Social
မြန်မာ နိုင်ငံ ရှိ အသေးစား ၊ အလတ်စား စားသောက်ကုန် လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရန် အတွက် “ဂုဏ်ယူဝင့်ကြွား မြန်မာ့စားသောက်ကုန်များ” ဈေးရောင်းပွဲတော် ကျင်းပ
 
																								
												
												
											ရန်ကုန် ၊ အောက်တိုဘာ ၁ ရက် (ဆင်ဟွာ)
မြန်မာ နိုင်ငံ ရှိ အသေးစား ၊ အလတ်စား စားသောက်ကုန် လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရန် အတွက် ရည်ရွယ်၍ ပြည်တွင်း မှ ထွက်ရှိသော ကုန်ကြမ်းများကိုသာ အသုံးပြုပြီး ပြည်တွင်း ၌ ထုတ်လုပ် ထားသည့် အရည်အသွေး ပြည့်ဝသော မြန်မာ့စားသောက်ကုန် အမျိုးမျိုး ရောင်းချပေးသည့် Pride of Myanmar “ဂုဏ်ယူဝင့်ကြွား မြန်မာ့စားသောက်ကုန်များ” ဈေးရောင်းပွဲတော် အား နိုဝင်ဘာ ၁ ရက် မှ စတင်၍ ရန်ကုန် မြို့ ရှိ City Mart Supermarket နှင့် marketplace by City Mart တို့တွင် စတင် ရောင်းချပေးခဲ့သည်။
Pride of Myanmar ဈေးရောင်းပွဲတော်တွင် မြန်မာ နိုင်ငံ မှ ထွက်ရှိသည့် ရိုးရာ လက်ဖက်ရည်ထုပ်များ ၊ လက်ဖက်များ ၊ လက်ဖက်ခြောက်များ ၊ အသီးအနှံခြောက်များ ၊ ပုစွန်ကြွပ်ကြော်များ နှင့် မြန်မာ့ရိုးရာ အစားအစာများ စသည့် ပစ္စည်းအမျိုးပေါင်း ၁၂၀ ကျော် ကို ရောင်းချပေးသွားမည် ဖြစ်ကြောင်း သိရှိရသည်။

Pride of Myanmar “ဂုဏ်ယူဝင့်ကြွား မြန်မာ့စားသောက်ကုန်များ” ဈေးရောင်းပွဲတော် မြင်ကွင်း (ဆင်ဟွာ)
ဈေးရောင်းပွဲ တွင် ပါဝင်ရောင်းချခဲ့သည့် Shwe Aung Food ကုမ္ပဏီ ၏ အရောင်း မန်နေဂျာ ဦးမောင်မောင်အေး က ယခု ပြပွဲတွင် ပါဝင် ပြသရသည့် ရည်ရွယ်ချက် မှာ မြန်မာ ပြည်တွင်း မှ ထွက်ရှိသည့် ကုန်ပစ္စည်းများအား အဆင့်မြင့်တင် ပြီး တန်ဖိုးမြင့် ထုတ်ကုန် အဖြစ် ပြုပြင်ပြောင်းလဲကာ နိုင်ငံတကာ အား ချပြလိုခြင်း ကြောင့် ဖြစ်ကြောင်း ၊ ပြည်တွင်း ထုတ်ကုန်များအား နိုင်ငံတကာ သို့ အောင်မြင်စွာ ချပြနိုင်ခြင်းဖြင့် အသီးအနှံ စိုက်ပျိုးသည့် တောင်တူများ တစ်ဖက်တစ်လမ်း မှ ဝင်ငွေများ ပိုမိုရရှိအောင် ဆောင်ရွက်ပေး နိုင်မည် ဖြစ်ကြောင်း ၊ ယခု ပြပွဲတွင် မြန်မာ နိုင်ငံ ပြည်တွင်း မှ ထွက်ရှိ သည့် အသီးအနှံ နှင့် ပုဇွန် များအား အသင့် စားသုံးနိုင်သည့် စားသောက်ကုန် အဖြစ် Golden Farm အမှတ်တံဆပ် ဖြင့် ထုတ်လုပ်ထားသည့် ကုန်ပစ္စည်းများအား ရောင်းချပေးသွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

Pride of Myanmar “ဂုဏ်ယူဝင့်ကြွား မြန်မာ့စားသောက်ကုန်များ” ဈေးရောင်းပွဲတော် မြင်ကွင်း (ဆင်ဟွာ)
ဈေးရောင်းပွဲ တွင် ပါဝင်ရောင်းချခဲ့သည့် Shwe Aung Food ကုမ္ပဏီ ၏ အရောင်း မန်နေဂျာ ဦးမောင်မောင်အေး က ယခု ပြပွဲတွင် ပါဝင် ပြသရသည့် ရည်ရွယ်ချက် မှာ မြန်မာ ပြည်တွင်း မှ ထွက်ရှိသည့် ကုန်ပစ္စည်းများအား အဆင့်မြှင့်တင် ပြီး တန်ဖိုးမြင့် ထုတ်ကုန် အဖြစ် ပြုပြင်ပြောင်းလဲကာ နိုင်ငံတကာ အား ချပြလိုခြင်း ကြောင့် ဖြစ်ကြောင်း ၊ ပြည်တွင်း ထုတ်ကုန်များအား နိုင်ငံတကာ သို့ အောင်မြင်စွာ ချပြနိုင်ခြင်းဖြင့် အသီးအနှံ စိုက်ပျိုးသည့် တောင်သူများ တစ်ဖက်တစ်လမ်း မှ ဝင်ငွေများ ပိုမိုရရှိအောင် ဆောင်ရွက်ပေး နိုင်မည် ဖြစ်ကြောင်း ၊ ယခု ပြပွဲတွင် မြန်မာ နိုင်ငံ ပြည်တွင်း မှ ထွက်ရှိ သည့် အသီးအနှံ နှင့် ပုဇွန် များအား အသင့် စားသုံးနိုင်သည့် စားသောက်ကုန် အဖြစ် Golden Farm အမှတ်တံဆိပ် ဖြင့် ထုတ်လုပ်ထားသည့် ကုန်ပစ္စည်းများအား ရောင်းချပေးသွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

Shwe Aung Food ကုမ္ပဏီ ၏ အထွေထွေ မန်နေဂျာ မစ္စတာ ရန်စော (Mr.Yang Shuo) က ဆင်ဟွာ သတင်းဌာန ၏ မေးမြန်းမှု အား ဖြေကြားနေစဉ်(ဆင်ဟွာ)

Shwe Aung Food ကုမ္ပဏီ ၏ အရောင်း မန်နေဂျာ ဦးမောင်မောင်အေး က ဆင်ဟွာ သတင်းဌာန ၏ မေးမြန်းမှု အား ဖြေကြားနေစဉ်(ဆင်ဟွာ)

Pride of Myanmar “ဂုဏ်ယူဝင့်ကြွား မြန်မာ့စားသောက်ကုန်များ” ဈေးရောင်းပွဲတော် မြင်ကွင်း (ဆင်ဟွာ)

Pride of Myanmar “ဂုဏ်ယူဝင့်ကြွား မြန်မာ့စားသောက်ကုန်များ” ဈေးရောင်းပွဲတော် မြင်ကွင်း (ဆင်ဟွာ)

Pride of Myanmar “ဂုဏ်ယူဝင့်ကြွား မြန်မာ့စားသောက်ကုန်များ” ဈေးရောင်းပွဲတော် မြင်ကွင်း (ဆင်ဟွာ)

Pride of Myanmar “ဂုဏ်ယူဝင့်ကြွား မြန်မာ့စားသောက်ကုန်များ” ဈေးရောင်းပွဲတော် မြင်ကွင်း (ဆင်ဟွာ)

Pride of Myanmar “ဂုဏ်ယူဝင့်ကြွား မြန်မာ့စားသောက်ကုန်များ” ဈေးရောင်းပွဲတော် မြင်ကွင်း (ဆင်ဟွာ)

Pride of Myanmar “ဂုဏ်ယူဝင့်ကြွား မြန်မာ့စားသောက်ကုန်များ” ဈေးရောင်းပွဲတော် မြင်ကွင်း (ဆင်ဟွာ)
Shwe Aung Food ကုမ္ပဏီ ၏ အထွေထွေ မန်နေဂျာ မစ္စတာ ရန်စော (Mr.Yang Shuo) က ကုမ္ပဏီ အနေဖြင့် မြန်မာ နိုင်ငံ အတွင်းရှိ အရည်အသွေးမြင့် ကုန်ကြမ်းများအား ရွေးချယ်၍ လှပသည့် ထုတ်ပိုးမှု နှင့် ကောင်းမွန်သည့် အရသာ တို့ဖြင့် ကျန်းမာရေး နှင့် သင့်လျော်သည့် အစားအသောက် များကို အဓိက ထုတ်လုပ်ခဲ့ခြင်းဖြစ်ကြောင်း ၊ မြန်မာ နိုင်ငံ ၌ ထွက်ရှိသည့် သီးနှံများ မှာ ဓာတုဆေးဝါး ကင်းစင် ပြီး အရသာ ပိုမိုကောင်းမွန်သောကြောင့် နိုင်ငံတကာ သို့ တင်ပို့ရန် ထုတ်လုပ်ခဲ့ခြင်း ဖြစ်ကြောင်း ၊ ကုမ္ပဏီ အနေဖြင့် မြန်မာ နိုင်ငံ တွင် ထုတ်လုပ်သည့် အရည်အသွေး မြင့် ကုန်ပစ္စည်းများ ကို တရုတ် နိုင်ငံ ရှန်ဟိုင်း မြို့တွင် ကျင်းပ မည့် တရုတ် နိုင်ငံ အပြည်ပြည်ဆိုင်ရာ သွင်းကုန် ပြပွဲ သို့လည်း သွားရောက် ပြသရန် စီစဉ်ထားကြောင်း ၊ တရုတ် နိုင်ငံ အပြည်ပြည်ဆိုင်ရာ သွင်းကုန် ပြပွဲ သို့ ကုန်ပစ္စည်းများ သွားရောက် ပြသခြင်း ဖြင့် တရုတ် နိုင်ငံ ဈေးကွက် နှင့် သင့်လျော် သည့် ကုန်ပစ္စည်းများ ကို သိရှိနိုင်မည် ဖြစ်ပြီး အခြား နိုင်ငံ များ၏ ထွက်ကုန်များ နှင့် ကွာခြားချက်များ လေ့လာကာ မြန်မာ နိုင်ငံ ထွက်ကုန်များအား ပိုမို အဆင့်မြင့် ကောင်းမွန်အောင် ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း ၊ မြန်မာ နိုင်ငံ ရှိ ထုတ်လုပ်မှုများအား အရည်အသွေး မြင့်မားအောင် ဆောင်ရွက်ပြီး ကောင်းမွန်သည့် ထုတ်ပိုးမှု ဖြင့် နိုင်ငံတကာ ဈေးကွက် သို့ ထိုးဖောက်နိုင်မည် ကို ယုံကြည်ကြောင်း ပြောကြား ခဲ့သည်။
ယခု အကြိမ် ကျင်းပ ပြုလုပ်သည့် Pride of Myanmar “ဂုဏ်ယူဝင့်ကြွား မြန်မာ့စားသောက်ကုန်များ” ဈေးရောင်းပွဲသည့် ဆဋ္ဌမ အကြိမ်မြောက် ကျင်းပ ပြုလုပ်ခြင်း ဖြစ်ပြီး မြန်မာ နိုင်ငံ ထွက်ကုန်စစ်စစ်ဖြစ်ပြီး အရည်အသွေး အာမခံချက် ရှိသော ပစ္စည်းများ ကို ရောင်းချပေးသွားမည် ဖြစ်ကြောင်း ၊ ဈေးရောင်းပွဲ အား နိုဝင်ဘာ ၁ ရက် မှ ၁၄ ရက် အထိ City Mart Supermarket နှင့် marketplace by City Mart တို့တွင် ကျင်းပ ပြုလုပ်သွားမည် ဖြစ်ပြီး ဒီဇင်ဘာ ၃၀ ရက် မှ ဇန်နဝါရီ ၁၃ ရက် အထိ Ocean Supercenter တွင် ကျင်းပ ပြုလုပ်သွားမည် ဖြစ်ကာ စုစုပေါင်း ဆိုင်ခွဲပေါင်း ၄၄ ဆိုင် တွင် ကျင်းပ ပြုလုပ်ပေးသွားမည် ဖြစ်ကြောင်း သိရှိရသည်။(Xinhua)

 
									 
																	 
									 
																	 
									