Connect with us

Politics, Law & Military

ရှီကျင့်ဖိန်က မြန်မာနိုင်ငံ နိုင်ငံတော်သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခံရသော ဦးမင်းအောင်လှိုင်အား ဝမ်းမြောက်ကြောင်းသဝဏ်လွှာပေးပို့

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် တရုတ်နိုင်ငံသို့ လာရောက်၍ ၂၀၂၅ ခုနှစ် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) ထိပ်သီးအစည်းအဝေး၊ တရုတ်ပြည်သူများ ဖက်ဆစ်ဂျပန် ခုခံတော်လှန်ရေးစစ်ပွဲနှင့် ကမ္ဘာ့ဖက်ဆစ်တော်လှန်ရေးစစ်ပွဲ အောင်နိုင်ခြင်း နှစ် ၈၀ ပြည့် အခမ်းအနားသို့ တက်ရောက်သော မြန်မာနိုင်ငံ ယာယီ သမ္မတ မင်းအောင်လှိုင် ထျန်းကျင်းမြို့ ဧည့်ဂေဟာတွင် ၂၀၂၅ ခုနှစ် ဩဂုတ် ၃၀ ရက် ညနေပိုင်းက တွေ့ဆုံဆွေးနွေးစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဧပြီ ၄ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က ဦးမင်းအောင်လှိုင်ထံသို့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၏ သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခံရခြင်းအတွက် ဝမ်းမြောက်ကြောင်း သဝဏ်လွှာကို ဧပြီ ၃ ရက်က ပေးပို့ခဲ့သည်။တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံသည် တောတောင်ရေမြေချင်းဆက်စပ်နေသည့် ချစ်ကြည်ရင်းနှီးသော အိမ်နီးချင်းနိုင်ငံများ ဖြစ်ကြပြီး နှစ်နိုင်ငံပြည်သူများ၏ ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးသည် အဓွန့်ရှည်ကြာ တည်ရှိကြောင်း ရှီကျင့်ဖိန်က ထောက်ပြ ပြောကြားခဲ့သည်။

နှစ်ဖက်အနေဖြင့် အတူတကွ အဆိုပြုခဲ့သည့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူကြီး (၅) ရပ်၏ စိတ်ဓာတ်ကို လက်ကိုင်ပြုလမ်းညွှန်မှုဖြင့် သဟဇာတဖြစ်သင့်မြတ်စွာ အတူယှဉ်တွဲနေထိုင်ကြပြီး အပြန်အလှန် ဖေးမကူညီခဲ့ကြကြောင်း၊ အဓိကအကျိုးစီးပွားနှင့် အရေးကြီးကိစ္စရပ်များတွင် အပြန်အလှန် အခိုင်အမာ ထောက်ခံအားပေးခဲ့ကြရာ ဆိုးတူကောင်းဖက်ဖြစ်သည့် တရုတ်-မြန်မာ အေးအတူပူအမျှ အသိုက်အဝန်း၏ နက်ရှိုင်းသော အနှစ်သာရကို အပြည့်အဝ ပြသခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ယမန်နှစ်က မိမိတို့ နှစ်ကြိမ်တွေ့ဆုံခဲ့ရာတွင် တရုတ်-မြန်မာ အေးအတူ ပူအမျှ အသိုက်အဝန်း အရှိန်မြှင့်တည်ဆောက်ရေးနှင့်စပ်လျဉ်း၍ အရေးကြီးသဘောတူညီချက်များ ရရှိခဲ့ရာ နှစ်ဖက် သက်ဆိုင်ရာဌာနများနှင့် ဒေသအာဏာပိုင်အသီးသီးက တက်ကြွစွာ အကောင်အထည်ဖော်လျက်ရှိကြောင်း၊ ယခုနှစ်သည် တရုတ်နိုင်ငံ၏ “၁၅ ကြိမ်မြောက် ငါးနှစ်စီမံကိန်း” အဖွင့်နှစ် ဖြစ်ပြီး မြန်မာနိုင်ငံအနေဖြင့်လည်း နိုင်ငံရေးအသွင်ပြောင်းမှုနှင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအဆင့်သစ်သို့ ဝင်ရောက်ခဲ့ကြောင်း၊ မိမိအနေဖြင့် တရုတ်-မြန်မာ ဆက်ဆံရေး တိုးတက်မှုကို အထူးအလေးထားရာ ရွေးကောက်တင်မြှောက်ခံ သမ္မတ ဦးမင်းအောင်လှိုင်နှင့်အတူ ကြိုးပမ်းကာ မဟာဗျူဟာညှိနှိုင်းဆွေးနွေးမှုများ မြှင့်တင်ရန်၊ နိုင်ငံရေးအရ အပြန်အလှန်ယုံကြည်မှု နက်ရှိုင်းစေရန်၊ တရုတ်-မြန်မာ အေးအတူပူအမျှ အသိုက်အဝန်း တည်ဆောက်ရေးကို စဉ်ဆက်မပြတ် နက်နက်ရှိုင်းရှိုင်းနှင့် ခိုင်ခိုင်မာမာရှိစေရေးကို ဦးဆောင်ရန်၊ နှစ်နိုင်ငံပြည်သူများ၏ အကျိုးကို ပိုမိုကောင်းမွန်စွာ သယ်ပိုးရန်၊ ဒေသတွင်းငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အကျိုးကို ပိုမိုဆောင်ရွက်ရန် ဆန္ဒရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။ ထိုနေ့တွင်ပင် တရုတ်နိုင်ငံ ဒုတိယ သမ္မတ ဟန်ကျိန့်က မြန်မာနိုင်ငံ၏ ရွေးကောက်တင်မြှောက်ခံရသော ဒုတိယသမ္မတ ဦးညိုစောနှင့် ဒေါ်နန်းနီနီအေးထံသို့ ဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့ခဲ့သည်။ (Xinhua)

———————————–
(Chinese Version)
习近平致电祝贺敏昂莱当选缅甸总统
新华社北京4月3日电 4月3日,国家主席习近平致电敏昂莱,祝贺他当选缅甸联邦共和国总统。
习近平指出,中国和缅甸是山水相连的友好邻邦,两国人民胞波情谊源远流长。双方在共同倡导的和平共处五项原则精神指引下和睦相处、守望相助,在涉及彼此核心利益和重大关切问题上坚定相互支持,充分彰显了同甘共苦的中缅命运共同体的深刻内涵。去年我们两次会晤,就加快推进中缅命运共同体建设达成重要共识,双方各部门各地方正在积极落实。今年是中国“十五五”开局之年,缅甸进入政治转型和国家发展新阶段。我高度重视中缅关系发展,愿同敏昂莱当选总统一道努力,加强战略沟通,深化政治互信,引领中缅命运共同体建设不断走深走实,更好造福两国人民,更多惠及地区和平与发展。
同日,国家副主席韩正向缅甸当选副总统纽梭、南尼尼埃致贺电。(完)
图说:2025年8月30日下午,国家主席习近平在天津迎宾馆会见来华出席2025年上海合作组织峰会和纪念中国人民抗日战争暨世界反法西斯战争胜利80周年活动的缅甸代总统敏昂莱。新华社记者 翟健岚 摄