Connect with us

Australia / Oceania

လူသားမျိုးနွယ်က အလှည့်အပြောင်းကာလသို့ ရောက်ရှိနေကြောင်း တရုတ်နိုင်ငံ သမ္မတ ရှှီ ပြောကြား

အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု (APEC) CEO ထိပ်သီးအစည်းအဝေး မိန့်ခွန်းပြောကြားနေသော တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်အား တွေ့ရစဉ် (ဆင်ဟွာ)

ပို့မော်ရက်စ်ဘီ၊ နိုဝင်ဘာ ၁၇ ရက် (ဆင်ဟွာ)

ကမ္ဘာ့အခင်းအကျင်းက နက်နဲသိမ်မွေ့သော ပြောင်းလဲမှုများရှိနေသည့်ကြားမှ လူသားမျိုးနွယ်မှာ အလှည့်အပြောင်းကာလသို့ရောက်ရှိနေပြီး အတိမ်းအစောင်းမခံနိုင်သော ရွေးချယ်မှုများနှင့် ရင်ဆိုင်နေရကြောင်း တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က နိုဝင်ဘာလ ၁၇ ရက်တွင် ပြောကြားလိုက်သည်။

ပါပူဝါနီယူးဂီနီနိုင်ငံ မြို့တော် ပို့မော်ရက်စ်ဘီမြို့၌ ကျင်းပသော အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု (APEC) CEO ထိပ်သီးအစည်းအဝေး ပြောကြားခဲ့သည့် မိန့်ခွန်း၌ သမ္မတ ရှီက ကမ္ဘာကြီးသည် ရာစုနှစ်တစ်ခုအတွင်း မကြုံတွေ့ဖူးသော ပြောင်းလဲမှုများနှင့် ရင်ဆိုင်နေရကြောင်း၊ လူသားမျိုးနွယ်သည်လည်း အလှည့်အပြောင်းကာလသို့ တစ်ဖန် ရောက်ရှိကြောင်း ထောက်ပြခဲ့သည်။

ပူးပေါင်းဆောင်ရွက်မှုနှင့် ထိပ်တိုက်ရင်ဆိုင်မှု၊ တံခါးဖွင့်ဝါဒနှင့် တံခါးပိတ်ဝါဒ၊ အားလုံးအတွက် ကောင်းမွန်မှုရလဒ် ဖြစ်ပေါ်စေမည့် တိုးတက်မှုနှင့် အရှုံးအမြတ်ဖြစ်ပေါ်မှု လုံးဝမရှိသော အခြေအနေ စသည်တို့အကြား ရွေးချယ်မှုအပေါ် နိုင်ငံအားလုံး၏ အကျိုးစီးပွားများနှင့် လူသားမျိုးနွယ်၏ အနာဂတ်အကြောင်း ရှီက အလေးထားပြောကြားခဲ့သည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117