Connect with us

China

တရုတ်တစ်နိုင်ငံတည်းမူဝါဒကို အဇာဘိုင်ဂျန်နိုင်ငံက အခိုင်အမာထောက်ခံကြောင်း လွှတ်တော်အမတ် ပြောကြား

အဇာဘိုင်ဂျန်နိုင်ငံ မြို့တော်ဘာကူရှိ ကက်စပီယံပင်လယ် ကမ်းရိုးတန်းဧရိယာ၏ မြင်ကွင်းတစ်ခုကို ၂၀၂၄ ခုနှစ် နိုဝင်ဘာ ၁၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဘာကူ၊ မေ ၁၈ ရက် (ဆင်ဟွာ)

တရုတ်တစ်နိုင်ငံတည်းမူဝါဒကို အဇာဘိုင်ဂျန်နိုင်ငံအနေဖြင့် အခိုင်အမာ ထောက်ခံပြီး တရုတ်နိုင်ငံ၏ ပြည်တွင်းရေးတွင် ဝင်ရောက်စွက်ဖက်မှုများအား ဆန့်ကျင်ကန့်ကွက်ကြောင်း အဇာဘိုင်ဂျန်အမျိုးသားလွှတ်တော်ရှိ အဇာဘိုင်ဂျန်-တရုတ် လွှတ်တော်ဆိုင်ရာ အပြန်အလှန်ဆက်ဆံရေး လုပ်ငန်းအဖွဲ့ ခေါင်းဆောင် Soltan Mammadov က ပြောကြားလိုက်သည်။

ခွဲထွက်ရေးလှုပ်ရှားမှုများမှာ နိုင်ငံတကာ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးအတွက် ပြင်းထန်သော ခြိမ်းခြောက်မှုဖြစ်ကြောင်း၊ အဇာဘိုင်ဂျန်နိုင်ငံအနေဖြင့် နိုင်ငံများ၏ အချုပ်အခြာအာဏာကို လေးစားလိုက်နာကာ ခွဲထွက်ရေးလှုပ်ရှားမှုပုံစံအားလုံးကို ပြတ်ပြတ်သားသားရှုတ်ချကြောင်း Mammadov က ဆင်ဟွာသတင်းဌာနနှင့် အင်တာဗျူး၌ အလေးထားပြောကြားခဲ့သည်။
အဇာဘိုင်ဂျန်နိုင်ငံအနေဖြင့် “ထိုင်ဝမ် ခွဲထွက်‌ရေး” အား ထောက်ခံသော မည်သည့်လှုပ်ရှားမှုကိုမဆို ကန့်ကွက်ကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)

………………
(English Version)
Azerbaijan firmly backs one-China policy, MP says
BAKU, May 18 (Xinhua) — Azerbaijan firmly supports the one-China policy and opposes interference in China’s internal affairs, Soltan Mammadov, leader of the Azerbaijan-China interparliamentary relations working group in the National Assembly, has said.
Stressing that separatism poses a serious threat to international peace and security, Mammadov said in an interview with Xinhua that Azerbaijan respects the sovereignty of states and resolutely condemns all forms of separatism.
Azerbaijan rejects any moves in support of “Taiwan independence,” he said. ■
English Caption
This photo taken on Nov. 14, 2024 shows a view of a coastal area on the Caspian sea in Baku, capital of Azerbaijan. (Xinhua/Cao Yang)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117