Connect with us

China

တရုတ်နိုင်ငံက လေစွမ်းအင် စွမ်းစွမ်းတမံထုတ်ပေးသော ကမ္ဘာ့ဌာနအဖြစ် ပေါ်ထွက်ပြီး အစိမ်းရောင် အသွင်ကူးပြောင်းမှုနှင့် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုကို အားပေး

တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်ရှီး (ကျွမ့်) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဖောင်ချိန်ကန်ဆိပ်ကမ်း ကမ်းရိုးတန်းအနီးရှိ လေစွမ်းအင်လုပ်ကွက် တည်ဆောက်ရေးနေရာကို ၂၀၂၄ ခုနှစ် မေ ၂၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်၊ ဇန်နဝါရီ ၂၆ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံသည် လေစွမ်းအင်တွင် အငြင်းပွားဖွယ်မရှိသော ကမ္ဘာလုံးဆိုင်ရာ စွမ်းစွမ်းတမံထုတ်‌ပေးသော ဌာနဖြစ်သည်။ ဂိုဘီသဲကန္တာရမှ ပင်လယ်အထိ ထုတ်လုပ်လျက်ရှိသည့် လေစွမ်းအင်သည် နိုင်ငံ၏ သန့်ရှင်းပြီး ပိုမိုရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုပုံစံသို့ ကူးပြောင်းရာ၌ အုတ်မြစ်ချပေးသည့် အခြေခံတစ်ခုဖြစ်ကြောင်း သိရသည်။
တရုတ်နိုင်ငံသည် တပ်ဆင်ထားသော လေစွမ်းအင် ဓာတ်အားထုတ်လုပ်နိုင်စွမ်းတွင် ကမ္ဘာတစ်ဝန်း ပထမနေရာ၌ ၁၅ နှစ်ဆက်တိုက် ရပ်တည်ခဲ့သည်။ ၂၀၂၅ ခုနှစ် နိုဝင်ဘာလကုန်တွင် ၎င်း၏ စုစုပေါင်း တပ်ဆင်စွမ်းအင်များ၏ ဓာတ်အားထုတ်လုပ်နိုင်စွမ်းမှာ ကီလိုဝပ် သန်း ၆၀၀ ကျော်လွန်ခဲ့ပြီး အခြားမည်သည့်နိုင်ငံထက်မဆို များစွာကျော်လွန်ခဲ့ကြောင်း တရားဝင်အချက်အလက်များက ဖော်ပြနေသည်။
နိုင်ငံ၏ မြောက်ပိုင်းနှင့် အနောက်ပိုင်းဒေသများတစ်လျှောက်ရှိ ကြီးမားသော ကုန်းတွင်းလေစွမ်းအင်လုပ်ကွက်များနှင့် အရှေ့ဘက်ကမ်းရိုးတန်းတစ်လျှောက်ရှိ ကမ်းလွန်စီမံကိန်းတို့ကို အလျင်အမြန်တိုးချဲ့နေခြင်းဖြင့် တရုတ်နိုင်ငံ၏ လေစွမ်းအင်သည် အိမ်ထောင်စုသန်းပေါင်းများစွာအတွက် သန့်စင်သော လျှပ်စစ်ဓာတ်အားကို ပေးစွမ်းရုံသာမက ကာဗွန်ထုတ်လွှတ်မှုအား လျှော့ချရာ၌လည်း အရေးပါသော အခန်းကဏ္ဍမှ ပါဝင်သည်။
တရုတ်နိုင်ငံအနေဖြင့် ၎င်း၏နယ်နိမိတ်များအား ကျော်လွန်၍ အဆိုပါအစိမ်းရောင် အောင်မြင်မှုများကို တက်ကြွစွာ မျှဝေခဲ့သည်။ ၂၀၂၁-၂၀၂၅ ကာလအတွင်း တရုတ်နိုင်ငံမှ တင်ပို့သော လေစွမ်းအင်နှင့် နေရောင်ခြည်စွမ်းအင်ထုတ်ကုန်များက အခြားနိုင်ငံများတွင် ကာဗွန်ထုတ်လွှတ်မှု တန်ချိန် ၄.၁ ဘီလီယံခန့်ကို လျှော့ချရန် ကူညီပေးခဲ့ကြောင်း တရားဝင်အချက်အလက်များက ဖော်ပြနေသည်။
ကမ္ဘာ့အကြီးဆုံး ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်စနစ်၊ ဆက်လက်လုပ်ဆောင်နေသော နည်းပညာဆန်းသစ်တီထွင်မှုနှင့် ခိုင်မာသောမူဝါဒပံ့ပိုးမှုများကြောင့် တရုတ်နိုင်ငံအနေဖြင့် ကာဗွန်ထုတ်လွှတ်မှုနည်းသော အစိမ်းရောင်အနာဂတ်သို့ ကမ္ဘာလုံးဆိုင်ရာ အသွင်ကူးပြောင်းမှုအား မြှင့်တင်ရာ၌ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုကို ဆက်လက်လုပ်ဆောင်ရန် အသင့်ရှိနေပြီး သန့်ရှင်းလှပသောကမ္ဘာကြီး တည်ဆောက်ရန် ဘုံမျှော်မှန်းချက်ကို ပံ့ပိုးပေးမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

တရုတ်နိုင်ငံ အရှေ့တောင်ပိုင်း ဖူကျန့်ပြည်နယ်၏ ကမ်းရိုးတန်းရေပိုင်နက်ရှိ ၂၀ မဂ္ဂါဝပ် ကမ်းလွန်လေတာဘိုင်လုပ်ကွက် တည်ဆောက်ရေးနေရာကို ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ရှင်းကျန်း (‌‌ဝေဂါ) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အားလက်ထိုက်ဒေသခွဲ ပုအယ်ကျင်းခရိုင်ရှိ ဝူချိုင်ထန်းလေစွမ်းအင်လုပ်ကွက်ကို ၂၀၂၅ ခုနှစ် ဇွန် ၂၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ရှီးဇန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ Baxoi ခရိုင်ရှိ ပင်လယ်ရေမျက်နှာပြင်ထက် အမြင့်ပေ ၅,၃၀၅ မီတာ၌ရှိသော အမြင့်ဆုံး nacelle ရှိသည့် လေစွမ်းအင်စီမံကိန်းကို ၂၀၂၄ ခုနှစ် အောက်တိုဘာ ၂၂ ရက်က တွေ့ရစဉ် ဆင်ဟွာ)

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ချုံချင့်မြို့ စီကျု ထူကျားလူမျိုးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရခရိုင် ဝေါ့လုန်မြို့နယ်ရှိ လုပ်ငန်းလည်ပတ်လျက်ရှိသော လေစွမ်းအင်စီမံကိန်းကို ၂၀၂၅ ခုနှစ် အောက်တိုဘာ ၂၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

……………………………………………………………..
(English Version)
China emerges as global powerhouse in wind energy, championing green transition and international cooperation
CHINA, Jan. 25 (Xinhua)
China is the undisputed global powerhouse in wind energy. From the Gobi to the sea, wind power forms a cornerstone of the country’s transition toward a cleaner and more sustainable development model.
For 15 consecutive years, China has ranked first worldwide in installed wind power capacity. By the end of November 2025, its total installed capacity had exceeded 600 million kilowatts, far exceeding that of any other nation, official data show.
With vast onshore wind farms across its northern and western regions and rapidly expanding offshore projects along the eastern coastline, China’s wind energy not only provides clean electricity to millions of households but also plays a crucial role in reducing carbon emissions.
Beyond its borders, China has actively shared its green achievements. During the 2021-2025 period, the wind power and photovoltaic products China exported helped reduce around 4.1 billion tons of carbon emissions in other countries, official data show.
Bolstered by the world’s largest renewable energy system, ongoing technological innovation and strong policy support, China is poised to continue international cooperation in advancing the global transition to a green, low-carbon future, contributing to the shared vision of a clean and beautiful world. ■
English Caption 1
An aerial drone photo taken on May 21, 2024 shows the construction site of a wind farm off the coast of Fangchenggang, south China’s Guangxi Zhuang Autonomous Region. (Xinhua/Zhou Hua)
English Caption 2
A drone photo taken on Jan. 13, 2026 shows the construction site of a 20-megawatt offshore wind turbine unit in the coastal waters of southeast China’s Fujian Province. (Xinhua/Lin Shanchuan)
English Caption 3
An aerial drone photo taken on June 20, 2025 shows a view of the Wucaitan wind farm in Burqin County, Altay Prefecture, northwest China’s Xinjiang Uygur Autonomous Region. (Photo by Nurbek Nurman/Xinhua)
English Caption 4
An aerial drone photo taken on Oct. 22, 2024 shows a view of the wind farm project with the highest nacelle at an altitude of 5,305 meters in Baxoi County, southwest China’s Xizang Autonomous Region. (Photo by Song Xianji/Xinhua)
English Caption 5
An aerial drone photo taken on Oct. 28, 2025 shows a wind power project in operation in Wolong County, Shizhu Tujia Autonomous County, southwest China’s Chongqing. (Photo by Li Xiaofeng/Xinhua)