Connect with us

Politics, Law & Military

ရခိုင်ပြည်နယ် အကြမ်းဖက် တိုက်ခိုက်မှု ဖြစ်စဉ် အပေါ် မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ်နိုင်ငံသံရုံး ထုတ်ပြန် ကြေညာ

မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံရုံး၏ အမှတ်အသားအား တွေ့ ရစဉ်(ဓာတ်ပုံ-Chinese Embassy in Myanmar)

ရန်ကုန် ၊ ဇန်နဝါရီ ၅ ရက်(ဆင်ဟွာ)

ရခိုင်ပြည်နယ် အကြမ်းဖက် တိုက်ခိုက်မှု ဖြစ်စဉ်ကို ပြင်းထန်စွာ ရှုတ်ချပြီး သေဆုံးသူများအပေါ် ဝမ်းနည်း ကြေကွဲ ရကြောင်း မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်နိုင်ငံသံရုံးမှ ယနေ့တွင် ထုတ်ပြန် ကြေညာခဲ့သည်။

တရုတ်ဘက်သည် မြန်မာဘက်၏ ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေး ထိန်းသိမ်းကာကွယ်ရန် အတွက် ကြိုးပမ်း ဆောင်ရွက်မှုများကို ထောက်ခံပြီး ပုံသဏ္ဌာန် မျိုးစုံသော အကြမ်းဖက် တိုက်ခိုက်မှုကို ပြတ်သားစွာ ဆန့်ကျင် ကန့်ကွက် ကြောင်း ထည့်သွင်း ထုတ်ပြန်ခဲ့သည်။ထို့အတူ သက်ဆိုင်ရာဘက်အသီးသီးမှ ကိုယ့်ပြုမူဆောင်ရွက်မှုကို ထိန်းချုပ်ကာ သက်ဆိုင်ရာ ပြဿနာများကို ဆွေးနွေး ညှိနှိုင်းခြင်းဖြင့် ဖြေရှင်းပြီး ရခိုင်ပြည်နယ် တည်ငြိမ်ရေးနှင့် လုံခြုံရေးကို အတူတကွ ထိန်းသိမ်း ကာကွယ်ရန် တိုက်တွန်းလိုကြောင်း ထုတ်ပြန်ခဲ့သည်။လွန်ခဲ့သော ရက်ပိုင်း အတွင်း မြန်မာနိုင်ငံ ရခိုင် ပြည်နယ် မြောက်ပိုင်းဒေသတွင် ရဲကင်း စခန်းများကို အကြမ်းဖက် တိုက်ခိုက်မှု ဖြစ်စဉ် ထပ်မံ ဖြစ်ပွားခဲ့ခြင်းကြောင့် လူများစွာ သေဆုံးခဲ့ရကြောင်း ထည့်သွင်း ထုတ်ပြန်ခဲ့သည်။(Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117