Connect with us

Politics, Law & Military

တရုတ်သမ္မတ ရှီ နှင့် ထရမ့်တို့ တယ်လီဖုန်းဖြင့် ဆက်သွယ်၍ အာဂျင်တီးနားအစည်းအဝေး မှ သဘောတူညီချက်များအား ပြီးမြောက်အောင် ဆောင်ရွက်ရန် သဘောတူ

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် (ယာ) နှင့် အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် (ဝဲ) တို့ဂျာမနီနိုင်ငံတွင် ၂၀၁၇ခုနှစ် ဇူလိုင် ၈ရက်ကတွေ့ဆုံစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဒီဇင်ဘာ ၃၀ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် နှင့် အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့်တို့သည် ဒီဇင်ဘာ ၂၉ ရက် က တယ်လီဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးခဲ့ပြီး အာဂျင်တီးနားနိုင်ငံတွင် ပြုလုပ်သော G20 ထိပ်သီးအစည်းအဝေး အတွင်း ပြုလုပ်ခဲ့သည့် ၎င်းတို့၏ သဘောတူညီချက်များကို ပြီးပြည့်စုံအောင် ရှေ့ဆက်ဆောင်ရွက် သွားလိုကြောင်း ၎င်းတို့၏ သဘောထားများကို ဖော်ပြခဲ့ကြသည်။

ထရမ့်က ရှီနှင့် တရုတ်ပြည်သူများထံ နှစ်သစ်ဆုတောင်းစကားပြောကြားခဲ့ပြီး တရုတ်-အမေရိကန် ဆက်ဆံရေးသည် အလွန်အရေးပါပြီး တစ်ကမ္ဘာလုံးက အာရုံစိုက်၍ ထပ်ကြပ်မကွာ လိုက်ပါနေကြကြောင်း ပြောကြားခဲ့သည်။၎င်းက သမ္မတ ရှီ နှင့် ဆက်ဆံရေးကောင်းမွန်မှုကို တန်ဖိုးထားပါကြောင်း နှင့် အာဂျင်တီးနားအစည်းအဝေး အတွင်း ၎င်းတို့နှစ်ဦး၏ တွေ့ဆုံမှုမှ သဘောတူညီချက်များကို နှစ်နိုင်ငံလုံးက ပြီးမြောက်အောင် ကြိုးပမ်းဆောင်ရွက်နေသည်ကိုတွေ့မြင်ရသည့်အတွက် ကျေနပ်မိပါကြောင်း ပြောကြားခဲ့သည်။

သမ္မတ ရှီ က ထရမ့်နှင့် အမေရိကန်ပြည်သူများထံ နှစ်သစ်ဆုတောင်းစကား ပြန်လည်ပြောကြားခဲ့ပြီး တရုတ်-အမေရိကန်ဆက်ဆံရေး တည်ငြိမ်တိုးတက်မှုအတွက် ဆောင်ရွက်ရန် နှစ်ဖက်စလုံးက မျှော်လင့်နေကြောင်း နှင့် နှစ်နိုင်ငံဆက်ဆံရေးသည် ယခုအချိန်တွင် အရေးပါသော အဆင့်တစ်ခုသို့ ရောက်ရှိနေပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။

၎င်းက ၂၀၁၉ခုနှစ်သည် တရုတ်-အမေရိကန် သံတမန်ဆက်ဆံရေး တည်ထောင်ခြင်း နှစ် ၄၀ပြည့် အထိမ်းအမှတ်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် နှစ်နိုင်ငံ ဆက်ဆံရေးဖွံ့ဖြိုးတိုးတက်မှုကို အလေးထားပါကြောင်း နှင့် ညှိနှိုင်းဆောင်ရွက်မှုရှိပြီး အပြုသဘောဆောင်သော နှစ်နိုင်ငံဆက်ဆံရေးကို ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်လိုစိတ်ရှိသည့် အမေရိကန်နိုင်ငံကိုလည်း ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့သည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117