China
တရုတ်-အမေရိကန် ကုန်သွယ်စီးပွားဆက်ဆံရေး၏ မူရင်းအနှစ်သာရမှာ အပြန်အလှန် အကျိုးဖြစ်ထွန်းသော ဘုံအကျိုးစီးပွားဖော်ဆောင်ရန် ဖြစ်သည်ဟု ရှီကျင့်ဖိန် ပြောကြား
ပေကျင်း၊ မေ ၁၄ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် တရုတ်နိုင်ငံသို့ နိုင်ငံတော်ခရီးစဉ်လာရောက်သည့် အမေရိကန်နိုင်ငံ သမ္မတ ထရမ့်နှင့် မေ ၁၄ ရက် နံနက်ပိုင်းတွင် တရုတ်နိုင်ငံ ပေကျင်းမြို့ရှိ ပြည်သူ့ခန်းမဆောင်၌ တွေ့ဆုံဆွေးနွေးခဲ့သည်။
ထိုသို့တွေ့ဆုံရာတွင် ရှီကျင့်ဖိန်က ကုန်သွယ်သွယ်ရေးစစ်ပွဲတွင် အနိုင်ရသူမရှိသည်ကို လက်တွေ့ဖြစ်ရပ်မှန်များက အကြိမ်ကြိမ် သက်သေပြပြီးဖြစ်ကြောင်း၊ တရုတ်-အမေရိကန် ကုန်သွယ်စီးပွားဆက်ဆံရေး၏ မူရင်းအနှစ်သာရမှာ အပြန်အလှန်အကျိုးဖြစ်ထွန်းသော ဘုံအကျိုးစီးပွားဖော်ဆောင်ရန် ဖြစ်ကြောင်း၊ ကွဲလွဲမှုနှင့် ပွတ်တိုက်မှုများကို ရင်ဆိုင်ရာတွင် တန်းတူညီမျှ ဆွေးနွေးညှိနှိုင်းမှုကသာ တစ်ခုတည်းသော မှန်ကန်သည့် ရွေးချယ်မှုဖြစ်ကြောင်း၊ ယမန်နေ့က နှစ်ဖက် ကုန်သွယ်စီးပွားရေး ကိုယ်စားလှယ်အဖွဲ့များအနေဖြင့် ယေဘုယျအားဖြင့် ဟန်ချက်ညီ၍ အပြုသဘောဆောင်သော ရလဒ်များ ရရှိခဲ့ရာ နှစ်နိုင်ငံပြည်သူများနှင့် ကမ္ဘာကြီးအတွက်ပါ သတင်းကောင်းများ ဖြစ်ကြောင်း၊ လက်ရှိ ခဲယဉ်းစွာ ရရှိလာသည့် ကောင်းမွန်သည့်အရှိန်အဟုန်ကို နှစ်ဖက်အနေဖြင့် အတူတကွ ကာကွယ်ထိန်းသိမ်းသင့်ကြောင်း ထောက်ပြပြောကြားခဲ့သည်။ (Xinhua)
——————
(Chinese Version)
习近平:中美经贸关系的本质是互利共赢
新华社北京5月14日电 5月14日上午,国家主席习近平在北京人民大会堂同来华进行国事访问的美国总统特朗普举行会谈。
习近平指出,事实一再证明,贸易战没有赢家,中美经贸关系的本质是互利共赢,面对分歧和摩擦,平等协商是唯一正确选择。昨天,双方经贸团队达成了总体平衡积极的成果,对两国老百姓、对世界都是好消息。双方应一道维护好当前来之不易的良好势头。(完)
