက်ဗုံးများစွာကို သမ္မတဟောင်း ဘားရတ်အိုဘားမား နှင့် နိုင်ငံခြားရေးဝန်ကြီးဟောင် ဟီလာရီကလင်တန် အပါအဝင် ထင်ရှားသော ဒီမိုကရက်တစ်ပါတီဝင်များ အပြင် လစ်ဘရယ်သတင်းရုပ်သံလိုင်းဖြစ်သော CNN သို့ပါ ပေးပို့ခဲ့ကြောင်း သိရသည်။

FBI ညွှန်ကြားရေးမှူး Wray က ဖယ်ဒရယ်အာဏာပိုင်များသည် တူညီစွာ တပ်ဆင်ထားသော ပေါက်ကွဲစေတတ်သည့် ပစ္စည်း ၁၃ ခုကို ရှာဖွေတွေ့ရှိခဲ့ပြီး ယင်းတို့သည် ခြိမ်းခြောက်ရုံပြုလုပ်ထားသည့် ဗုံးအတုများမဟုတ်ကြောင်း ပြောကြားခဲ့သည်။ယင်းပိုက်ဗုံးတစ်ခုစီတွင် ဓါတ်ပြု၍ ပေါက်ကွဲမှုကို ဖြစ်ပွားစေသည့် ပစ္စည်းများ ပါဝင်ကြောင်း Wray၏ ပြောကြားချက်အရ သိရသည်။Sayoc ပို့ခဲ့သော ဖောက်ခွဲရေးပစ္စည်းတစ်ခုမျှ ပေါက်ကွဲခဲ့ခြင်းမရှိသလို တစ်စုံတစ်ယောက်မျှ ဒဏ်ရာရရှိခဲ့ခြင်းမရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.