Connect with us

China

တရုတ်သံအမတ်နှင့် ယူကရိန်းတာဝန်ရှိသူများက နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု ခိုင်မာစေရန် ကြိုးပမ်း

တရုတ်နိုင်ငံ၏ အထွေထွေအကောက်ခွန်ဦးစီးဌာနကိုယ်စား ယူကရိန်းနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မာစိန်ခွန်း (ယာဘက်ဒုတိယ) နှင့် ယူကရိန်းနိုင်ငံ အစားအသောက်ဘေးကင်းရေးနှင့် စားသုံးသူကာကွယ်စောင့်ရှောက်ရေးဌာန အကြီးအကဲ Serhii Tkachuk (ဝဲဘက်ဒုတိယ) တို့က ယူကရိန်းနိုင်ငံ မြို့တော်ကိဗ်တွင် စာချုပ်စာတမ်းများ လက်မှတ်ရေးထိုးနေကြသည်ကို ၂၀၂၅ ခုနှစ် မတ် ၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကိဗ်၊ မေ ၁၆ ရက် (ဆင်ဟွာ)

ယူကရိန်းနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မာစိန်ခွန်းက ဒေသအာဏာပိုင်များနှင့် ပူးပေါင်းဆောင်ရွက်မှုအတွက် ဆွေးနွေးရန် ယူကရိန်းနိုင်ငံ အနောက်ပိုင်း Zakarpattia ဒေသသို့ သွားရောက်ခဲ့ကြောင်း ယူကရိန်းနိုင်ငံဆိုင်ရာ တရုတ်သံရုံးက မေ ၁၄ ရက်၌ ထုတ်ပြန်ခဲ့သည်။
မေ ၁၃ ရက်မှ ၁၄ ရက်အထိ နှစ်ရက်ကြာ သွားရောက်မှုအတွင်း မာ က ဒေသဆိုင်ရာအုပ်ချုပ်ရေးမှူး Myroslav Biletskyi နှင့် Uzhhorod မြို့တော်ဝန် Bohdan Andriyiv တို့နှင့် သီးခြားတွေ့ဆုံမှုများ ပြုလုပ်ခဲ့သည်။ ထိုတွေ့ဆုံမှုများအတွင်း နှစ်ဖက်စလုံးက တရုတ်-ယူကရိန်း ဆက်ဆံရေးနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ပြီး ကုန်သွယ်ရေး၊ စီးပွားရေး၊ ယဉ်ကျေးမှုနှင့် အခြားနယ်ပယ်များအတွက် ပူးပေါင်းဆောင်ရွက်မှုအခွင့်အလမ်းများကို ရှာဖွေလေ့လာခဲ့ကြကြောင်း သိရသည်။

Zakarpattia ဒေသ၏ ရင်းနှီးမြှုပ်နှံမှုအလားအလာနှင့် မိတ်ဖက်ဆက်ဆံရေးအတွက် ဦးစားပေးနယ်ပယ်များနှင့်ပတ်သက်၍ တရုတ်ကိုယ်စားလှယ်အဖွဲ့အား ယူကရိန်းဘက်က ရှင်းပြခဲ့ကြောင်း Biletskyi က Telegram တွင် ရေးသားခဲ့သည်။
ဒေသခံတာဝန်ရှိသူများကလည်း အဓိကကျန်းမာရေးစောင့်ရှောက်မှုစီမံကိန်းများနှင့် အဆိုပါဒေသတွင် သက်မွေးဝမ်းကျောင်းပညာ ခေတ်မီစေရေး အစီအစဉ်များအား တင်ပြခဲ့ကြသည်။
Uzhhorod အမျိုးသားတက္ကသိုလ်သို့ သွားရောက်မှုအတွင်း မာက နိုင်ငံတကာဆက်ဆံရေးနှင့် ဆက်စပ်ပညာရပ်များကို အထူးပြုလေ့လာနေကြသည့် ကျောင်းသားကျောင်းသူများအား “လူသားမျိုးနွယ်အတွက် အေးအတူပူအမျှအသိုက်အဝန်း တည်ဆောက်ခြင်း” ခေါင်းစဉ်ဖြင့် သင်ခန်းစာ ပို့ချခဲ့ကြောင်း သိရသည်။  (Xinhua)
………………
(English Version)
Chinese ambassador, Ukrainian officials seek to strengthen bilateral ties, cooperation
KIEV, May 15 (Xinhua) — Chinese Ambassador to Ukraine Ma Shengkun visited Ukraine’s western Zakarpattia region to discuss cooperation with regional authorities, the Chinese Embassy in Ukraine said on Thursday.
During the two-day visit from Wednesday to Thursday, Ma held separate meetings with Regional Governor Myroslav Biletskyi and Uzhhorod Mayor Bohdan Andriyiv, during which both sides discussed China-Ukraine relations and explored opportunities for cooperation in trade, economy, culture and other areas.
Biletskyi wrote on Telegram that the Ukrainian side briefed the Chinese delegation on Zakarpattya’s investment potential and priority areas for partnership.
Local officials also presented key healthcare projects and plans to modernize vocational education in the region.
During his visit to Uzhhorod State University, Ma delivered a lecture to students majoring in international relations and related fields on the theme of “building a community with a shared future for humanity.” ■
English Caption
Chinese Ambassador to Ukraine Ma Shengkun (2nd R), on behalf of China’s General Administration of Customs, inks the documents with Serhii Tkachuk (2nd L), head of the State Service of Ukraine on Food Safety and Consumer Protection, in Kiev, Ukraine, on March 6, 2025. (Xinhua/Li Dongxu)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117