Connect with us

China

ခေတ်ကာလမေးခွန်းများကို အတူတကွ ဖြေကြားရမည်ဟု ရှီကျင့်ဖိန် ဆို

ပေကျင်း၊ မေ ၁၄ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် တရုတ်နိုင်ငံသို့ နိုင်ငံတော်ခရီးစဉ်လာရောက်သည့် အမေရိကန်နိုင်ငံ သမ္မတ ထရမ့်နှင့် မေ ၁၄ ရက် နံနက်ပိုင်းတွင် တရုတ်နိုင်ငံ ပေကျင်းမြို့ရှိ ပြည်သူ့ခန်းမဆောင်၌ တွေ့ဆုံဆွေးနွေးခဲ့သည်။
ထိုသို့တွေ့ဆုံရာတွင် ရှီကျင့်ဖိန်က လက်ရှိ ရာစုနှစ်အခင်းအကျင်း အပြောင်းအလဲကြီးသည် အရှိန်မြင့် ဆင့်ကဲပြောင်းလဲလျက်ရှိရာ နိုင်ငံတကာအခြေအနေ ပြောင်းလဲရှုပ်ထွေးလျက်ရှိကြောင်း၊ ကမ္ဘာကြီးက လမ်းဆုံလမ်းခွ အသစ်သို့ ထပ်မံရောက်ရှိနေလျက်ရှိရာ တရုတ်-အမေရိကန်အနေဖြင့် “သုဇိတာထောင်ချောက် (Thucydides Trap)” ကို ကျော်လွန်၍ နိုင်ငံကြီးဆက်ဆံရေး စံနမူနာသစ် ဖန်တီးနိုင်မည်လော၊ ကမ္ဘာလုံးဆိုင်ရာစိန်ခေါ်မှုကို လက်တွဲရင်ဆိုင်၍ ကမ္ဘာကြီးအတွက် ပိုမိုများပြားသည့် သေချာရေရာမှုများ ဖြည့်တင်းပေးနိုင်မည်လော၊ နှစ်နိုင်ငံပြည်သူများ အကျိုးစီးပွားနှင့် လူသားမျိုးနွယ် အနာဂတ်ကံကြမ္မာကို အာရုံစိုက်ပြီး နှစ်နိုင်ငံဆက်ဆံရေး၏ သာယာလှပသော အနာဂတ်ကို အတူဖန်တီးနိုင်မည်လော၊ ယင်းတို့သည် သမိုင်း၏မေးခွန်း၊ ကမ္ဘာကြီး၏မေးခွန်း၊ ပြည်သူများ၏ မေးခွန်း ဖြစ်သလို နိုင်ငံကြီးခေါင်းဆောင်များက အတူတကွ ဖြေကြားရန်လိုအပ်သည့် ခေတ်ကာလမေးခွန်းများလည်းဖြစ်ကြောင်း ထောက်ပြပြောကြားခဲ့သည်။ (Xinhua)

——————
(Chinese Version)
习近平:共同书写时代答卷
新华社北京5月14日电 5月14日上午,国家主席习近平在北京人民大会堂同来华进行国事访问的美国总统特朗普举行会谈。
习近平指出,当前百年变局加速演进,国际形势变乱交织,世界又走到新的十字路口,中美能不能跨越“修昔底德陷阱”,开创大国关系新范式?能不能携手应对全球性挑战,为世界注入更多稳定性?能不能着眼两国人民福祉和人类前途命运,共同开创两国关系的美好未来?这些是历史之问、世界之问、人民之问,也是大国领导人需要共同书写的时代答卷。(完)