North America
အမေရိကန်စစ်တပ်က အီရန်၏ ရေနံတင်ပို့ရာအချက်အချာ Kharg ကျွန်းအား ဗုံးကြဲတိုက်ခိုက်ဟု ထရမ့် ဆို
ဝါရှင်တန်၊ မတ် ၁၄ ရက် (ဆင်ဟွာ)
အမေရိကန် သမ္မတ ထရမ့်က အမေရိကန် အရှေ့ပိုင်း စံတော်ချိန် မတ် ၁၃ ရက် ညနေပိုင်းတွင် လူမှုမီဒီယာ၌ ပို့စ်တင်၍ အမေရိကန်ဗဟိုကွပ်ကဲရေးဌာနချုပ် (CENTCOM) သည် “မကြာသေးမီက” ၎င်း၏ ညွှန်ကြားချက်အရ အီရန်၏ ရေနံတင်ပို့ရာအချက်အချာ Kharg ကျွန်းအား ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး “ကျွန်းပေါ်ရှိ စစ်ရေးပစ်မှတ်အားလုံးကို လုံးဝဖျက်ဆီးခဲ့သည်” ဟု ပြောကြားခဲ့သည်။
ထရမ့်က ၎င်းအနေဖြင့် ကျွန်းပေါ်ရှိ ရေနံအခြေခံအဆောက်အဦအား ဖျက်ဆီးရန် မရွေးချယ်ခဲ့ကြောင်း ပြောကြားခဲ့သည်။ သို့သော် ဟောမုဇ်ရေလက်ကြား၌ သင်္ဘောများ လွတ်လပ်ဘေးကင်းလုံခြုံစွာ ဖြတ်သန်းသွားလာမှုကို အီရန် သို့မဟုတ် အခြားမည်သည့်နိုင်ငံက မည်သည့်နည်းလမ်းဖြင့်မဆို အနှောင့်အယှက်ပြုမည်ဆိုပါက “ကျွန်တော်က ဒီဆုံးဖြတ်ချက်ကို ချက်ချင်းပြန်လည်စဉ်းစားသွားမှာပါ” ဟုလည်း ၎င်းက ခြိမ်းခြောက်ပြောကြားခဲ့သည်။
Kharg ကျွန်းသည် ပါရှန်းပင်လယ်ကွေ့ အနောက်မြောက်ပိုင်း၌ တည်ရှိပြီး အီရန်၏ အကြီးဆုံး ရေနံတင်ပို့ရာ အခြေခံအဆောက်အဦဖြစ်ကာ အီရန်တစ်နိုင်ငံလုံး၏ ရေနံတင်ပို့မှု ၉၀ ရာခိုင်နှုန်းကို စီမံရန် တာဝန်ယူရသည်။ အီရန် လွှတ်တော်ဥက္ကဋ္ဌ မိုဟာမက် ဘာဂါ ဂါလီဘတ်ဖ် (Mohammad Bagher Ghalibaf) က မတ် ၁၂ ရက်တွင် လူမှုမီဒီယာ၌ ပို့စ်တင်၍ အမေရိကန်နှင့် အစ္စရေးက ပါရှန်းပင်လယ်ကွေ့ရှိ အီရန်၏ မည်သည့်ကျွန်းဆွယ်ကိုမဆို တိုက်ခိုက်မည်ဆိုပါက အီရန်သည် “ထိန်းသိမ်းလုပ်ဆောင်နေမှု အားလုံးကို စွန့်လွှတ်လိုက်မည်” ဟု ပြောကြားခဲ့သည်။ (Xinhua)
——————-
(Chinese Version)
特朗普:美军轰炸伊朗石油出口枢纽哈尔克岛
新华社华盛顿3月13日电 美国东部时间13日傍晚,美国总统特朗普在社交媒体发文,称美军中央司令部“刚刚”按照他的指示,轰炸了伊朗石油出口枢纽哈尔克岛,“彻底摧毁岛上所有军事目标”。
特朗普称,他没有选择摧毁岛上石油基础设施。但他威胁说,如果伊朗或任何其他国家以任何方式干扰霍尔木兹海峡的船舶自由安全通行,“我将立即重新考虑这一决定”。
哈尔克岛位于波斯湾西北部,是伊朗最大原油出口基地,负责处理伊朗全国90%的石油出口。伊朗伊斯兰议会议长卡利巴夫12日在社交媒体发文说,如果美国和以色列攻击伊朗在波斯湾的任何岛屿,伊朗将“放弃所有克制”。(完)
图说:这是3月13日晚在伊朗首都德黑兰拍摄的空袭后的浓烟。新华社记者 沙达提 摄
