International Organizations
မီလန်-ကော်တီနာ ဆောင်းရာသီအားကစားပြိုင်ပွဲတွင် အမျိုးသမီး မီတာ ၁,၅၀၀ ရွှေတံဆိပ်ဆုကို ရစ်ဂျ်မာဒီဂျုံး ရရှိ
မီလန်၊ ဖေဖော်ဝါရီ ၂၁ ရက် (ဆင်ဟွာ)
အီတလီနိုင်ငံ မီလန်မြို့၌ ဖေဖော်ဝါရီ ၂၀ ရက်က ကျင်းပသည့် ၂၀၂၆ ခုနှစ် မီလန်-ကော်တီနာ အိုလံပစ်ဆောင်းရာသီအားကစားပြိုင်ပွဲ၏ အမျိုးသမီး မီတာ ၁,၅၀၀ အမြန်နှုန်းစကိတ်စီးပြိုင်ပွဲတွင် နယ်သာလန်နိုင်ငံမှ အန်ထိုနက် ရစ်ဂျ်မာဒီဂျုံးက ၎င်း၏ စတုတ္ထအကြိမ်မြောက် ဆောင်းရာသီအားကစားပြိုင်ပွဲ၌ ပထမဆုံး အိုလံပစ်ရွှေတံဆိပ်ဆုကို ဆွတ်ခူးနိုင်ခဲ့ပြီဖြစ်သည်။
တောင်ကိုရီးယားနိုင်ငံ ဖျောင်းချန်မြို့၌ ကျင်းပခဲ့သည့် ပြိုင်ပွဲနှင့် တရုတ်နိုင်ငံ ပေကျင်းမြို့၌ ကျင်းပခဲ့သည့် ပြိုင်ပွဲတို့တွင်မူ ကြေးတံဆိပ်သုံးခုနှင့် ငွေတံဆိပ်တစ်ခု ရရှိခဲ့သည့် အသက် ၃၀ အရွယ် နယ်သာလန်စကိတ်စီးသမား ရစ်ဂျ်မာဒီဂျုံးက အဆိုပါပြိုင်ပွဲတွင် နော်ဝေနိုင်ငံမှ Ragne Wiklund ကို ၀.၀၆ စက္ကန့်ဖြင့် အနိုင်ယူကာ ပန်းဝင်ချိန် တစ်မိနစ်နှင့် ၅၄.၀၉ စက္ကန့်ဖြင့် အောင်ပွဲရရှိခဲ့ခြင်းဖြစ်သည်။
မီတာ ၃,၀၀၀ တွင် ငွေတံဆိပ်တစ်ခုနှင့် မီတာ ၅,၀၀၀ တွင် ကြေးတံဆိပ်တစ်ခု ရရှိခဲ့သော Wiklund က အဆိုပါအားကစားပြိုင်ပွဲများတွင် ၎င်း၏ တတိယမြောက် ဆုတံဆိပ်ကို ဆွတ်ခူးခဲ့ပြီး ကြေးတံဆိပ်ဆုကိုမူ ကနေဒါနိုင်ငံမှ Valerie Maltais က ပန်းဝင်ချိန် ၁ မိနစ် ၅၄.၄၀ စက္ကန့်ဖြင့် ရရှိခဲ့သည်။
လွန်ခဲ့သော လေးနှစ်က ပေကျင်း ဆောင်းရာသီ အားကစားပြိုင်ပွဲတွင် ငွေတံဆိပ်ဆုရရှိခဲ့သည့် ဂျပန်နိုင်ငံသား မီဟို တာကာဂီကမူ ပန်းဝင်ချိန် ၁ မိနစ် ၅၄.၈၆၅ စက္ကန့်ဖြင့် ဆဋ္ဌမနေရာသာ ရရှိခဲ့ပြီး ၎င်း၏ ၁၁ ခုမြောက် အိုလံပစ်ဆုတံဆိပ်ကို လွဲချော်ခဲ့ကြောင်း သိရသည်။ (Xinhua)

အီတလီနိုင်ငံ မီလန်မြို့၌ ကျင်းပသည့် ၂၀၂၆ ခုနှစ် မီလန်-ကော်တီနာ အိုလံပစ်ဆောင်းရာသီအားကစားပြိုင်ပွဲ၏ အမျိုးသမီး မီတာ ၁,၅၀၀ အမြန်နှုန်းစကိတ်စီးပြိုင်ပွဲ၏ ဆုပေးပွဲသို့ တက်ရောက်လာသည့် ရွှေတံဆိပ်ဆုရှင် နယ်သာလန်နိုင်ငံမှ အန်ထိုနက် ရစ်ဂျ်မာဒီဂျုံး (အလယ်)၊ ငွေတံဆိပ်ဆုရှင် နော်ဝေနိုင်ငံမှ Ragne Wiklund (ဝဲဘက်) နှင့် ကြေးတံဆိပ်ဆုရှင် ကနေဒါနိုင်ငံမှ Valerie Maltais တို့ကို ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၂၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)







………………..
(English Version)
Rijpma-de Jong wins women’s 1,500m gold at Milan-Cortina Winter Games
MILAN, Feb. 20 (Xinhua) — Antoinette Rijpma-de Jong of the Netherlands finally landed her first Olympic gold medal in her fourth Winter Games as she claimed the title of the women’s 1,500 meters speed skating here on Friday.
Having reaped three bronzes and one silver in PyeongChang and Beijing, the 30-year-old Dutch skater clocked one minute and 54.09 seconds for the victory, edging Ragne Wiklund of Norway by 0.06 seconds.
Wiklund, who had collected a silver in the 3,000m and a bronze in the 5,000m, took her third medal at these Games, with the bronze going to Valerie Maltais of Canada in 1:54.40.
Japanese Miho Takagi, the silver medalist in this event at the Beijing Winter Games four years ago, missed out on her 11th Olympic medal after finishing sixth with a time of 1:54.865. ■
English Caption 1
Antoinette Rijpma-de Jong of the Netherlands celebrates after the speed skating women’s 1500m event at the Milan-Cortina 2026 Olympic Winter Games in Milan, Italy, Feb. 20, 2026. (Xinhua/Li Jing)
English Caption 2
Gold medalist Antoinette Rijpma-de Jong (C) of the Netherlands, silver medalist Ragne Wiklund (L) of Norway, and bronze medalist Valerie Maltais of Canada attend the awarding ceremony of the speed skating women’s 1500m event at the Milan-Cortina 2026 Olympic Winter Games in Milan, Italy, Feb. 20, 2026. (Xinhua/Wu Wei)
