Connect with us

Politics

ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်တို့ မြန်မာ-တရုတ် နယ်စပ်ဒေသ တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေးများ ဆွေးနွေး

ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း (ယာ) နှင့် တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်မှ ယူနန် စစ်ဒေသမှူး Major General Yang Guangyue (ယန်ဂွမ်းရယ်) တို့ တွေ့ဆုံ ဆွေးနွေးစဉ် (ဓာတ်ပုံ-မြဝတီ)

ရန်ကုန်၊ ဒီဇင်ဘာ ၁ ရက် (ဆင်ဟွာ)

ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်မှ ယူနန် စစ်ဒေသမှူး Major General Yang Guangyue (ယန်ဂွမ်းရယ်) တို့ တွေ့ဆုံကာ မြန်မာ-တရုတ် နယ်စပ်ဒေသ တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေးများ ဆွေးနွေးခဲ့ကြောင်း တပ်မတော်ပိုင် မြဝတီ သတင်းဌာနတွင် ဖော်ပြထားသည်။

အဆိုပါ တွေ့ဆုံမှုတွင် ရွေးကောက်ပွဲ အခြေအနေများ၊ ရွေးကောက်ပွဲလွန် ကာလ နိုင်ငံတကာ ဆက်ဆံရေးနှင့် မြန်မာ-တရုတ် နှစ်နိုင်ငံ၊ တပ်မတော် နှစ်ရပ်အကြား ဆက်ဆံရေး အခြေအနေများ၊ NCA လက်မှတ် ရေးထိုးပြီး နောက်ပိုင်း ဆက်လက် လုပ်ဆောင်နေသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ၊ နှစ်နိုင်ငံ နယ်စပ်ဒေသ တည်ငြိမ် အေးချမ်းရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေး အတွက် တပ်မတော် နှစ်ရပ်အကြား ရိုးသားမှုနှင့် ယုံကြည်မှုကို အခြေခံ၍ ပူးပေါင်း ဆောင်ရွက်ရေး ကိစ္စရပ်များ၊ မူးယစ်ဆေးဝါးနှင့် တရားမဝင် ကူးသန်း ရောင်းဝယ်မှု ကိစ္စရပ်များတွင် အပြန်အလှန် သတင်း ဖလှယ်ရေး၊ ပူးပေါင်း တားဆီးရေး ကိစ္စရပ်များအား ရင်းနှီး ပွင့်လင်းစွာ ညှိနှိုင်း ဆွေးနွေးကြသည်။

ယင်းတွေ့ဆုံပွဲသို့ ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း နှင့်အတူ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) မှ တပ်မတော် အရာရှိကြီးများ၊ နေပြည်တော် တိုင်းစစ်ဌာနချုပ် တိုင်းမှူးတို့ တက်ရောက်ကြပြီး ယူနန် စစ်ဒေသမှူး Major General Yang Guangyue (ယန်ဂွမ်းရယ်) နှင့်အတူ မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်နိုင်ငံ စစ်သံမှူး Senior Colonel Wang Jinbo ၊ (ဝမ်ဂျင်ဘို) တရုတ် ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်မှ အရာရှိကြီးများ တက်ရောက်ကြသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117