Connect with us

Agriculture

ပြင်ဦးလွင်မြို့ ပန်းပွဲတော် ဒီဇင်ဘာလ ၁၅ ရက်နေ့ ကျင်းပမည်

ပြင်ဦးလွင်မြို့ ရှိ အမျိုးသား ကန်တော်ကြီး ဥယျာဉ် အား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ရန်ကုန်၊ ဒီဇင်ဘာ ၃ ရက် (ဆင်ဟွာ)

မန္တလေးတိုင်း ဒေသကြီး ပြင်ဦးလွင်မြို့ အမျိုးသား ကန်တော်ကြီးတွင် နှစ်စဉ် ပြုလုပ်လျက် ရှိသော ပန်းပွဲတော် ကို ယခုနှစ် ဒီဇင်ဘာလ ၁၅ ရက်မှ စတင်၍ ကျင်းပ ပြုလုပ်မည် ဖြစ်ပြီး ရာသီဥတု သာယာပါက ၂ဝ၁၆ ခုနှစ် ဧပြီလထိ ဆက်လက် ပြသသွားမည် ဖြစ်ကြောင်း အမျိုးသား ကန်တော်ကြီး ဥယျာဉ် အုပ်ချုပ်ရေးမှူးရုံး တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။

လက်ရှိတွင်မှု ဥယျာဉ်အတွင်း၌ ပန်း စိုက်ပျိုး ပြင်ဆင်မှုများ ဆောင်ရွက် နေဆဲဖြစ်ကြောင်း သိရသည်။

ယခုနှစ် ပြုလုပ်မည့် အမျိုးသား ကန်တော်ကြီး ဥယျာဉ် ပန်းပွဲတော် ပြပွဲတွင် ဒေသခံများ အတွက် ဒေသ ထွက်ကုန်များ၊ ဆွယ်တာ အထည်များ၊ လက်မှုပစ္စည်းများ၊ အမှတ်တရ ပစ္စည်းများ ပါဝင်ရောင်းချ နိုင်ရေးအတွက် ဆိုင်ခန်း ၁၂ ခန်းကို အရောင်းပြခန်း ကဏ္ဍ တစ်ရပ် အနေဖြင့် ထည့်သွင်း စီစဉ်သွား မည်ဖြစ်ကြောင်း သိရသည်။

ယခုအကြိမ် ကျင်းပပြုလုပ်မည့် ပန်းပွဲတော်သည် (၁ဝ) ကြိမ်မြောက် ပွဲတော်ဖြစ်ပြီး အမျိုးသား ကန်တော်ကြီး ဥယျာဉ်သို့ ပြည်တွင်းပြည်ပ ခရီးသွား ဧည့်သည်များလည်း လည်ပတ်မှုများကြောင်း သိရသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117