Connect with us

International Organizations

ပရိသတ်များ၏ အားမလိုအားမရမှုများ ရှိနေသော်လည်း ချန်ပီယံလိဂ်တွင် အရှိန်အဟုန်ဖြင့် ရှေ့ဆက်နိုင်ရန် ဒေ့ါမွန်အသင်း ကြိုးပမ်းနေ

ဂျာမနီနိုင်ငံ အော့စ်ဘတ်မြို့တွင် ၂၀၂၅ ခုနှစ် အောက်တိုဘာ ၃၁ ရက်က အော့စ်ဘတ်အသင်းနှင့် ဒေ့ါမွန်အသင်းတို့ ယှဉ်ပြိုင်ကစားသည့် ဂျာမန်ပထမတန်း ဘွန်ဒက်စ်လီဂါ ဘောလုံးပွဲစဉ်၌ ဂိုးသွင်းပြီးနောက် အသင်းဖော်များနှင့်အတူ အောင်ပွဲခံနေသည့် ဒေ့ါမွန်အသင်းမှ ဆာဟူ ဂီရတ်ဆီ (ဝဲ-တတိယ) အား တွေ့ရစဉ် (ဆင်ဟွာ)

ဘာလင်၊ ဇန်နဝါရီ ၂၇ ရက် (ဆင်ဟွာ)

ဇန်နဝါရီ ၂၈ ရက်တွင် အင်တာမီလန်အသင်းနှင့် ယှဉ်ပြိုင်ကစားမည့် ယူအီးအက်ဖ်အေ ချန်ပီယံလိဂ်ပွဲစဉ်မတိုင်မီ ဒေ့ါမွန်အသင်းအပေါ် ၌ ရှိနေသည့် စိတ်ခံစားချက်များမှာ အမှတ်ပေးဇယားက ညွှန်းဆိုနေသည်ထက် ပိုမိုရှုပ်ထွေးလျက်ရှိသည်။
၂၀၂၄ ခုနှစ်တွင် ချန်ပီယံလိဂ်ဗိုလ်လုပွဲသို့ တက်ရောက်နိုင်ခဲ့သည့် ဒေ့ါမွန်အသင်းမှာ ဘွန်ဒက်စ်လီဂါတွင် အဆင့်-၂ ၌ ရပ်တည်နေသလို ယခုရာသီ၌ ချန်ပီယံလိဂ် ရှုံးထွက်အဆင့်သို့ တက်ရောက်နိုင်ရန်လည်း ကြိုးပမ်းလျက်ရှိသည်။ အသင်းအနေဖြင့် အခြေအနေကောင်းများကို ပိုင်ဆိုင်ထားသော်လည်း အသင်းပရိသတ်အချို့ကမူ ကျေနပ်အားရခြင်းမရှိကြပေ။
ပရိသတ်များက ဘောလုံးပိုင်ဆိုင်မှု ပိုမိုအသားပေးသည့် တိုက်စစ်ကစားဟန်ကို တောင့်တနေဆဲ ဖြစ်သော်လည်း နည်းပြ နီကို ကိုဗက်က အသင်းအား တည်ငြိမ်မှုရှိစေရန် စွမ်းဆောင်ပေးခဲ့သည်။ ဒေ့ါမွန်အသင်းမှာ ယခုရာသီ၌ ကစားခဲ့သည့် ပွဲစဉ်အားလုံးအနက် ၅၃ ရာခိုင်နှုန်းအား ပေးဂိုးမရှိအောင် ကစားနိုင်ခဲ့သည်။ ဘွန်ဒက်စ်လီဂါပွဲစဉ် ၁၉ ပွဲအနက် ၁၀ ပွဲတွင် ပေးဂိုးလုံးဝ မရှိခဲ့ခြင်းက ဥရောပ၌ ပီအက်စ်ဂျီပြီးလျှင် အကောင်းဆုံးမှတ်တမ်းဖြစ်သည်။

အသင်း၏ လတ်တလော တိုးတက်မှုများကြောင့် ဒေါ့မွန်ကစားသမားများအကြား အကောင်းမြင်မှုများ ပိုမိုတိုးလာစေခဲ့ကာ ဒဏ်ရာမှ ပြန်လည်သက်သာလာပြီးနောက် အသင်း၌ ပိုမိုအရေးပါလာသည့် နောက်ခံလူ နီကို ရှလော့တာဘက်ခ်အပေါ်၌လည်း အာရုံစိုက်လာခဲ့သည်။
အဆိုပါ ဂျာမနီလက်ရွေးစင်မှာ အသင်းနှင့် စာချုပ်သက်တမ်းတိုးရန် နီးစပ်နေပြီဟု မီဒီယာများက ဖော်ပြလျက်ရှိသော်လည်း ရှလော့တာဘက်ခ်ကမူ ၎င်းအနေဖြင့် အချိန်ယူစဉ်းစားနေသည်ဟု ဆိုသည်။ “ကျွန်တော် နောက်ဆုံးဆုံးဖြတ်ချက်ချဖို့ အချိန်သတ်မှတ်ထားပါတယ်။ လောလောဆယ်တော့ ဘယ်သူ့ကိုမှ မပြောသေးပါဘူး” ဟု ၎င်းက ပြောသည်။ “ကျွန်တော့်ရဲ့ ရင်တွင်းခံစားချက်ကို နားစွင့်နေပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်က ပင်ကိုအသိစိတ်အတိုင်း လုပ်တတ်တဲ့သူမို့လို့ပါ” ဟု ၎င်းက ဆက်လက်ပြောသည်။
နည်းပြကိုဗက်က ရှလော့တာဘက်ခ်အား တိုက်စစ်တွင် ပိုမိုလွတ်လွတ်လပ်လပ် လိုက်ပါကစားခွင့်ပြုရန် ဆုံးဖြတ်ခဲ့ပြီးနောက် ရှလော့တာဘက်ခ်မှာ ယူနီယံဘာလင်ကို ၃ ဂိုးပြတ် အနိုင်ရခဲ့သည့် ဘွန်ဒက်စ်လီဂါပွဲစဉ်၌ ဂိုးသွင်းယူနိုင်ခဲ့ပြီး ပိုမိုတက်ကြွလန်းဆန်းလာခဲ့ပုံရသည်။ “ကျွန်တော် ရှေ့အထိ ပြန်တက်ကစားနေပါပြီ။ အဲဒီလို ကစားရတာကို သဘောကျပါတယ်” ဟု အဆိုပါ အသက် ၂၆ နှစ်အရွယ် နောက်ခံလူက ဆိုသည်။

အစောပိုင်းတွင် လအတန်ကြာ အနားယူခဲ့ရသည့် ရှလော့တာဘက်ခ်အား သတိဖြင့်ကစားရန် တိုက်တွန်းခဲ့ပြီး ၎င်းအား ရှေ့သို့တက်ကစားခြင်းကို ကန့်သတ်ခဲ့သည်။ သို့သော် ၁၀ ပွဲကစားပြီးချိန်တွင် ၎င်း၏ အမြင့်ဘောကျွမ်းကျင်မှုနှင့် တည်ကန်ဘောများမှတစ်ဆင့် ဂိုးပေါက်ခြိမ်းခြောက်နိုင်စွမ်း မြင့်မားလာမှုတို့က ဒေ့ါမွန်အသင်းကို အကျိုးပြုနိုင်ခဲ့သည်။
“ကျွန်တော်တို့ရဲ့ ကစားပုံက ရလဒ်ကောင်းတွေ ရရှိစေတယ်။ ကျွန်တော်တို့ တည်ငြိမ်မှုလည်း ရှိနေပါပြီ” ဟု ကိုဗက်က ပြောကြားခဲ့ပြီး ရှလော့တာဘက်ခ်မှာ အသင်း၌ ရေရှည်ဆက်ရှိနေမည်ဟု အကောင်းမြင်လျက်ရှိကြောင်း ပြောကြားခဲ့သည်။
ဒေ့ါမွန်အသင်း တာဝန်ရှိသူများက ရှလော့တာဘက်ခ်အား လုပ်ခလစာ သိသိသာသာတိုးမြှင့်ပေးကာ ၂၀၃၀ ပြည့်နှစ်အထိ သက်တမ်းတိုးစာချုပ် ချုပ်ဆိုရန် ပြင်ဆင်နေသည်ဟု သတင်းထွက်ပေါ်လျက်ရှိသော်လည်း ကစားသမားကိုယ်တိုင်ကမူ ယခုရာသီအတွက်သာ အဓိကအာရုံစိုက်ထားသည်ဟု ဆိုသည်။
ဒေ့ါမွန်အသင်းမှာ အမှတ်ပေးဇယားဦးဆောင်သူ ဘိုင်ယန်မြူးနစ်ထက် ၈ မှတ် ကွာဟနေသော်လည်း ဘိုင်ယန်မြူးနစ်မှာ အော့စ်ဘတ်ကို အိမ်ကွင်း၌ လောလောလတ်လတ် ရှုံးနိမ့်ထားခြင်းက ၎င်း၏ယုံကြည်ချက်ကို ပိုမိုမြင့်မားစေခဲ့သည်။
“အခွင့်အရေး မဆိုစလောက်ပဲရှိရင်တောင် အဲဒါကို ဖမ်းဆုပ်ထားရပါမယ်” ဟု ရှလော့တာဘက်ခ်က ဆိုသည်။ “မတ်လတောင် မရောက်သေးတာမို့လို့ တတ်နိုင်သမျှ ချန်ပီယံဆုကို အရယူပေးချင်ပါတယ်” ဟု ၎င်းက ပြောသည်။ (Xinhua)

ဂျာမနီနိုင်ငံ ဖရန့်ဖွတ်မြို့တွင် ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၉ ရက်က ဖရန့်ဖွတ်အသင်းနှင့် ဒေ့ါမွန်အသင်းတို့ ယှဉ်ပြိုင်ကစားသည့် ဂျာမန်ပထမတန်း ဘွန်ဒက်စ်လီဂါ ဘောလုံးပွဲစဉ်၌ ဒေ့ါမွန်နည်းပြချုပ် နီကို ကိုဗက် အမူအရာဖြင့် ညွှန်ကြားနေပုံကို တွေ့ရစဉ် (ဆင်ဟွာ)

ဂျာမနီနိုင်ငံ ဒေ့ါမွန်မြို့တွင် ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၇ ရက်က ဒေ့ါမွန်အသင်းနှင့် စိန့်ပေါ်လီအသင်းတို့ ယှဉ်ပြိုင်ကစားသည့် ဂျာမန်ပထမတန်း ဘွန်ဒက်စ်လီဂါ ဘောလုံးပွဲစဉ်၌ စိန့်ပေါ်လီအသင်းမှ ဖူဂျိတ ချီမာနှင့် ဘောလုံးယှဉ်လုနေသည့် ဒေ့ါမွန်အသင်းမှ နီကို ရှလော့တာဘက်ခ် (ဝဲ) အား တွေ့ရစဉ် (ဆင်ဟွာ)

………………
(English Version)
Dortmund seeking Champions League momentum despite fan discontent
BERLIN, Jan. 26 (Xinhua) — The mood around Borussia Dortmund is more complicated than the league table suggests ahead of Wednesday’s UEFA Champions League match against Inter Milan.
Dortmund, the 2024 Champions League finalist, sits second in the Bundesliga and is pushing for a place in this season’s Champions League knockout stage. Yet despite the results, dissatisfaction lingers among sections of the fan base.
Coach Niko Kovac has delivered stability, even if supporters continue to crave a more expansive style of play. According to Opta, Dortmund has kept a clean sheet in 53 percent of matches this season. Ten of its 19 Bundesliga games have ended without conceding, the best record in Europe outside of Paris Saint-Germain.
Recent progress has also fueled optimism inside the squad, with attention turning to defender Nico Schlotterbeck, who has become increasingly influential since returning from injury.
Media reports have suggested the Germany international is close to signing a contract extension, though Schlotterbeck said he is taking his time. “I have a deadline, which I keep to myself for the time being,” he said. “I listen to my gut feelings, because I am an intuitive person.”
Schlotterbeck appeared rejuvenated after scoring in a 3-0 Bundesliga win over Union Berlin, following Kovac’s decision to allow him greater freedom to join attacks. “I am back up front, and I enjoy it,” the 26-year-old said.
Kovac had initially urged caution after Schlotterbeck’s months-long absence, limiting his forward runs. Ten matches later, Dortmund is benefiting from his aerial strength and increased threat from set pieces.
“Our football triggers good results, and we gain stability,” Kovac said, expressing optimism about securing the defender’s long-term future.
Dortmund officials are reportedly prepared to offer Schlotterbeck a deal through 2030 with a significant salary increase, though the player said his focus remains on this season.
Despite trailing Bundesliga leader Bayern Munich by eight points, the Bavarian side’s recent defeat at home to Augsburg has sharpened belief.
“If there’s the slightest chance, let’s take it,” Schlotterbeck said. “I want them to win the title as late as possible, not already in March.”
English Caption 1
Serhou Guirassy (3rd L) of Borussia Dortmund celebrates scoring with teammates during the German first division Bundesliga football match between FC Augsburg and Borussia Dortmund in Augsburg, Germany, Oct. 31, 2025. (Photo by Philippe Ruiz/Xinhua)
English Caption 2
Borussia Dortmund’s head coach Niko Kovac gestures during the German first division Bundesliga football match between Eintracht Frankfurt and Borussia Dortmund in Frankfurt, Germany, Jan. 9, 2026. (Photo by Ulrich Hufnagel/Xinhua)
English Caption 3
Nico Schlotterbeck (L) of Borussia Dortmund vies with Fujita Chima of FC St. Pauli during the German first division Bundesliga football match between Borussia Dortmund and FC St. Pauli in Dortmund, Germany, Jan. 17, 2026. (Photo by Joachim Bywaletz/Xinhua)