Connect with us

Politics, Law & Military

တရုတ်-အမေရိကန် သံတမန်ဆက်ဆံရေးတည်ထောင်ခြင်း နှစ် ၄၀ ပြည့် အထိမ်းအမှတ်အဖြစ် နှစ်နိုင်ငံ ခေါင်းဆောင်အကြား ဂုဏ်ပြုသဝဏ်လွှာပေးပို့

သမ္မတ ရှီကျင့်ဖိန်နှင့် သမ္မတ ထရမ့်အား တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇန်နဝါရီ ၁ ရက်(ဆင်ဟွာ)

တရုတ်-အမေရိကန် သံတမန်ဆက်ဆံရေးတည်ထောင်ခြင်း နှစ် ၄၀ ပြည့်အထိမ်းအမှတ်အဖြစ် သမ္မတ ရှီကျင့်ဖိန်နှင့် သမ္မတ ထရမ့်တို့အကြား ဂုဏ်ပြုသဝဏ်လွှာများ အပြန်အလှန်ပေးပိုခဲ့ကြ ကြောင်း သိရသည်။

သမ္မတ ရှီကျင့်ဖိန်၏သဝဏ်လွှာတွင် တရုတ်-အမေရိကန် သံတမန်ဆက်ဆံရေးတည်ထောင်သည့် နှစ် ၄၀ ကာလအတွင်း နှစ်နိုင်ငံ ဆက်ဆံရေးသည် အခက်အခဲကြုံတွေ့ရသည်များရှိသလို သမိုင်းဝင် တိုးတက်မှုများလည်းရရှိခဲ့ရာ နှစ်နိုင်ငံပြည်သူအများ အကျိုးစီးပွားဖြစ်ထွန်းစေရန် ၊ကမ္ဘာကြီးတည်ငြိမ် အေးချမ်း စည်ပင်ဝပြော့စေရန် အရေးပါသည် အကျိုးဆောင်မှုများလည်းရှိခဲ့ကြောင်း ၊ ပူးပေါင်းဆောင်ရွက်မှုသည် နှစ်နိုင်ငံအတွက် အကောင်းဆုံးရွေးချယ်မှုဖြစ်သည်ကို သမိုင်းက အပြည့်အဝသက်သေပြပြီးဖြစ်ကြောင်း ဖော်ပြပါရှိသည်။

ထို့အပြင် လက်ရှိအချိန်သည် တရုတ်-အမေရိကန် နှစ်နိုင်ငံ ဆက်ဆံရေး၏အရေးကြီးသည့် ကာလ ဖြစ်ရာ တရုတ်နိုင်ငံအနေဖြင့် နှစ်နိုင်ငံဆက်ဆံရေး၏တိုးတက်မှုကို အထူးအလေးထားကြောင်း ၊ သမ္မတ ထရမ့်နှင့်အတူ နှစ်ဖက်သဘောတူညီချက်များကို အကောင်အထည်ဖော်ဆောင်ရွက်ကာ ဆွေးနွေးညှိနှိုင်းခြင်း၊ပူးပေါင်းဆောင်ရွက်ခြင်း၊ တည်ငြိမ်ခြင်းကို အခြေခံထားသည့် ဆက်ဆံရေးဖြစ်စေ ရန် အတူတွန်းအားပေးဆောင်ရွက်သွားလိုကြောင်းနှင့် နှစ်နိုင်ငံပြည်သူများ၊ ကမ္ဘာ့နိုင်ငံအသီးအသီးမှ ပြည်သူအများ၏အကျိုးကို ပိုကောင်းမွန်စွာဖော်ဆောင်ပေးလိုကြောင်း သမ္မတရှီ၏ သဝဏ်လွှာတွင် ရေးသားဖော်ပြထားသည်။

သမ္မတ ထရမ့်၏ သဝဏ်လွှာတွင် ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၁ ရက်သည် အမေရိကန်ပြည်ထောင်စုနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့အကြား သံတမန်ဆက်ဆံရေးတည်ထောင်သည့် နှစ် ၄၀ ပြည့် အထိမ်း အမှတ်နေ့ဖြစ်ကြောင်း ၊ နှစ်များစွာအတွင်း တရုတ်-အမေရိကန် ဆက်ဆံရေးသည် ကြီးမားသည့် တိုးတက်မှုများရရှိခဲ့ကြောင်း ၊ ဖွံ့ဖြိုးရေး ပူးပေါင်းဆောင်ရွက်မှုများနှင့် အပြုသဘော ဆောင်သည့် နှစ်နိုင်ငံဆက်ဆံရေးသည် ၎င်း၏ ဦးစားပေးဆောင်ရွက်မည့်ကိစ္စဖြစ် ကြောင်း ၊ ခိုင်မာသည့်ချစ်ကြည် ရေးက နှစ်နိုင်ငံ အနာဂတ်နှစ်ပေါင်းများစွာ၏အောင်မြင်မှုများအတွက် အကောင်းဆုံး အခြေခံအုတ်မြစ် ဖြစ်ကြောင်း ဖော်ပြပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.