Connect with us

Environment, Disasters & Accidents

မန္တလေးတိုင်းဒေသကြီး ပြည်ကြီးတံခွန် မြို ့နယ်၌ ယာဉ်တိုက်မှုကြောင့် လူ ၂ ဦး သေဆုံး

ပြည်ကြီးတံခွန် မြို့ နယ်၌ ယာဉ်တိုက်မှု ဖြစ်စဉ်အား တွေ့ ရစဉ်(ဓာတ်ပုံ - Ministry of Home Affairs, Myanmar)

ရန်ကုန် ၊ ဖေဖော်ဝါရီ ၈ ရက်(ဆင်ဟွာ)

မန္တလေး တိုင်းဒေသကြီး ပြည်ကြီးတံခွန် မြို့နယ် ၆၂ လမ်းနှင့် ကနောင်မင်းသားကြီးလမ်းဆုံ၌ ဖေဖော်ဝါရီ ၇ ရက်တွင် ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ရာ လူ ၂ ဦး သေဆုံးကာ ၄ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာနထံမှ သိရသည်။

ပြည်ကြီးတံခွန် မြို့နယ် ၆၂ လမ်းနှင့် ကနောင်မင်းသားကြီးလမ်းဆုံ၌ မီးပွိုင့်မီးပျက်နေစဉ် အရှေ့မှ အနောက်သို့ မောင်းနှင် လာသည့် ၁၂ ဘီးယာဉ်နှင့် မြောက်မှ တောင်သို့ မောင်းနှင်လာသည့် ၁၂ ဘီးယာဉ်တို့ ဝင်ရောက် တိုက်မိခဲ့ပြီး ၁၂ ဘီးယာဉ် တစ်စီးမှာ အရှိန်မထိန်းနိုင်ဘဲ ကနောင်မင်းသားကြီးလမ်း တောင်ဘက်ခြမ်း၌ ရပ်ထားသော ဆိုင်ကယ် ၄ စီး နှင့် လူနေအိမ် တစ်လုံး၏ အရှေ့ဘက်ခြမ်းအား လည်းကောင်း ၊ ၁၂ ဘီးယာဉ် တစ်စီးမှာ လူနေအိမ်၏ မြောက်ဘက်ခြမ်း နှင့် မီးပွိုင့်တို့အား လည်းကောင်း အဆင့်ဆင့် တိုက်မိခဲ့ကြောင်း သိရသည်။

ထိုယာဉ်တိုက်မှုကြောင့် ကနောင်မင်းသားကြီးလမ်း တောင်ဘက်ခြမ်း၌ ရပ်ထားသော ဆိုင်ကယ် ၂ စီးပေါ်မှ လူ ၂ ဦးသည် အခင်းဖြစ်ပွားရာ နေရာ၌ သေဆုံး သွားခဲ့ပြီး ၁၂ ဘီးယာဉ် ၂ စီးပေါ်မှ လူ ၄ ဦးမှာ ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။၁၂ ဘီးယာဉ် မောင်းနှင်သူ ယာဉ်မောင်း ၂ ဦးအား စက်မှုနယ်မြေရဲစခန်းမှ ပေါ့လျော့မှုကြောင့် လူသေမှု/ ပြင်းထန် နာကျင်စေမှုဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း သိရသည်။(Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117