Connect with us

Myanmar

မြန်မာနိုင်ငံတွင် သီတင်းပတ်တစ်ပတ်အတွင်း တရားမဝင်သစ် ၁၁၈ တန်ကျော် သိမ်းဆည်းရမိ

သိမ်းဆည်းရမိသော တရားမဝင်သစ်များကို တွေ့ရစဉ် (ဓာတ်ပုံ- MOI)

ရန်ကုန်၊ မေ ၁၅ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံတစ်ဝန်း၌ သီတင်းပတ်တစ်ပတ်အတွင်း တရားမဝင်သစ် ၁၁၈ တန်ကျော်ကို သိမ်းဆည်းရမိခဲ့ကြောင်း မေ ၁၅ ရက်ထုတ် နိုင်ငံပိုင် ကြေးမုံ နေ့စဉ်သတင်းစာ၏ ဖော်ပြချက်အရ သိရသည်။
မြန်မာနိုင်ငံ နေပြည်တော် ပြည်ထောင်စုနယ်မြေ၊ ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် မေ ၄ ရက်မှ ၁၀ ရက်အထိ ကျွန်းသစ် ၆၇.၉၇ တန်ကျော်၊ သစ်မာ ၁.၀၂ တန်ကျော်နှင့် အခြားသစ်အမျိုးအစား ၄၉.၃၃ တန်ကျော် သိမ်းဆည်းရမိခဲ့သည်ဟု သတင်း၌ ဖော်ပြထားသည်။

ထိုအတောအတွင်း အဆိုပါပြစ်မှုများနှင့် ဆက်စပ်နေသူ ကိုးဦးအား ဖမ်းဆီးအရေးယူခဲ့ကာ ယာဉ်နှင့် စက်ယန္တရား ငါးစီးတို့ကိုလည်း သိမ်းဆည်းရမိခဲ့သည်ဟု သတင်း၌ ဖြည့်စွက်ဖော်ပြထားသည်။
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန လက်အောက်ရှိ သစ်တောဦးစီးဌာနသည် ဒေသခံပြည်သူများ၏ ပူးပေါင်းပါဝင်မှုဖြင့် တရားမဝင်သစ်များ ရောင်းဝယ်ဖောက်ကားခြင်းကို ဥပဒေစိုးမိုးရေးဆိုင်ရာ စီမံဆောင်ရွက်ချက်မျိုးစုံဖြင့် တိုက်ဖျက်လျက်ရှိကြောင်း သိရသည်။ (Xinhua)
………………
(English Version)
Myanmar seizes over 118 tons of illegal timbers in week
YANGON, May 15 (Xinhua) — Myanmar authorities have seized over 118 tons of illegal timbers across the country in a week, the state-owned daily The Mirror reported on Friday.
From May 4 to 10, they confiscated over 67.97 tons of teak, over 1.02 tons of hardwood and over 49.33 tons of other types of timbers in the country’s regions, states and Nay Pyi Taw Union Territory, the report said.
During this period, nine offenders were charged in connection with the cases, along with the seizure of five vehicles and machines, it added.
The Forest Department under the Ministry of Natural Resources and Environmental Conservation is cracking down on illegal timber trade through various enforcement measures in collaboration with local communities, the report said. Enditem

 


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117