China
အချို့သော DPP ပါတီဝင် ဥပဒေပြုအမတ်များက “ရေလက်ကြားနှစ်ဖက်ဒေသ ပြည်သူဆက်ဆံရေး စည်းမျဉ်းများ” ပြင်ဆင်ရန် အဆိုပြုချက်တင်ပြမှုနှင့် စပ်လျဉ်း၍ တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီ ထိုင်ဝမ်ရေးရာရုံး ပြောရေးဆိုခွင့်ရှိသူက သတင်းထောက် မေးမြန်းမှုအား ဖြေကြား
ပေကျင်း၊ ဇန်နဝါရီ ၅ ရက် (ဆင်ဟွာ)
အချို့သော ဒီမိုကရက်တစ် တိုးတက်ရေးပါတီ (DPP) ၏ ပါတီဝင် ဥပဒေပြုအမတ်များက “ရေလက်ကြားနှစ်ဖက်ဒေသ ပြည်သူဆက်ဆံရေး စည်းမျဉ်းများ” ပြင်ဆင်ရန် အဆိုပြုချက်တင်ပြမှုနှင့် စပ်လျဉ်း၍ တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီ ထိုင်ဝမ်ရေးရာရုံး ပြောရေးဆိုခွင့်ရှိသူ ချန်ပင်းဟွာက ဇန်နဝါရီ ၄ ရက်တွင် သတင်းထောက်များ မေးမြန်းမှုကို ဖြေကြားရာ၌ မိမိတို့အနေဖြင့် သက်ဆိုင်ရာလှုပ်ရှားမှုကို များစွာသတိပြုနေကြောင်း ပြောကြားခဲ့သည်။
ယင်းအဆိုပြုချက်သည် ထိုင်ဝမ်လူမှုအသိုက်အဝန်း ပင်မပြည်သူ့ဆန္ဒသဘောထားနှင့် ထိုင်ဝမ်သွေးချင်းများ၏ ဘေးကင်းမှုအကျိုးစီးပွားကို ငဲ့ကွက်ထားခြင်း မရှိသည့်အပြင် ထိုင်ဝမ်သည် တရုတ်နိုင်ငံ၏ အစိတ်အပိုင်းဖြစ်သည်ဟူသော သမိုင်းနှင့် တရားဥပဒေဖြစ်ရပ်မှန်အား ပြောင်ပြောင်တင်းတင်း စိန်ခေါ်ကာ ကမ္ဘာပေါ်တွင် တရုတ်နိုင်ငံ တစ်နိုင်ငံတည်းသာရှိခြင်း၊ ပြည်မကြီးနှင့် ထိုင်ဝမ်သည် တရုတ်နိုင်ငံ တစ်နိုင်ငံတည်းကသာ ပိုင်ဆိုင်ခြင်းဟူသည့် ထိုင်ဝမ်ရေလက်ကြား လက်ရှိအခြေအနေကို ပြောင်းလဲရန် ကြိုးပမ်းခြင်းဖြစ်ကြောင်း၊ “တရားဥပဒေအရ ထိုင်ဝမ်ခွဲထွက်ရေး” ကို ပြောင်ပြောင်တင်းတင်း တွန်းအားပေးဖော်ဆောင်ကာ ရေလက်ကြားနှစ်ဖက်ဒေသ တင်းမာမှုအခြေအနေကို တမင်မြှင့်တင်ပြီး ထိုင်ဝမ်ရေလက်ကြားနှင့် ဒေသတွင်း ငြိမ်းချမ်းတည်ငြိမ်မှုကို ဖျက်ဆီးခြင်းဖြစ်ကြောင်း၊ ထိုရည်ရွယ်ချက်သည် ယုတ်မာ၍ အခြေအနေဆိုးရွားလှသဖြင့် လိုက်ချင်းသဲ အာဏာပိုင်အဖွဲ့နှင့် DDP သည် “ငြိမ်းချမ်းရေးအား ဖျက်ဆီးသူ” ၊ “အန္တရာယ်အား ဖန်တီးသူ” ၊ “စစ်ပွဲအား လှုံ့ဆော်သူ” အစစ်အမှန်ပင်ဖြစ်သည်ကို အပြည့်အဝ ရှင်းလင်းပြသခြင်းဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ထိုင်ဝမ်မီဒီယာများ သတင်းဖော်ပြချက်အရ အချို့သော DDP ပါတီဝင် ဥပဒေပြုအမတ်များက ထိုင်ဝမ်ဒေသ၏ လက်ရှိကျင့်သုံးနေသော “ရေလက်ကြားနှစ်ဖက်ဒေသ ပြည်သူဆက်ဆံရေး စည်းမျဉ်းများ” ပြင်ဆင်ရန် အဆိုပြုချက်တင်ပြခဲ့ပြီး ရေလက်ကြားနှစ်ဖက်ဒေသ ဆက်ဆံရေးကို “ထိုင်ဝမ်နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ” ဟု သတ်မှတ်ထားကာ မူလအကြောင်းအရာပါ “နိုင်ငံတော် ပေါင်းစည်းခြင်းမပြုမီ” ဟူသော စကားလုံးအား ပယ်ဖျက်လိုက်သည်ကို သိရကြောင်း၊ ယင်းအပေါ် မည်ကဲ့သို့ မှတ်ချက်ပြုလိုပါသနည်းဟု သတင်းထောက်က မေးမြန်းခဲ့ရာ ချန်ပင်းဟွာက အထက်ပါအတိုင်း ဖြေကြားခဲ့ခြင်းဖြစ်သည်။
“ထိုင်ဝမ်ခွဲထွက်ရေး” သည် စစ်ပွဲကို ဆိုလိုခြင်းဖြစ်ပြီး လမ်းဆုံး၊ အဆုံးသတ်လမ်းပင်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် “တရားဥပဒေအရ ထိုင်ဝမ်ခွဲထွက်ရေး” ကြိုးပမ်းမှု မည်သည့်ပုံစံကိုမဆို ချေမှုန်းရန် ယုံကြည်ချက် အပြည့်အဝရှိသလို လုံလောက်သောစွမ်းရည်ရှိကြောင်း၊ “ထိုင်ဝမ်ခွဲထွက်ရေး” အင်အားစုများက မည်သည့်ခေါင်းစဉ်၊ မည်သည့်နည်းလမ်းဖြင့် ထိုင်ဝမ်အား တရုတ်နိုင်ငံမှ ပြိုကွဲခွဲထွက်သွားအောင် လုပ်ဆောင်ခြင်းကိုမဆို လုံးဝခွင့်ပြုမည်မဟုတ်ကြောင်း ချန်ပင်းဟွာက ထောက်ပြပြောကြားခဲ့သည်။
“ထိုင်ဝမ်ခွဲထွက်ရေး” လုပ်ဆောင်ခြင်းသည် ဇာတ်သိမ်းကောင်းမည်မဟုတ်ဘဲ ရှုံးနိမ့်မည်သာဖြစ်သည်ကို သမိုင်း သက်သေပြပြီးဖြစ်သလို ဆက်လက် သက်သေပြသွားမည်သာဖြစ်ကြောင်း၊ “ထိုင်ဝမ်ခွဲထွက်ရေး” အင်အားစုများက အရဲစွန့်ပြီး မျဉ်းနီကို ထိပါးလာမည်ဆိုပါက မိမိတို့သည် “နိုင်ငံတော်ပြိုကွဲရေး ဆန့်ကျင်မှုဥပဒေ” အရ အစီအမံများ ပြတ်သားစွာလုပ်ဆောင်ပြီး ပြင်းပြင်းထန်ထန် တိုက်ဖျက်သွားမည်ဖြစ်ကြောင်း၊ ကျယ်ပြန့်များပြားသော ထိုင်ဝမ်သွေးချင်းများအနေဖြင့်လည်း “ထိုင်ဝမ်ခွဲထွက်ရေး” ၏ ယုတ်ညံ့သောသဘာဝနှင့် ဆိုးရွားပြင်းထန်သော အန္တရာယ်ကို ရှင်းလင်းမှန်ကန်စွာ ရှုမြင်ပြီး သမိုင်း၏မှန်ကန်သောဘက်တွင် ခိုင်မာစွာ ရပ်တည်ရန်၊ “ထိုင်ဝမ်ခွဲထွက်ရေး” လှုပ်ရှားမှုများကို အခိုင်အမာ ဆန့်ကျင်ကန့်ကွက်ရန်၊ မိမိတို့နှင့်အတူ ထိုင်ဝမ်ရေလက်ကြားဒေသ တည်ငြိမ်အေးချမ်းမှုကို အတူကာကွယ်စောင့်ထိန်းရန်၊ တရုတ်အမျိုးသားတို့၏ ဘုံမိသားစုဥယျာဉ်အား စောင့်ရှောက်ရန် မျှော်လင့်ကြောင်း ချန်ပင်းဟွာက ပြောကြားခဲ့သည်။ (Xinhua)
———————
(Chinese Version)
国台办发言人就部分民进党籍民意代表提案修改“两岸人民关系条例”答记者问
新华社北京1月4日电 针对部分民进党籍民意代表提案修改“两岸人民关系条例”,国务院台办发言人陈斌华4日答记者问表示,我们高度关注有关动向。该提案罔顾台湾社会主流民意和台湾同胞平安福祉,公然挑战台湾是中国一部分的历史和法理事实,妄图改变世界上只有一个中国、大陆和台湾同属一个中国的台海现状,赤裸裸推动“法理台独”,蓄意升高两岸紧张局势,破坏台海及地区和平稳定,用心险恶、性质恶劣,充分说明赖清德当局和民进党是不折不扣的“和平破坏者”“危机制造者”“战争煽动者”。
有记者问:据台湾媒体报道,部分民进党籍民意代表提案修改台湾地区现行“两岸人民关系条例”,用“台湾与中华人民共和国”定位两岸关系,并删除原条文中“国家统一前”字眼。对此有何评论?陈斌华答问时作上述表示。
陈斌华指出,“台独”意味着战争,是死路、是绝路。我们有充分信心和足够能力粉碎任何形式的“法理台独”图谋,决不允许“台独”分裂势力以任何名义、任何方式把台湾从中国分裂出去!
陈斌华表示,历史已经并将继续证明,搞“台独”分裂绝没有好下场,只会一败涂地。如果“台独”分裂势力胆敢铤而走险、触碰红线,我们必将依据《反分裂国家法》,采取断然措施,予以迎头痛击。希望广大台湾同胞认清“台独”邪恶本质和严重危害,坚定站在历史正确的一边,坚决反对“台独”分裂活动,同我们一道维护台海和平稳定,守护中华民族共同家园。
图说:12月10日,国台办发言人陈斌华邀请记者提问。新华社记者 潘旭 摄
