Connect with us

Politics

အစိုးရသစ် လက်ထက်တွင် တရုတ်-မြန်မာ ဆက်ဆံရေး စိုးရိမ် ပူပန်စရာမရှိ၊ ပိုမို ကောင်းမွန်နိုင်ဟု ပြည်ထောင်စု လွှတ်တော် နာယက သူရ ဦးရွှေမန်းဆို


နေပြည်တော်၊ နိုဝင်ဘာ ၁၈ ရက် (ဆင်ဟွာ)

အစိုးရသစ် လက်ထက်တွင် တရုတ်-မြန်မာ ဆက်ဆံရေး အခြေအနေသည် စိုးရိမ် ပူပန်စရာမရှိဘဲ ပိုမို ကောင်းမွန်လာ နိုင်ကြောင်း ပြည်ထောင်စု လွှတ်တော် နာယက သူရ ဦးရွှေမန်းက ယနေ့ ဆင်ဟွာ သတင်းဌာန၏ သီးသန့် တွေ့ဆုံ မေးမြန်းမှုတွင် ပြောကြားသည်။

တရုတ်-မြန်မာ ဆက်ဆံရေးသည် ယခင်ထဲက ကောင်းမွန်ပြီး တရုတ်နိုင်ငံက မြန်မာနိုင်ငံ အပေါ်ထား ရှိသော သဘောထားသည် အချုပ်အခြာနှင့် နယ်မြေ ပိုင်ဆိုင်မှုကို အလေးထားခြင်း၊ မြန်မာ့ နိုင်ငံရေးကို ဝင်ရောက် မစွက်ဖက်ခြင်းနှင့် မြန်မာနိုင်ငံ ငြိမ်းချမ်းစွာ ဖွံ့ဖြိုး တိုးတက် စေလိုသည့် ဆန္ဒရှိခြင်း စသည့် စိတ်ကောင်းများကြောင့် မည့်သည့် အစိုးရ တက်တက် တရုတ်-မြန်မာ နှစ်နိုင်ငံ ဆက်ဆံရေးက ပိုကောင်းလာမည် ဖြစ်ကြောင်း သူရ ဦးရွှေမန်းက ဆိုသည်။

ပြည်ထောင်စု လွှတ်တော် နာယက ၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း ဆင်ဟွာသတင်းဌာန နှင့် သီးသန့်အင်တာဗျူး ဖြေကြားနေစဉ် (ဆင်ဟွာ)

ပြည်ထောင်စု လွှတ်တော် နာယက သူရ ဦးရွှေမန်းက တရုတ် ကုမ္ပဏီများ အနေဖြင့် မြန်မာနိုင်ငံတွင်း ရင်းနှီး မြှုပ်နှံရာတွင် ယခုထက် ပိုမို ပွင့်လင်း မြင်သာစွာ ညှိနှိုင်း ဆွေးနွေး ဆောင်ရွက်လျှင် ရင်းနှီး မြှုပ်နှံမှု ပိုမို ကောင်းမွန် လာနိုင်ကြောင်း၊ ပိုးလမ်းမကြီးသည် ကောင်းမွန်သော မူဝါဒ စီမံကိန်း ဖြစ်ပြီး တရုတ်-မြန်မာ နှစ်နိုင်ငံ ကုန်သွယ်မှု အတွက် ပိုမို ကောင်းမွန်စေကြောင်း သုံးသပ် ပြောကြားသည်။

ဆင်ဟွာ သတင်းဌာနနှင့် သီးသန့် တွေ့ဆုံ မေးမြန်းမှုတွင် ပြည်ထောင်စု လွှတ်တော် နာယက သူရ ဦးရွှေမန်းက “NLD အနေဖြင့် ပြည်သူ အကျိုးဆောင်နိုင်တဲ့ မူဝါဒကို ကျင့်သုံးမယ်လို့ ယုံကြည်တယ်၊ NLD သည် အခြားပါတီ အခြား အဖွဲ့အစည်းတွေနဲ့ ပူးပေါင်း ဆောင်ရွက်မယ်ဆို ပိုအဆင်ပြေတယ်”ဟု ၎င်းက ဆိုသည်။

လက်ရှိ အနိုင်ရပါတီ အာဏာ လွှဲပြောင်းပေးမှု အပေါ် ပြည်သူများ စိုးရိမ်မှုကို “နိုင်ငံသား အများစုဟာ NLD ကို တာဝန် ပေးလိုက်ပြီ၊ တစ်နည်းအားဖြင့် အနိုင်ပေးလိုက်ပြီ၊ နိုင်သွားတဲ့ တာဝန်ယူရမယ့် ပါတီကို ယနေ့ အာဏာရ ပါတီက ပြည်သူများရဲ့ ဆုံးဖြတ်ချက်နဲ့အညီ အာဏာ လွှဲပေးရမယ် ၊ အဲလို မလွှဲပြောင်းရင် ပြည်သူ့ဆန္ဒကို ဆန့်ကျင်ရာ ကြမယ်၊ အစိုးရ အနေဖြင့် ပြည်သူ့ဆန္ဒကို ဆန့်ကျင်ဖို့မရှိဘူး၊ ပြည်သူတွေ စိုးရိမ် ပူပန်ဖို့ မလိုပါဘူး” ဟု ဦးရွှေမန်းက ပြောသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117