Connect with us

Asia

တရုတ်နိုင်ငံ ရှင်းကျန်းဒေသ စည်ပင်ဝပြောတိုးတက်မှုကို ကမ္ဘာကြီးက မျက်မြင်တွေ့မြင်ရကြောင်း ပါကစ္စတန် အစိုးရအရာရှိ ဆို

တရုတ်နိုင်ငံ ရှင်းကျန်းဒေသ ထျန်းဆန်းတောင်တန်းများကြားတွင် ကွေ့ကောက်စွာတည်ရှိနေသော ရှင်းကျန်း ဝူးလူမုချီ-ဝေ့လီ အမြန်လမ်းကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၃ ရက်က တွေ့မြင်ရစဉ် (ဆင်ဟွာ)

အစ္စလာမ်မာဘတ်၊ မေ ၁၂ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ရှင်းကျန်းဒေသ စည်ပင်ဝပြောတိုးတက်မှုကို ကမ္ဘာကြီးက မျက်မြင်တွေ့မြင်ရကြောင်း၊ တရုတ်အမျိုးသားရေးအသိုက်အဝန်း အသိအမြင်သည် ရှင်းကျန်းဒေသရှိ ပြည်သူများ၏စိတ်နှလုံးတွင် အမြစ်တွယ်နေကြောင်း၊ တရုတ်ကွန်မြူနစ်ပါတီ၏ ဦးဆောင်မှုအောက်တွင် ရှင်းကျန်းဒေသ၏ အနာဂတ်သည် ပိုမိုသာယာလှပမည်မှာ မုချဖြစ်သည်ဟု ယုံကြည်ကြောင်း ပါကစ္စတန် ဝန်ကြီးချုပ် တရုတ်ရေးရာ အထူးကိုယ်စားလှယ် Zafar Uddin Mahmood က မကြာသေးမီက ပြောကြားခဲ့သည်။
ပါကစ္စတန်နိုင်ငံဆိုင်ရာ တရုတ်သံရုံးနှင့် ရာဝါပင်ဒီတရုတ်လူမျိုးများအသင်းတို့သည် မေ ၉ ရက်တွင် ပါကစ္စတန်နိုင်ငံ မြို့တော်အစ္စလာမ်မာဘတ်၌ “တရုတ်-ပါကစ္စတန် ချစ်ကြည်ရင်းနှီးမှု ၇၅ နှစ် – ရှင်းကျန်းဒေသ ဖွံ့ဖြိုးတိုးတက်မှု၊ အမျိုးသားရေးတိုးတက်မှု၊ အခွင့်အလမ်းအသစ်များ” အကြောင်းအရာဖြင့် ဆွေးနွေးပွဲကို အတူတကွကျင်းပခဲ့ရာ ပါကစ္စတန်နယ်ပယ်အသီးသီးမှ လူပုဂ္ဂိုလ်ပေါင်း ၂၀၀ ကျော် တက်ရောက်ခဲ့သည်။

Zafar Uddin Mahmood က အမှာစကားပြောကြားရာတွင် ရှင်းကျန်းဒေသ စီးပွားရေး လျင်မြန်စွာ တိုးတက်လာပြီး အခြေခံအဆောက်အအုံများ များစွာ တိုးတက်ကောင်းမွန်လာကာ အရှိန်အဟုန်မြင့် ဖွံ့ဖြိုးတိုးတက်မှုရှိလာကြောင်း၊ ရှင်းကျန်းဒေသသည် ပထဝီတည်နေရာ အားသာချက်ရှိပြီး ရထားလမ်း၊ ကားလမ်း တည်ဆောက်မှုကြောင့် ရှင်းကျန်းဒေသက ဒေသတွင်း အပြန်အလှန်ချိတ်ဆက်မှု ဖော်ဆောင်ရန် အားဖြည့်ပေးကာ ဒေသတွင်း အရေးကြီး လမ်းပန်းဆက်သွယ်ရေး ဆုံချက်ဖြစ်လာကြောင်း၊ ခါရာကိုရမ် အမြန်လမ်းသည် ပါကစ္စတန်-တရုတ်ချစ်ကြည်ရေး၏ ထွန်းတောက်သော စံနမူနာ ပို၍ပင်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ပိုမိုများပြားသော ပါကစ္စတန် အသိပညာရှင်၊ မီဒီယာလူပုဂ္ဂိုလ်၊ လူငယ်ကိုယ်စားလှယ်များက ရှင်းကျန်းဒေသသို့ သွားရောက်ကာ ရှင်းကျန်းဒေသအကြောင်း မိတ်ဆက်ပေး၍ ကမ္ဘာကြီးက ပိုမိုစစ်မှန်သော၊ ရုပ်လုံးကြွသော၊ ရှင်သန်စွမ်းအားများရှိသော သာယာလှပသည့် ရှင်းကျန်းဒေသအကြောင်း နားလည်သိရှိလာရန် မျှော်လင့်ကြောင်းလည်း Zafar Uddin Mahmood က ပြောကြားခဲ့သည်။
ရာဝါပင်ဒီတရုတ်လူမျိုးများအသင်း ဥက္ကဋ္ဌ Nasir Khan က တရုတ်နိုင်ငံ ဝေဂါလူမျိုးတစ်ဦးအနေဖြင့် ၎င်းသည် ကမ္ဘာကြီးထံသို့ စစ်မှန်သော ရှင်းကျန်းဒေသ အကြောင်းအရာ တင်ဆက်ဖော်ပြရန် တာဝန်ဝတ္တရားရှိကြောင်း၊ ယနေ့တွင် ရှင်းကျန်းဒေသသည် သမိုင်းဝင်ပြုပြင်ပြောင်းလဲမှုများ ဖြစ်ပွားနေကြောင်း၊ တိုင်းရင်းသားသွေးချင်းတို့က တူညီသောနေရာတွင် သဟဇာတဖြစ်စွာ အတူယှဉ်တွဲနေထိုင်ပြီး အပြန်အလှန် ချစ်ကြည်ရင်းနှီးကာ အတူတကွနေထိုင်လျက်ရှိကြောင်း၊ တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြံသည် “ရပ်ဝန်းနှင့် ပိုးလမ်းမ” အတူတကွတည်ဆောက်ခြင်း အထင်ကရစီမံကိန်းအနေဖြင့် ပါကစ္စတန်အတွက် တည်ငြိမ်မှု၊ စည်ပင်ဝပြောမှုနှင့် တံခါးဖွင့်လှစ်မှုများ သယ်ဆောင်လာပေးကြောင်း၊ ရှင်းကျန်းဟူသည့် အခွင့်အလမ်းများပြည့်နှက်နေသောဒေသသည် တရုတ်-ပါကစ္စတန် နှစ်နိုင်ငံအား ချိတ်ဆက်ပေးသည့် ပေါင်းကူးတံတားဖြစ်လာပြီး နှစ်နိုင်ငံလူငယ်ကေဒါများက စွန့်ဦးတီထွင်ရန်၊ ရည်မှန်းချက်အိပ်မက်များ ဖော်ဆောင်ရန်အတွက် ပလက်ဖောင်း ပံ့ပိုးပေးရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။
ပါကစ္စတန်နိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ကျန်းကျိုက်တုန်းက ခေတ်သစ်ပါတီ၏ ရှင်းကျန်းဒေသ စီမံခန့်ခွဲမှုဗျူဟာလမ်းညွှန်မှုဖြင့် ယနေ့တွင် ရှင်းကျန်းဒေသသည် လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ပြီး အမျိုးသားစည်းလုံးညီညွတ်တိုးတက်ကာ ပြည်သူများ သာယာချမ်းမြေ့စွာ လုပ်ကိုင်နေထိုင်လျက်ရှိသဖြင့် သမိုင်းအရ အကောင်းဆုံးကာလသို့ ရောက်ရှိလျက်ရှိကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ပါကစ္စတန်ဘက်နှင့်အတူ ခိုင်မာစွာ အပြန်အလှန်ထောက်ခံအားပေး၍ မိမိနိုင်ငံအခြေအနေနှင့် ကိုက်ညီသည့် ဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်း အတူတကွလျှောက်လှမ်းရန်၊ ကဏ္ဍစုံပူးပေါင်းဖလှယ်မှုများ နက်ရှိုင်းစေရန်၊ ခေတ်သစ် ပိုမိုနီးကပ်သည့် တရုတ်-ပါကစ္စတန် အေးအတူပူအမျှ အသိုက်အဝန်း တည်ဆောက်မှုကို အရှိန်မြှင့်ရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့သည်။
ပါကစ္စတန်ဘက်မှ အခမ်းအနားတက်ရောက်သော ဧည့်သည်တော်များက တရုတ်ကွန်မြူနစ်ပါတီ၏ ဦးဆောင်မှုအောက်တွင် ရှင်းကျန်းဒေသက ဘက်စုံဖွံ့ဖြိုးတိုးတက်မှု အောင်မြင်မှုများ ရရှိသည့်အပေါ် အထူး သုံးသပ်ချီးကျူးပြောကြားခဲ့ပြီး ပါကစ္စတန်-တရုတ် ပူးပေါင်းဖလှယ်မှုနှင့် သံမဏိပမာချစ်ကြည်ရေး ဆက်လက်နက်ရှိုင်းစေရေးအတွက် အကျိုးဆောင်မှုအသစ်များ လုပ်ဆောင်သွားလိုကြောင်း ပြောကြားခဲ့သည်။ (Xinhua)

——————-
(Chinese Version)
巴基斯坦官员:新疆繁荣发展世界有目共睹
新华社伊斯兰堡5月11日电(记者杨恺 张敬尧)巴基斯坦总理中国事务特别代表扎法尔·乌丁·马哈茂德日前表示,新疆繁荣发展世界有目共睹,中华民族共同体意识在新疆深入人心,相信在中国共产党的领导下新疆的未来必将更加美好。
中国驻巴基斯坦大使馆与拉瓦尔品第华人协会9日在巴首都伊斯兰堡共同举办“中巴睦邻75载:新疆发展、民族进步、崭新机遇”主题研讨会,200多名巴方各界人士参会。
扎法尔在致辞中说,新疆经济快速增长,基础设施得到极大改善,实现跨越式发展。新疆地理位置优越,铁路、公路建设助力新疆实现区域互联互通,成为地区重要交通枢纽,喀喇昆仑公路更是巴中友谊的光辉典范。
扎法尔说,希望更多巴基斯坦学者、媒体人士、青年代表能够走进新疆、宣传新疆,让世界了解一个更加真实、立体、鲜活的美丽新疆。
巴基斯坦拉瓦尔品第华人协会会长纳西尔·汗表示,作为一名中国维吾尔族人,他有义务向世界讲述真实的新疆故事。今天的新疆正经历历史性变革,各民族同胞在同一片土地上和谐共处、彼此友爱、共同生活。中巴经济走廊作为共建 “一带一路”的旗舰项目,为巴基斯坦带来了稳定、繁荣和开放。希望新疆这片充满机遇的热土成为连接中巴两国的桥梁,为两国青年干事创业、追求理想提供平台。
中国驻巴基斯坦大使姜再冬表示,在新时代党的治疆方略指引下,今天的新疆经济社会发展、民族团结进步、人民安居乐业,处于历史最好时期。中方愿同巴方相互坚定支持,共同走好符合本国国情的发展道路,深化各领域交流合作,加快构建新时代更加紧密的中巴命运共同体。
巴方与会嘉宾高度评价中国共产党领导下新疆取得的全面发展成就,表示愿为持续深化巴中交流合作和铁杆友谊作出新贡献。(完)
图说:新疆乌尉高速公路蜿蜒在天山中(2025年12月23日摄,无人机照片)。新华社记者 王菲 摄