Connect with us

North America

ကုလသမဂ္ဂ ဆက်လက်တည်ရှိနေသင့်သော်လည်း “ငြိမ်းချမ်းရေးဘုတ်အဖွဲ့” က အစားထိုးနိုင်ခြေရှိသည်ဟု ထရမ့် ပြောကြား

အမေရိကန်နိုင်ငံ မြို့တော် ဝါရှင်တန်ရှိ အိမ်ဖြူတော်တွင် သတင်းစာရှင်းလင်းပွဲသို့ အမေရိကန် သမ္မတ ထရမ့် တက်ရောက်နေသည်ကို ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၂၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ ဇန်နဝါရီ ၂၁ ရက် (ဆင်ဟွာ)

အမေရိကန် သမ္မတ ထရမ့်က ကုလသမဂ္ဂ ဆက်လက်တည်ရှိနေသင့်သော်လည်း ၎င်း မကြာသေးမီက တည်ထောင်ရန် ကြေညာခဲ့သည့် “ငြိမ်းချမ်းရေးဘုတ်အဖွဲ့” က အစားထိုးနိုင်ခြေရှိကြောင်း ဇန်နဝါရီ ၂၀ ရက်တွင် အိမ်ဖြူတော်သတင်းစာရှင်းလင်းပွဲတစ်ခု၌ ပြောကြားခဲ့သည်။

“ငြိမ်းချမ်းရေးဘုတ်အဖွဲ့” က ကုလသမဂ္ဂကို အစားထိုးနိုင်မည်လောဟု သတင်းထောက်က မေးမြန်းရာတွင် ထရမ့်က “ဖြစ်နိုင်ခြေရှိတယ်” ဟု ပြောကြားခဲ့သည်။ တစ်ချိန်တည်းတွင်ပင် ၎င်းက ကုလသမဂ္ဂ၏ “အလားအလာ” ကို အလွန်အကောင်းမြင်ကြောင်း၊ ကုလသမဂ္ဂ ဆက်လက်တည်ရှိသင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

“ငြိမ်းချမ်းရေးဘုတ်အဖွဲ့” ဆိုသည်ကို တည်ထောင်လိုက်ကြောင်း အမေရိကန်အစိုးရသည် မကြာသေးမီက ကြေညာခဲ့ပြီး နိုင်ငံအများအပြားအား ပါဝင်ရန် ဖိတ်ခေါ်ခဲ့သည်။

“ငြိမ်းချမ်းရေးဘုတ်အဖွဲ့” အနေဖြင့် ပထမဦးစွာ ဂါဇာအရေးကို စီမံဖြေရှင်းမည်ဖြစ်ပြီး ထို့နောက် “အခြားပဋိပက္ခများ” ကို ဆက်လက်စီမံဖြေရှင်းမည် ဖြစ်ကြောင်း ထရမ့်က အင်တာဗျူးလက်ခံဖြေကြားစဉ် ပြောကြားခဲ့သည်။

“အမြဲတမ်းအဖွဲ့ဝင်” တန်ဖိုးကို ကန်ဒေါ်လာ ၁ ဘီလီယံ ကမ်းလှမ်းထားကြောင်း မီဒီယာအများအပြားက ဖော်ပြခဲ့သည်။ အမေရိကန်သည် “ငြိမ်းချမ်းရေးဘုတ်အဖွဲ့” ဆိုသည်ဖြင့် ကုလသမဂ္ဂနှင့် စင်ပြိုင်အဖွဲ့အစည်း ဖန်တီးလိုခြင်းက ကုလသမဂ္ဂ၏ ဩဇာအရှိန်အဝါနှင့် လုပ်ငန်းယန္တရားကို ထိခိုက်စေကြောင်း လူထုသဘောထားက ယူဆကြသည်။ (Xinhua)

——————
(Chinese Version)
特朗普:联合国应继续存在 但“和平委员会”或取而代之
新华社华盛顿1月20日电 美国总统特朗普20日在一场白宫记者会上表示,联合国应继续存在,但他刚宣布成立的所谓“和平委员会”可能会取而代之。
被媒体记者问及“和平委员会”是否会取代联合国时,特朗普称“可能会”。他同时表示,非常看好联合国的“潜力”,应该让联合国继续存在。
美国政府日前宣布成立所谓“和平委员会”,并邀请多国加入。特朗普接受采访时称,“和平委员会”将首先处理加沙问题,然后延伸处理“其他冲突”。多家媒体披露,美方开出10亿美元“永久入会”价码。有舆论认为,美方欲将所谓“和平委员会”打造成平行于联合国的机构,将损害联合国权威和工作机制。(完)
1. 1月20日,在美国首都华盛顿白宫,美国总统特朗普出席记者会。新华社发(李源清摄)