Connect with us

Asia

ယွန်းဆက်ယို ဇနီးမောင်နှံအား ဆက်လက်စုံစမ်းစစ်ဆေးမည့် အထူးရှေ့နေဥပဒေအား တောင်ကိုရီးယားလွှတ်တော် အတည်ပြု

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တွင် တရားရုံးကြားနာမှု တက်ရောက်နေသော တောင်ကိုရီးယားသမ္မတဟောင်း ယွန်းဆက်ယို (ယာဘက် တီဗီ အောက်ဘက်) အား ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၃ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- NEWSIS/Handout via Xinhua)

ဆိုးလ်၊ ဇန်နဝါရီ ၁၇ ရက် (ဆင်ဟွာ)

တောင်ကိုရီးယားလွှတ်တော်က ဇန်နဝါရီ ၁၆ ရက်တွင် ကျင်းပသည့် မျက်နှာစုံညီအစည်းအဝေးတွင် အာဏာရပါတီ ဒီမိုကရက်တစ်ပါတီက ယွန်းဆက်ယို ဇနီးမောင်နှံအား ဆက်လက်စုံစမ်းစစ်ဆေးမည့် ဘက်စုံအထူးရှေ့နေဥပဒေအား မဲခွဲအတည်ပြုရန် တွန်းအားပေးဖော်ဆောင်ခဲ့ကြောင်း Yonhap သတင်းဌာနက ထိုနေ့တွင် သတင်းဖော်ပြခဲ့သည်။
အဆိုပါဥပဒေမူကြမ်းသည် ယခင်က စုံစမ်းစစ်ဆေးရေးတာဝန်အား လုပ်ဆောင်ခဲ့ပြီးဖြစ်သည့် အထူးရှေ့နေအဖွဲ့သုံးဖွဲ့က စုံစမ်းစစ်ဆေးမှုအတွင်း မလုံလောက်သည့် အစိတ်အပိုင်းနှင့် အသစ်တိုးသော သံသယဖြစ်ဖွယ်အချက်များကို စုံစမ်းစစ်ဆေးရန် ရည်ရွယ်သည်။

အဆိုပါ ဥပဒေမူကြမ်း၏ အဓိကအကြောင်းအရာမှာ “ဒီဇင်ဘာ ၃ ရက်” အရေးပေါ် စစ်အုပ်ချုပ်ရေး ကိစ္စရပ်နှင့် ပတ်သက်သည့် ပြည်တွင်းဆူပူသောင်းကျန်းမှု၊ နိုင်ငံခြားအန္တရာယ် သံသယရှိမှုနှင့် ယွန်းဆက်ယို ဇနီးမောင်နှံနှင့် စပ်လျဉ်းသည့် ရွေးကောက်ပွဲ ဝင်ရောက်စွက်ဖက်ခြင်း၊ အခွင့်အာဏာ စွက်ဖက်ခြင်း သံသယရှိမှုအမျိုးမျိုးတို့ကို ဘက်စုံ စုံစမ်းစစ်ဆေးရန် ဖြစ်သည်ဟု သတင်းဖော်ပြချက်အရ သိရသည်။
အဆိုပါ ဥပဒေမူကြမ်းကို ဇန်နဝါရီ ၁၅ ရက်တွင် လွှတ်တော် မျက်နှာစုံညီအစည်းအဝေးမှ စိစစ်ပေးရန် တင်ပြခဲ့သည်။ သို့သော် တောင်ကိုရီးယားနိုင်ငံ၏ အကြီးဆုံး အတိုက်အခံပါတီ ပြည်သူ့အင်အားပါတီကမူ ယင်းသည် “အတိုက်အခံပါတီအား ဖိနှိပ်သည့် အထူးရှေ့နေဥပဒေ” ဖြစ်သည်ဟု ယူဆပြီး ကြာရှည်သော ဆွေးနွေးမှုကို စတင်ခဲ့သောကြောင့် အဆိုပါဥပဒေမူကြမ်းကို ဇန်နဝါရီ ၁၆ ရက်မှသာ အတည်ပြုနိုင်ခဲ့ခြင်းဖြစ်သည်။
၂၀၂၄ ခုနှစ် ဒီဇင်ဘာလတွင် တောင်ကိုရီးယား သမ္မတဟောင်း ယွန်းဆက်ယိုသည် အရေးပေါ် စစ်အုပ်ချုပ်ရေးအမိန့်အား ထုတ်ပြန်ခဲ့သည်။ ၂၀၂၅ ခုနှစ် ဇန်နဝါရီလတွင် တောင်ကိုရီးယားနိုင်ငံ ရှေ့နေရုံး အရေးပေါ်စစ်အုပ်ချုပ်ရေး စုံစမ်းစစ်ဆေးမှုဌာနသည် “ပြည်တွင်းဆူပူသောင်းကျန်းမှု စတင်မှု” ဖြင့် ယွန်းဆက်ယိုအား ထိန်းသိမ်း တရားစွဲဆိုခဲ့သည်။ ယွန်းဆက်ယိုသည် တောင်ကိုရီးယား ဖွဲ့စည်းပုံအခြေခံဥပဒေအစိုးရ သမိုင်းတွင် ပထမဆုံး တရားစွဲဆိုခံရသော တာဝန်ထမ်းဆောင်ဆဲသမ္မတ ဖြစ်လာခဲ့သည်။ ၂၀၂၅ ခုနှစ် ဧပြီလတွင် တောင်ကိုရီးယား အခြေခံဥပဒေတရားရုံးက ယွန်းဆက်ယိုအပေါ် စွပ်စွဲချက်များကို အတည်ပြုသည်ဟု ကြေညာခဲ့ပြီး ယွန်းဆက်ယိုအနေဖြင့် သမ္မတရာထူး ရုပ်သိမ်းခံခဲ့ရသည်။ ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၆ ရက်က ယွန်းဆက်ယိုသည် အထူးအစိုးရတာဝန်များ လုပ်ဆောင်ခြင်းကို အဟန့်အတားပြုမှု စသည့်ပြစ်မှုများအတွက် ပထမအကြိမ်စီရင်မှုတွင် ထောင်ဒဏ် ၅ နှစ် ချမှတ်ခံခဲ့ရသည်။ (Xinhua)

—————–
(Chinese Version)
韩国国会通过新特检法继续调查尹锡悦夫妇
新华社首尔1月16日电(记者黄莹莹)据韩联社16日报道,在当天举行的韩国国会全体会议上,执政党共同民主党推动表决通过继续调查前总统尹锡悦夫妇的新综合特检法。
该法案旨在调查此前已完成调查任务的三个特检组在调查中不充分的部分以及新增疑点。
据报道,该法案主要内容是,全面调查与“12·3”紧急戒严事件相关的内乱、外患嫌疑案件,以及围绕尹锡悦夫妇的各类选举干预、权力干预嫌疑。
该法案15日被提交至国会全体会议审议,但韩国最大在野党国民力量党认为这是“打压在野党的特检法案”,并启动了冗长辩论,导致该法案16日才获得通过。
2024年12月,韩国时任总统尹锡悦发布紧急戒严令。去年1月,韩国检察厅紧急戒严特别调查本部以“涉嫌发动内乱”拘留起诉尹锡悦,尹锡悦成为韩国宪政史上首位被起诉的现任总统。4月,韩国宪法法院宣布通过对尹锡悦的弹劾,尹锡悦被罢免总统职务。2026年1月16日,尹锡悦因妨碍执行特殊公务等罪名一审被判有期徒刑5年。(完)
图说:1月13日,韩国前总统尹锡悦(右侧电视机下方)在韩国首尔出席法院庭审。新华社/纽西斯通讯社