Politics
(လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု) သံအမတ်ကြီး Ms. Ma Jia သည် လန်ချန်း-မဲခေါင် အဆင့်မြင့်ပညာ တက္ကသိုလ်များအကြား သိပ္ပံနှင့် နည်းပညာ ပူးပေါင်းဖလှယ်ရေး စီမံကိန်းစတင်ခြင်းအခမ်းအနားသို့ တက်ရောက်】
မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု ပထမဆုံးအကြိမ် နိုင်ငံ့ခေါင်းဆောင် အစည်းအဝေးကျင်းပခဲ့သည့် (၁၀) နှစ်ပြည့်အခါသမယတွင်၊ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေဖြင့် ပံ့ပိုးကူညီသည့် “Mekong-Lancang Science and Technology Cooperation Program (Phase 2)”စတင်ခြင်းအခမ်းအနားကို မတ်လ ၆ ရက်နေ့တွင် နေပြည်တော်၌ ကျင်းပခဲ့ပါသည်။ အခမ်းအနားသို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Ms. Ma Jia ၊ သံမှူးကြီး Dr. Zheng Zhihong ၊ မြန်မာနိုင်ငံ သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ၊ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု ညှိနှိုင်းကွပ်ကဲရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဒေါက်တာအောင်ကျော်မိုး၊ မန္တလေးနည်းပညာတက္ကသိုလ်နှင့် ကူမင်းနည်းပညာတက္ကသိုလ်မှ တာဝန်ရှိသူများ စသဖြင့် ဧည့်သည်တော်ပေါင်း ၁၀၀ နီးပါး တက်ရောက်ခဲ့ ပါသည်။
သံအမတ်ကြီး Ms. Ma Jia မှ အမှာစကားပြောကြားရာ၌ မဲခေါင်-လန်ချန်း အဖွဲ့ဝင်နိုင်ငံ ၆ နိုင်ငံမှ အဆင့်မြင့်တက္ကသိုလ်များသည် လူရည်ချွန်များ မွေးထုတ်ပျိုးထောင်ပေးမှု၊ အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်မှု၊ ပြည်သူတို့ လူနေမှုဘဝ ပိုမိုကောင်းမွန်လာစေမှု စသည့်နယ်ပယ်များတွင် အလွန်ထိရောက်သော ရှာဖွေတွေ့ရှိမှုများ ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် မဲခေါင်-လန်ချန်း အဆင့်မြင့်တက္ကသိုလ်များ နယ်ပယ်ပေါင်းစုံ ပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်သွားနိုင်ရန် ဆက်လက်ထောက်ခံသွားမည်ဖြစ်ကြောင်း၊ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုယန္တရား တစ်ဆင့်ပို၍ ကြီးမားတိုးတက်လာစေရေးနှင့် ဒေသတွင်းနိုင်ငံများ အတူတကွ ခေတ်မီဖွံ့ဖြိုးတိုးတက်မှုဆီသို့ ချီတက်ရန် အင်အားများ စုစည်းသွားရေးတို့ကို အားပေးအားမြှောက်ပြုမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
မြန်မာနိုင်ငံဘက်မှ တရုတ်နိုင်ငံ၏ အထောက်အပံ့များကို အထူးပင် ကျေးဇူးတင်ရှိပါကြောင်း ပြောကြားကာ၊ စီမံကိန်းသည် ပူးပေါင်းသုတေသနပြုခြင်း၊ နှီးနှောဖလှယ်ခြင်း စသည့် နည်းလမ်းများမှတစ်ဆင့် မဲခေါင်-လန်ချန်း အဆင့်မြင့်ပညာတက္ကသိုလ်များ၏ သိပ္ပံနှင့်နည်းပညာ ပူးပေါင်းဖလှယ်ရေးလုပ်ငန်းများ ပိုမိုနက်ရှိုင်းလာရန် လုပ်ဆောင်သွားမည်ဟု ထုတ်ဖော်ပြောကြားခဲ့သည်။ စီမံကိန်းရလဒ်များကို အမှန်တကယ် လက်တွေ့အသုံးချနိုင်ရန်နှင့် မဲခေါင်-လန်ချန်းအဖွဲ့ဝင်နိုင်ငံများ၏ သိပ္ပံနှင့်နည်းပညာ အသစ်တဖန် တိုးတက်လာစေရန် မျှော်လင့်ပါကြောင်း ထည့်သွင်းပြောကြားခဲ့ပါသည်။

